ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ယခုတစ်ပတ်အတွင်း သောင်းနဲ့ချီထပ်မံပြန်ဝင်လာမည်
တစ်ရက်ကို (၂၀၀၀)ဝန်းကျင်ခန့်ပြန်လက်ခံဖို့အတွက် ထိုင်းအစိုးရနှင့်ညှိနှိုင်းနေတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ COVID 19 ရောဂါဂယက်ကြောင့် ဒီတစ်အတွင်းမှာ မြန်မာနိုင်ငံကို သောင်းဂဏန်းနဲ့ချီ ပြန်လည်ဝင်ရောက်လာတော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ညနေပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်ကနေ့တစ်ဆင့် အသိပေးပြောကြားခဲ့ပါတယ်။ ဧပြီလ (၃၀)ရက်နေ့နောက်ပိုင်းမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကိုပြန်လည်လက်ခံသွားမယ်လို့ ထုတ်ပြန်ထားတဲ့အတိုင်း ဧပြီလ (၃၀)ရက်နေ့မှာ မြဝတီ-မဲဆောက်နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပြီး မေလ (၁)ရက်နေ့ကစလို့ ပြည်ပကပြန်လာသူတွေကို သေချာစိစစ်ပြီး လက်ခံသွားမှာပါလို့ မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်အောင်က ပြောပါတယ်။ ပြန်လည်ဝင်ရောက်လာသူတွေကတော့ သောင်းနဲ့ချီရှိမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က တစ်ရက်ကို (၂၀၀၀)နီးပါးလောက်ပဲ လက်ခံမယ်။ ဝင်လာတဲ့သူတွေကိုလည်း တန်းစီခိုင်းတာတွေ၊ ကျန်းမာရေးစစ်ဆေးမှုတွေသေချာလုပ်သွားမှာပါ။ ထိုင်းဘက်ကလည်း လိုအပ်တဲ့စာရွက်စာတမ်းလုပ်တာတွေ၊ ကျန်းမာရေးစစ်ဆေးမှုလုပ်တာတွေလည်းရှိတော့တစ်ရက်တည်းတော့ စုပြုံမဖြစ်နိုင်ဘူး။ အခုတော့ကျွန်တော်တို့လည်း ထိုင်းဘက်နဲ့ညှိနေပါတယ်” လို့ ဦးသန့်စင်အောင်က ပြောပါတယ်။ပြည်ပကနေ မြန်မာနိုင်ငံကိုပြန်ဝင်လာတဲ့သူ အားလုံး … Read more
ပြတ်စဲကာနီး ချစ်သူတွေမှာ မသိမသာနဲ့ ရှိနေတတ်တဲ့ လက္ခဏာရပ်များ
ချစ်မိတဲ့အခါမှာတော့ လူတိုင်းက ဘဝတစ်သက်တာလုံး လက်တွဲသွားချင်ကြတာပါပဲ။ ဒါပေမယ့် လူတွေရဲ့ သဘာဝအရ အချစ်တွေနဲ့ စခဲ့ပေမယ့် အဆင်မပြေတာတွေ ဖြစ်လာတဲ့အခါနဲ့ အကြောင်းအမျိုးမျိုးကြောင့် မဆုံနိုင်တော့ပဲ လမ်းခွဲကြရတာလည်း ရှိပါတယ်။ လမ်းခွဲတယ်ဆိုတာကို လူတိုင်းနီးပါးက ကြုံတတ်ကြပါတယ်။ လမ်းခွဲသွားတဲ့ သူတွေမှာတော့ လမ်းမခွဲကြခင်မှာ အခုလို လက္ခဏာလေးတွေ ရှိနေတတ်ပါတယ်။ (၁) ဝတ်ကျေတန်းကျေ စကားတွေ ပြောနေတတ်တယ် သင်တို့ နှစ်ယောက်က ချစ်လို့ လက်တွဲခဲ့ကြတာ မှန်ပေမယ့် စကားပြောတာ တဖြည်းဖြည်း အေးစက်လာတဲ့ အခြေအနေကို ခံစားမိမှာပါ။ စကားတွေ အေးစက်လာသလို ပြောတဲ့အခါမှာ အသက်မပါပဲ ဝတ်ကျေတန်းကျေပဲ ပြောဖြစ်နေတတ်ကြပါတယ်။ အဆင်မပြေတာကို ခံစားမိနေကြပေမယ့် အခုလိုပဲ အချိန်အတော်ကြာကြာ အဆင်မပြေလျက်နဲ့ ဟန်ဆောင်ပြီး အဆင်ပြေနေသယောင် ဖြစ်နေတတ်ပါတယ်။ (၂) တစ်ယောက်နဲ့ တစ်ယောက် … Read more
ငယ်ကျိုးငယ်နာဖော်ပွဲကြီးကိုကျင်းပမယ့်အကြောင်း ပရိသတ်တွေကို အသိပေးလာတဲ့ ညိုမင်းလွင်
လတ်တလောမှာဖြစ်ပေါ်နေတဲ့ Covid-19 ရောဂါပိုး ပြန့်ပွားနေမှုကြောင့်ပြည်သူတွေ Stay Home နေနေရချိန်မှာ ပရိသတ်တွေရဲ့ အချစ်တော် အနုပညာရှင်တွေက ပရိသတ်တွေ မပျင်းရလေအောင် တတ်နိုင်တဲ့ဘက်ကနေပြီး ဖျော်ဖြေရေးတွေကို လုပ်ဆောင်ပေးနေခဲ့ကြပါတယ်။ လတ်တလောမှာလည်း ပရိသတ်တွေရဲ့ အချစ်တော် ဒါရိုက်တာညိုမင်းလွင်က ပရိသတ်တွေအပျင်းပြေစေဖို့ အစီအစဉ်လေးတစ်ခုပြုလုပ်ဖို့ ရှိတဲ့ အကြောင်း ပရိသတ်တွေကို အသိပေးပြောကြားလာခဲ့ပါတယ်။ ဒီအစီအစဉ်လေးမှာတော့ ပရိသတ်တွေရဲ့ အချစ်တော်တွေဖြစ်တဲ့ မင်းသားချော ပြေတီဦး၊ သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက်၊ သရုပ်ဆောင် ဒါရိုက်တာ ညိုမင်းလွင်တို့သူငယ်ချင်း(၃)ယောက်ကပါဝင်မှာဖြစ်ပြီး Online ငယ်ကျိုးငယ်နာဖော်ပွဲကြီး လို့ ညိုမင်းလွင်က ပရိသတ်တွေကို အခုလိုပဲအသိပေးလာခဲ့တာပါ။”မနက်ဖြန်နေ့လည် ကိုပေါက် vs ပြေတီဦး vs ညိုမင်းလွင် Online ငယ်ကျိုးငယ်နာဖော်ပွဲကြီး” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားခဲ့တာပါ။ ပြေတီဦးနဲ့ ညိုမင်းလွင်တို့ … Read more
ကိုဗစ်လူနာများ ထားရှိကုသမည့် ဖောင်ကြီးဆေးရုံတွင် အမှိုက်မီးရှို့စက်နှင့် မီးသဂြိင်္ုလ်စက်တည်ဆောက်ပြီးစီး…
ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်-ဖောင်ကြီး) တွင် အမှိုက်မီးရှို့စက်နှင့် မီးသဂြိင်္ုလ်စက်တည်ဆောက်ပြီးစီးပြီဖြစ်ရာ ဧပြီ ၂၈ ရက်နေ့တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောကြားသည်။ အမှိုက်မီးရှို့စက်တွင် ရိုးရိုးအမှိုက်များသာမက ဆေးရုံသုံးစွှန့်ပစ်ပစ္စည်းကဲ့သို့ အမှိုက်များကိုလည်း မီးရှို့ဖျက်စီးနိုင်မည်ဖြစ်သည်။ထို့အပြင် ကိုဗစ်-၁၉ ရောဂါလူနာများ မတော်တဆုံးပါးသွားပါက မီးသဂြိုဟ်နိုင်ရန်အတွက် မီးသင်္ဂြိုလ်စက်ကိုလည်း ဧပြီ ၃ ရက်နေ့မှ စတင်တည်ဆောက်ခြင်းဖြစ်ပြီး စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါအမှိုက်မီးရှို့စက်ကို ဒီဇယ်လောင်စာအသုံးမည်ဖြစ်ပြီး တစ်နာရီလျှင် အမှိုက်တန်ချိန် သုည ဒသမ နှစ်တန်မီးရှို့နိုင်ကြောင်း ဒေါက်တာ အောင်မြင့်မော်က ဆက်လက်ပြောကြားသည်အဆိုပါအမှိုက်များကို မီးရှို့ရာမှ ထွက်လာသည့်ပြာများကို ၁၀ ပေပတ်လည်ရှိကန်ထဲထည့်ကာ အနည်ထိုင်စေပြီး မီးခိုးငွေ့များကို ကျောက်မီးသွေးမှတစ်ဆင့် ကယ်ဆီယံကာဗွန်နိတ်အဆင့်ဆင့်ဖြတ်ပြီး သန့်စင်သည့်လေအဖြစ်လေထုထဲသို့ ရောက်သွားမည်ဖြစ်ကြောင်း ဒေါက်တာအောင်မြင့်မောင်က ဆိုသည်ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးဆေးရုံ (ယာယီ) တွင် … Read more
အခြေခံလူတန်းစားတွေကို နိုင်ငံတော်က ဒုတိယအကြိမ်ထောက်ပံ့မည်
ရန်ကုန်တိုင်းအတွင်းမှာတော့စာရင်းကောက်ယူနေပါပြီ။COVID 19 ရောဂါဖြစ်ပွားစဉ်ကာလအတွင်းမှာ နိုင်ငံအတွင်း အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးအဆင်ပြေအောင် နိုင်ငံတော်က ပထမအကြိမ်အဖြစ် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။ ယခုအခါမှာ ဒုတိယအကြိမ် ထောက်ပံ့ပေးသွားဖို့ အစီအစဉ်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ စာရင်းကောက်ယူနေပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်ကပြောပါတယ်။ အခုက စာရင်းကောက်ယူနေတဲ့ ကာလဖြစ်ပါတယ်။ စာရင်းကောက်ယူနေဆဲကာလဖြစ်လို့ အခုဒုတိယအကြိမ်ထောက်ပံ့မယ့် စာရင်းမှာ အိမ်ထောင်စုဘယ်နှစ်ခုရှိမလဲဆိုတာမသိသေးသလို ထောက်ပံ့မယ့် ပစ္စည်းစာရင်းပြောဖို့ကလည်း အချိန်စောလွန်းနေပါသေးတယ်။ ပထမအကြိမ်ထောက်ပံ့တုန်းက စာရင်းကောက်ရာမှာ မပါတဲ့သူတွေလည်းရှိလို့ အခု ဒုတိယအကြိမ်မှာတော့ လိုအပ်ချက်တွေကိုကြည့်ပြီး အကောင်းဆုံးလုပ်နေတယ်” လို့ ဒေါ်မိုးမိုးစုကြည်ကပြောပါတယ်။ နိုင်ငံတော်အနေနဲ့ ပထမအကြိမ် ထောက်ပံခဲ့စဉ်က ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်စားတဲ့ စားသောက်ကုန် (၅)မျိုးကို ထောက်ပံ့ခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ်ထောက်ပံ့စဉ်အချိန် စာရင်းကောက်ယူရာမှာ ရသင့်တဲ့သူတွေမပါခဲ့တဲ့ … Read more
တေးသံရှင်မျိုးကြီးကိုဗစ်ရောဂါပိုးပထမအကြိမ် Negative ဖြစ်သွားကြောင်း လူမှုကွန်ယက်ထက်မှာ ပျံ့နှံ့
Covid 19 ရောဂါပိုး ပထမအကြိမ် စစ်ဆေးရာမှာ Negative ဖြစ်သွားတဲ့ အဆိုတော်မျိုးကြီး နဲ့ ဇနီး တို့အတွက် သတင်းကောင်းလေး ကတော့ ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ လာပါတယ်။ IronCross အဖွဲ့ရဲ့ နှစ်သုံးဆယ်ပြည့် နေ့လေးမှာ ဒီလို သတင်းကောင်းတွေကြားရတဲ့အတွက် သူ့ရဲ့ပရိသတ်တွေကတော့ ၀မ်းသာမဆုံးဖြစ်နေကြရပါတယ်။ Covid 19 ရောဂါပိုးတွေ့ရှိသူတွေနဲ့ ဘာသာရေးအခမ်းအနားကို အတူတူတက်‌ရောက်ခဲ့ရာမှာ အဆိုတော်မျိုးကြီးလည်း ပါဝင်ခဲ့တာကြောင့် Covid19 Positive လူနာအဖြစ် ယခုလ ၁၃ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။အတည်ပြုလူနာအဖြစ်ကြေငြာပြီး (၁၄) ရက်အကြာမှာတော့ အဆိုတော်မျိုးကြီးကို ပထမအကြိမ် စစ်ဆေးရာမှာ Negative ဖြစ်သွားပြီလို့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ UNICODE Covid 19 ရောဂါပိုး ပထမအကြိမ် စစ်ဆေးရာမှာ Negative … Read more
ကိုဗစ် သံသယလူနာရဲ့လိမ်လည်ပြောဆိုမှုကြောင့် Q ဝင်သွားရတဲ့ ပရဟိတ သူရဲကောင်း (၄) ဦး
ခတ်ကျွဲမှန်ရင်တော့ ဂျိုရာမကင်းပါဘူး…သူရဲကောင်း မဲပေါက်ပါပြီ.. ဒါပေမဲ့ ဆုတောင်းနေပါတယ်.. ဆုတောင်းပေးကြပါ…ကျွန်တော်တို့ သွားရောက် သယ်ဆောင်ကူညီပေးခဲ့သော {မြို့နယ်နှင့် လူနာနာမည် မပြောလိုပါ} လူနာ၌ COVID-19 လက္ခဏာ ၅ ချက်တွေ့ရှိရပါသည်.. ဆေးရုံမှာပါ (ဆေးရုံနာမည်မတပ်လိုပါ).. ဆေးရုံက ဆရာဝန်ညွှန်ကြားသလို ကျွန်တော်အပါဝင် သူရဲကောင်း ၄ ဦးကို သီးခြားခွဲထားပါပြီ…လူနာဆီမှာသာ ပိုးတွေ့ရှိတာသေချာလျှင် ကျွန်တော်တို့ကယ်ဆယ်ရေးသမား ၄ ဦး Q ဝင်ရပါတော့မယ်.. ခုတော့ သီးခြားနေရာလေးတစ်ခုမှာ သီးသန့်နေနေရပါပြီ…သူ့ဆီမှာ ပိုးမတွေ့ပါစေနဲ့သာ ဆုတောင်းနေရပါသည်.. အလုပ်တွေ လုပ်စရာတွေ အများကြီးရှိနေ ကျန်နေချိန်မှာ ဘာမှ မလုပ်နိုင်တော့မှာကို စိုးရိမ်ပါတယ်… မိမိကိုယ်မိမိ စိတ်မပူပါ.. ဒီအခြေနေမျိုးတွေ ကြုံတွေ့ရင်ဆိုင်ရမယ်ဆိုတာကို ကြိုတွေးထားပြီးသားပါ.. ကယ်ဆယ်ရေးသမားဘဝကို စတင်မိချိန်ကတည်းက မိမိကိုယ်မိမိ သရဏဂုံ တင်ထားပြီးသားပါ.. အလုပ်တွေ မလုပ်နိုင်ပဲ … Read more
မကွေးမြို့ရဲ့ ပထမဆုံးလူနာနံပါတ်(၅၃) နှစ်ကြိမ်ဆက်တိုက် negative ပြနေ
မကြာမီဆေးရုံမှဆင်းခွင့်ရနိုင်တော့မှာဖြစ်ပါတယ်။မကွေးမြို့မှာ ပထမဆုံးဆုံး COVID 19 အတည်ပြုလူနာ နံပါတ်(၅၃)ကို ဆေးစစ်ဆေးရာမှာ နှစ်ကြိမ်ဆက်တိုက် negative ပြနေတယ်လို့ သိရပါတယ်။ အဆိုပါ လူနာနံပါတ်(၅၃)ဟာ အသက်(၃၁)နှစ်အရွယ် အမျိုးသားဖြစ်ကာ ထိုင်းကနေ မကွေးကို ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး Quarantine ဆောင်ရွက်ထားစဉ်အတွင်းမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးက ပောပါတယ်။ မတ်လ(၂၉)ရက်နေ့က ထိုင်းကနေပြန်လာတယ်။ မတ်လ(၃၀) ရက်နေ့မှာပဲ မကွေးရောက်တာနဲ့ ချက်ချင်း Quarantine ထားရှိလိုက်တာ။ မနေ့က ဆေးစစ်ဆေးချက် အဖြေက Negative ပြတယ်။ ဒါက ဒုတိယအကြိမ်ပြတာပါ။ပြီးခဲ့တဲ့ တစ်ပတ်လောက်က ပထမအကြိမ် negative ပြခဲ့တယ်။ လက်ရှိမှာ လူနာရဲ့ ကျန်းမာရေးကလည်း ဖျားတာ၊ နာတာမရှိဘူး အားလုံးကောင်းမွန်နေတယ်ဆိုတော့ မကြာခင်ဆေးရုံက ဆင်းခွင့်ရနိုင်ဖို့ အလားအလာတွေရှိပါတယ်” လို့ ဦးကျော်ဌေးက ပြောပါတယ်။ … Read more
အသက်(၁၇) နှစ်ကစလို့ ဘဝဖြတ်သန်းမှု ကြမ်းတမ်းခဲ့တဲ့အကြောင်းတွေ ရင်ဖွင့်လာတဲ့ဇေရဲထက်
အလုပ်ကြမ်းတွေ လုပ်ခဲ့ရတာလည်း အများကြီးပါပဲ။ဇေရဲထက်ဟာ သူများဆိုင်မှာ ဆံပင်ညှပ်အလုပ်သမားဘဝကနေ အခုလို အနုပညာရှင်တစ်ယောက် ဖြစ်လာတဲ့ ဘဝဖြတ်သန်းမှုတွေကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။ သရုပ်ဆောင် ဇေရဲထက်ကတော့ သရုပ်ဆောင်တစ်ယောက်မဖြစ်ခင်က ဖြတ်သန်းခဲ့ရတဲ့ ဘဝအစိတ်အပိုင်း တွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ ငယ်စဉ်ကတည်းက အဘွားဖြစ်သူနဲ့ နေထိုင်ခဲ့တာ ဖြစ်ပြီး အသက်ငယ်ပေမယ့်လည်း မိသားစုအတွက် ဘဝကို စတင်ရုန်းကန်ခဲ့ရတဲ့ အချိန်တွေရှိခဲ့တယ်လို့ ဆိုပါတယ်။ “မိသားစုအဆင်မပြေတဲ့အချိန်မှာ ကိုယ့်ကြောင့်လည်းစိတ်မညစ်စေချင်သလို အဘွားအိမ်မှာလည်း အပူကပ်ပြီးမနေချင်ခဲ့ဘူးလေ။ အိမ်ပေါ်ကဆင်းပြီး ဆံပင်ညှပ်ဆိုင်မှာအလုပ်လုပ်တယ် လစာမဲ့တစ်ရက် (၅၀၀) အဆင်မပြေ ကာစတန်မာတွေပေးတဲ့မုန့်ဖိုးလေးတွေစုပြီး တစ်သောင်းရရင်အတိုးပေးစားတယ်။ ရတဲ့ အတိုးလေးတွေကို စုရင်းဆိုင်ကယ် ဝယ်ပြီး ကယ်ရီငှားစားတယ် တစ်ရက် (၄၅၀၀)တစ်လကို (၁၃၅၀၀၀)အာ့လိုနဲ့စုခဲ့ရတယ်။ အသက် (၁၇) နှစ်အရွယ်မှာ သက်ကယ်တွေ ရောင်းခဲ့တယ်။ အာ့အရွယ်က လူငယ်လေးတွေ … Read more