တောသားလို့အခေါ်ခံရတိုင်း ငယ်ဘဝကို လွမ်းတယ်ဆိုတဲ့ ပိုင်တံခွန်

ခမောက်ကြီးဆိုတဲ့ တောရွာလေးမှာ မွေးဖွားခဲ့သူပါ။ပိုင်တံခွန်ဟာ ခမောက်ကြီးတောရွာလေးမှာကျင်လည်ခဲ့ရတဲ့ သူ့ရဲ့ ငယ်ဘဝအမှတ်တရလေးတွေကို ပြောပြလာပါတယ်။ပိုင်တံခွန်ဟာ ငယ်ဘဝ ဖြတ်သန်းခဲ့တဲ့ အမှတ်တရလေးတွေကို ပြန်လည်ပြောပြလာခဲ့ပါတယ်။ သူက ပြည့်ပြည့်စုံစုံ မနေခဲ့ရတဲ့ မိသားစုဘဝလေးကနေ ဖြတ်သန်းလာရသူ ဖြစ်ပေမယ့် စိတ်ဓာတ်မကျတဲ့အကြောင်း သူက ပြောပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာ အဖေအမေကိုကန်တော့ဖို့ အမေ့အိမ်သွားရင်း ငယ်တုန်းက ပုံလေးတွေ အမှတ်တရ ရှာခဲ့တာ။ အဲဒီအချိန်က‌တော့ ခမောက်ကြီးဆိုတဲ့ တောရွာလေးပေါ့ ။ ဒါကြောင့် ကျွန်တော့်ကို တောသားလို့‌ခေါ် တိုင်း ငယ်ဘဝကို လွမ်းလို့ အမြဲတမ်း ပြုံးမိတယ်။ အခုတော့ ကျွန်တော်ကြီးပြင်းတဲ့ဒေသလေးက လမ်းတွေ ကောင်းပြီး ပိုလို့တောင်နေချင်စရာကောင်းတဲ့ ခမောက်ကြီးမြို့လေးဖြစ်နေပြီ။ မပြည့်စုံတဲ့ ဘဝကိုပိုင်ဆိုင်ထားလို့ စိတ်မရှုပ်နဲ့နော် အားလည်းမငယ်နဲ့ အရာရာပြည့်စုံနေတဲ့ဘဝထက် မပြည့်စုံတဲ့ဘဝကို ပြည့်စုံအောင်ဖြည့်ဆည်းရတဲ့ဘဝက ရှင်သန်ရတာပိုပြီးတန်ဖိုးရှိပါတယ်။ Fighting” ဆိုပြီးတော့ … Read more

ယနေ့တွေ့ရှိသည့် Covid လူနာများထဲက (၄) ဦးမှာ အင်းစိန်ဘာသာရေးပွဲမှ ဆက်စပ်သူများဖြစ်

ယနေ့မနက် ၁၀ နာရီအချိန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ထပ်တိုးတွေ့ရှိရသည့် Covid-19 ကူးစက်ခံရလူနာအမှတ် ၈၉(Case 89)၊ ၉၀(Case 90) ၊ ၉၁(Case 91) တို့ ၃ ဦးမှာ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ် ဇီဇဝါအိမ်ယာနေသူများဖြစ်ကြောင်း ၊ အင်းစိန်ဘာသာရေးဆုတောင်းပွဲကိစ္စနှင့် ဆက်စပ်သော ထပ်တိုးလူနာများဖြစ်ကြောင်း သိရသည်။ တောင်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သစ်သစ်မြင့်က “ဇီဇဝါအိမ်ယာကပါပဲ။ အင်းစိန်အဆက်ပါ။ အိမ်နံပါတ် ၂၄ ပါ။ မိသားစုဝင်တွေပါပဲ” ဟု ပြောသည်။ လက်ရှိတွင် အင်းစိန်ဖြစ်စဉ်နှင့် ပတ်သက်၍ ဇီဇဝါဥယျာဉ်အိမ်ယာမှ စုစုပေါင်း ၉ ဦးမှာ Covid-19 ကူးစက်ခံထားရပြီဖြစ်ကြောင်း သိရသည်။ဒေါ်သစ်သစ်မြင့် က “တိုက်ကတော့တစ်တိုက်တည်းပဲ။ အခန်းကတော့ ၂၄ နဲ့ ၃၂ ။ ၂ … Read more

သတင်းကောင်းပါ လူနာအမှတ်-၈၂ တူရကီပြန်နှင့်ထိတွေ့ခဲ့သူ အားလုံး Negative ပါ

သတင်းကောင်းပါ။ လူနာအမှတ်-၈၂က “ကျွန်မ နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင်အားလုံး ရပ်ကွက်လူကြီး၊ ရပ်ကွက်ကျန်းမာရေး ဆရာမများ အကုန်ဆေးစစ်အဖြေ Negative ပါ။ စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ” လို့ သူမရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားလိုက်တာပါ။ လူနာအမှတ်-၈၂ ရဲ့ မိသားစုဝင်များ၊ ထိတွေ့မှုရှိခဲ့သည့် သူနာပြုဆရာမများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၂၀ကျော်လောက်ကို မန္တလေးမှာ Facility Quarantine အနေဖြင့် ထားရှိခဲ့တာ ဖြစ်ပါတယ်။မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှ အသက် ၃၈ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် (၈၂) က တူရကီနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူဖြစ်ပါတယ်။ သူမက ရန်ကုန်မြို့မှာ ၁၄ ရက်ကြာ အသွားအလာကန့်သတ် စောင့်ကြည့်မှုခံယူခဲ့ပြီး မန္တလေးမြို့ရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိမှ အနံ့အရသာပျောက်ဆုံးမှုကြောင့် ရပ်ကွက်ကျန်းမာရေးဌာနကို အကြောင်းကြားပြီး မိမိသဘောနဲ့ … Read more

Remdesivir ဆေးဟာ Covid-19 ကို ပျောက်အောင် ကုသနိုင်ပြီလားဆိုတဲ့ နောက်ကွယ်က အကြောင်းတရားများ

(Remdesivir) ဆေးကထွက်နေတာကြာပါပြီ။ (Ebola)အတွက်လုပ်ထားတာပါ။ ဒါပေမဲ့မအောင်မြင်ခဲ့ပါဘူး။ ဆေးတစ်ကယ်စွမ်းသလား၊ မစွမ်းဘူးလားဆိုတာတော့ ကျွန်တော်ပြောဖို့စောနေပါသေးတယ်။ ဒါပေမယ့် ဆေးထုတ်တဲ့ (Gilead) ကုမ္မဏီကတော့ ချီကာဂိုတက္ကသိုလ်နဲ့ပေါင်းပြီးကြံလိုက်တာကုမ္မဏီရဲ့ အစုရှယ်ယာဈေးတွေတော်တော်လေးကို ခုန်တက်သွားပါတယ်။ (USA) ကုမ္မဏီတချို့တွေရဲ့ရှယ်ယာတွေလဲ ဈေးတက်လာပါတယ်။ဒီဆေးကို (Chicago) မှာစမ်းသပ်တယ်ဆိုတာကလဲ၊ ဆေးထုတ်တဲ့ကုမ္မဏီကပဲ (sponsor) ပိုက်ဆံထုတ်ပေးပြီး၊ စိတ်ကြိုက်ပုံစံရေးဆွဲကာ၊ လိုချင်တဲ့အဖြေမရရအောင် (Control Group) မပါပဲနဲ့ စမ်းသပ်လိုက်တာဆိုတော့၊ အမေရိကန်ပိုင် (Gilead)ကုမ္မဏီက၊ သူ့ရဲ့ကုမ္မဏီအစုရှယ်ယာဈေး (Stock Share)တွေဈေးတက်လာအောင် (Chicago)တက္ကသိုလ်နဲ့ပေါင်းကာ ပွဲလန့်တုံးဖျာဝင်ခင်းလိုက်ပြီး ဈေးကစားလိုက်တာလဲဖြစ်နိုင်ပါတယ်။ ကုမ္မဏီတစ်ခုဟာ ကိုယ်ထုတ်တဲ့ဆေးတစ်မျိုးကို၊ ကိုယ့်စိတ်ကြိုက်အဖြေတစ်ခုရလာအောင်၊ တက္ကသိုလ်တွေဆေးရုံတွေကို ကိုယ်တိုင်စီမံပိုက်ဆံပုံပေးပြီး (Placebo Control Group) မပါပဲနဲ့ လုပ်ခိုင်းတယ်ဆိုတော့ အဖြေကသူတို့လိုချင်တဲ့အတိုင်းပဲထွက်လာမယ်ဆိုတာဟာ ရာနှုန်းပြည့်ကြိုတွက်ထားလို့ရပါတယ်။ ကိုယ့်ငါးချဉ်ကို၊မချဉ်၊ ချဉ်အောင်ရပ်ကွက်လူကြီးကို ပိုက်ဆံပုံပေးပြီး အလွန်ချဉ်ကြောင်း ရုံးထောက်ခံစာရေးခိုင်းသလိုပါပဲ။ နောက်တစ်ခုက၊ ဒီ … Read more

လူ တစ်ထောင်ကျော် ကိုရိုနာ စစ်ဆေးနိုင်တဲ့ ရောဂါစမ်းသပ်ကိရိယာတွေ ကိုရီးယားက မြန်မာကိုလှူ

လူ တစ်ထောင်ကျော်လောက်ကို စမ်းသပ်ပေးနိုင်တဲ့ ကိုဗစ်ရောဂါရှာဖွေစမ်းသပ်ရေးကိရိယာ Test kit တွေကို ကိုရီးယားနိုင်ငံက ပေါ်စကိုအင်တာနေရှင်နယ်က မြန်မာအစိုးရကို ဒီကနေ့ ဧပြီ ၁၈ ရက်မှာ လှူဒါန်းခဲ့ပါတယ်။ကိုဗစ်-၁၉ ကူးစက်ရောဂါဆိုင်ရာ အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့တဲ့ ထဲက မိတ်ဖက်များရဲ့ ကူညီပံ့ပိုးမှုဆိုတဲ့ စကားနဲံအညီ အခုလို Test kit တှေကို ကူညီထောက်ပံ့တာ ဟာ မိတ်ဖက်ဆက်ဆံရေးအောင်မြင်မှုပုံစံတစ်ခုဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။ တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအများဆုံးထိပ်ပိုင်းနိုင်ငံတချို့မှာ ကနဦးပါခဲ့ပေမယ့် သူ့ရဲ့ များများစစ်၊ မြန်မြန်ဖော်ထုတ်တဲ့ ဗျူဟာကြောင့် အချိန်တိုအတွင်း ဗိုင်းရပ်စ် ဖြစ်ပွားမှုမြင့်တက်နေတာကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါ့အပြင် နည်းပညာအရရော ငွေကြေးပိုင်းအရပါ ပြည့်စုံတဲ့အတွက် ရောဂါရှာဖွေစမ်းသပ်ဖို့Test kit တွေကို အချိန်တိုအတွင်း များများထုတ်နိုင်ခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ Test … Read more

ရန်ကုန်တွင် အောက်ပါမြို့နယ် (၇) ခုမှ ပြည်သူများ အိမ်ပြင်မထွက်ရအမိန့် ဝန်ကြီးထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမိန့်အမှတ်၊ ၃၈/၂၀၂၀ ၁၃၈၂ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် (၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၈ ရက်) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။ ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 – COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် အချို့သောမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။ ၂။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်ပါမြို့နယ်များတွင် … Read more

Covid – 19 ကြောင့် ဖခင်ကြီး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေကို ဖြေရှင်းလာတဲ့ တေးရေး စောခူဆဲ

Covid – 19 ကူးစက်ခံရတဲ့ လူနာတွေက အခုဆိုရင် ပြည်တွင်းမှာတင် အယောက်ပေါင်း (၉၀) ကျော်နေပြီပဲ ဖြစ်ပါတယ်။ Covid – 19 ကြောင့် သေဆုံးသွားသူ လူနာ စုစုပေါင်း (၅) ဦးရှိပြီး ဒီကနေ့မနက် (၂)နာရီကျော်မှာ ကွယ်လွန်သွားတဲ့ အသက် (၇၈) နှစ်အရွယ် အမျိုးသားဟာ တေးရေး စောခူဆဲရဲ့ ဖခင်ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။ ထိုသတင်းတွေနဲ့ ပက်သတ်ပြီး တေးရေးစောခူဆဲက ပရိသတ်တွေ စိတ်ရှင်းရအောင် အခုလိုပဲ ဖြေရှင်းထားတာကို တွေ့ရပါတယ်။ “ဒီမနက်အစောပိုင်း ၂ နာရီလောက်မှာ ဆုံးသွားတဲ့ covid လူနာနဲ့ ကျွန်တော့ရဲ့ ကွယ်လွန်သူဖခင်ကြီးနဲ့ ဘာမှမဆိုင်ပါဘူး။ အဖေကလွန်ခဲ့တဲ့ (၆)လလောက်ထဲက လူကြီး ဝေဒနာခံစားနေရတာပါ။ ဒီမနက် … Read more

ကိုဗစ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ လိမ်ညာခဲ့ကြောင်း တရုတ်ဝန်ခံပြီ

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ကူးစက်ရောဂါဟာ ယနေ့အချိန်ထိ နိုင်ငံတိုင်းကို သက်ရောက်လွှမ်းမိုးနေဆဲဖြစ်ပြီး၊ သက်ဆိုင်ရာ အစိုးရအသီးသီးကလည်း ၎င်းတို့ တက်နိုင်တဲ့ အကောင်းဆုံးဖြေရှင်းနည်းတွေနဲ့ ကြိုးပမ်းနေကြပါတယ်။ အခုလည်း ရောဂါအစပြုခဲ့တဲ့ တရုတ်နိုင်ငံမှာ ကိုဗစ်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို-လိမ်ညာခဲ့ကြောင်း အာဏာပိုင်တွေဝန်ခံခဲ့တယ်လို့ AFP က ဆိုပါတယ်။ သူတို့ ထုတ်ပြန်တဲ့ သေဆုံးစာရင်းဟာ အမှန်အတိုင်းမဟုတ်ဘဲ၊ တကယ်တမ်းက (၅၀)%ပိုပြီးများတယ်လို့ သောကြာနေ့မှာ ဆိုခဲ့တာပါ။ သတင်းမီဒီယာတွေမှာတော့ တရုတ်ဟာ ကိုဗစ်နဲ့ပတ်သက်ပြီး အစောဆုံးခံခဲ့ရပေမယ့် အမေရိကန်၊ ဥရောပနဲ့ နှိုင်းစာရင် အခြေအနေ သိပ်မဆိုးသယောင် တွေ့ခဲ့ရပါတယ်။ ဒီလိုပဲ အမေရိကန်နဲ့ ဥရောပမှာ ကူးစက်အား အလွန်ကောင်းနေချိန် သူတို့က ကိုဗစ်ကို ထိန်းချုပ်နိုင်ပြီဆိုပြီး သတင်းတွေ လွှင့်ခဲ့တာပါ။ AFP မှာ ဖော်ပြချက်အရ ဝူဟန်ရှိ ရောဂါထိန်းချုပ်ရေးစင်တာဌာနချုပ်ရဲ့ဆိုရှယ်မီဒီယာပို့စ်မှာ ပြီးခဲ့တဲ့ရက်က ဝူဟန်မြို့မှာတင် … Read more

ကလေးမြို့က COVID-19 ဒုတိယမြောက်လူနာ အမျိုးသမီးအိမ်မှာမနေပဲလမ်းတွေပါ ထွက်ခဲ့သောကြောင့် ရပ်ကွက်နဲ့ လမ်း‌တွေပါပိတ်ပစ်ခဲ့ရ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ COVID -19 ရောဂါ ဒုတိယမြောက်အတည်ပြု အမျိုးသမီး လူနာရဲ့ နေအိမ်အနီးဝန်းကျင် ရပ်ကွက်နဲ့ လမ်း‌တွေကို ဧပြီ ၁၇ ရက်နေ့ ည ၉:၀၀ နာရီက စတင်ပြီး အသွားအလာကန့်သတ်လိုက်ပါတယ်။ “ဒီအမျိုးသမီးကလည်း နေအိမ်စောင့်ကြည့်နဲ့ထားတဲ့ အမျိုးသမီးပဲ။ပထမ တီးတိန်လူနာနဲ့ ဆက်စပ်တာပါ။ ဘာဖြစ်လို့ လမ်းတွေပိတ်ပစ်ရတာလဲဆိုတော့ အဲ့ဒီအမျိုးသမီးက အိမ်မှာမနေဘဲ လမ်းတွေ ထွက်ခဲ့လို့ ပိတ်ပစ်တာ” လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ အသွားအလာကန့်သတ်သော နယ်မြေတွေအဖြစ် တောင်ဖီလာရပ်ကွက်၊ ဂေါက်ကွင်းလမ်း ( အ.ထ.က-၂ လမ်း) ပေါ်ရှိ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းထိပ်ကနေ ချယ်ရီလမ်းထိပ်အထိ၊ အမှတ်‌ ၅ လမ်း လမ်းသွယ်နဲ့ ပိုးတွေ့ရှိသူရဲ့ အိမ်နောက်ကျောဘက် အ.လ.က ၂ ကျောင်းဝင်းတို့ကို အသွားအလာကန့်သတ်တဲ့ … Read more

သေပြီဟု သတ်မှတ်ခံရသည့် အမျိုးသမီး ဈာပနပြင်ဆင်နေတုန်း အခေါင်းထဲမှ ပြန်လည်နိုးထလာ

ပါရာဂွေးနိုင်ငံသူ အမျိုးသမီးတစ်ယောက်ဟာ သေဆုံးပြီလို့ ကြေညာခံရပြီးမှ အလောင်းထည့်တဲ့အိတ်ထဲမှာ ပြန်နိုးလာတဲ့အခါ အံ့သြတုန်လှုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့မိသားစုက သူမသေဆုံးပြီဖြစ်ကြောင်း သတင်းကြားရတဲ့အခါမှာ ဂလက်ဒီ ရိုဒရီဂတ် ဒူအာတီကို ဈာပနအခမ်းအနားအတွက် ပြင်ဆင်ထားခဲ့ကြတာပဲ ဖြစ်ပါတယ်။ စနေနေ့ကပဲ လက်ထပ်ထားတဲ့မိခင် ရိုဒရီဂတ်ဇ် ဒူအာတီဟာ သွေးပေါင်တွေတက်နေတဲ့အတွက် ကိုရိုနယ် အိုဗီဒိုမြို့က ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ သူမဟာ အသက် ၅၀ရှိပြီလို့ Mail Online သတင်းမှာ ဖော်ပြထားပေမယ့်လည်း အမှန်တကယ်က ၄၆နှစ်ပဲ ရှိပါသေးတယ်။ ရောက်လို့မှ ၂နာရီကြာပဲ ရှိသေး၊ ဆေးရုံက သူမရဲ့ ခင်ပွန်းသည်နဲ့ သမီးဖြစ်သူထံကို ရိုဒရီဂတ်ဇ် ဒူအာတီ သေဆုံးပြီဖြစ်ကြောင်း အတည်ပြုပြောကြားလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဈာပန်ခန်းမက ဝန်ထမ်းတစ်ယောကပ်က အလောင်းကို သယ်ချတဲ့အခါမှာ အလောင်းအိတ်ထဲမှာ လှုပ်ရှားနေတာကို တွေ့လိုက်ရတယ်လို့ … Read more