ဒေါက်တာ ဆာဆာ မှ ယနေ့ UN ကို တရားဝင်တောင်းဆိုလိုက်တဲ့ အချက် ၄ ချက်
ဒေါက်တာ ဆာဆာ မှ ယနေ့ UN ကို တရားဝင်တောင်းဆိုလိုက်တဲ့ အချက် ၄ ချက် “သို့ အထွေထွေအတွင်းရေးမှူးချုပ်, မြန်မာနိုင်ငံရှိ အခြေအနေနှင့် စက်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူရန် ဗြိတိန်၏ တောင်းဆိုမှုအရ အရေးတကြီး စာရေးလိုက်ခြင်း ဖြစ်ပါသည်။ စစ်တပ်သည် စစ်အာဏာ တည်မြဲစေရန် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား သတ်ဖြတ်ခြင်း အပါအဝင် အကြမ်းဖက်မှုတွေကို ဆက်လက်ပြီး ကျူးလွန်နေပါသည်။ စစ်တပ်သည် အသက်ရှင်သန်ခွင့်၊ လွတ်လပ်စွာ စုရုံးပိုင်ခွင့်၊ မတရားဖမ်းဆီးခြင်း သို့မဟုတ် ချုပ်နှောင်ခြင်းကို ခုခံပိုင်ခွင့် နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် အပါအ၀င် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်နေပါသည်။ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော မြန်မာလူမျိုးများသည် ကြီးမားသော ရဲစွမ်းသတ္တိကို … Read more
“မေမေ့ကို မထိနဲ့နော်” ဒုညွှန်မှူးရဲ့ ဇနီးကို စစ်မေးစရာရှိသည်ဟုပြော၍ အတင်းဝင်ရောက် ဆွဲခေါ်သည့်မှတ်တမ်း(ရုပ်သံ)
မေမေ့ကို မထိနဲ့နော် သားမေမေ့ကို ဆုံးရှုံးရမှာကြောက်လွန်းလို့ စိုးရိမ်တကြီးနဲ့ရှိုက်ငင်တောင်းပန်သံတွေကို လျစ်လျူရှုနေကြမှန်း သိပါတယ်မေမေ့ကို မထိနဲ့နော် သားကငယ်သေးတော့ လူကြီးတွေလို စကားလုံးတွေအများကြီးမပြောတတ်၊မစဉ်းစားတတ်သေးပေမဲ့ လုံခြုံတဲ့မေမေ့ရင်ခွင်ကနေခွဲခွာရတော့မှာကိုတော့ သိနေပါပြီမေမေ့ကို မထိနဲ့နော် သားမေမေကိုထိခိုက်အောင်လုပ်တိုင်း သားရဲ့အပြစ်မရှိဖြူစင်တဲ့ငယ်ဘဝမှာ စိတ်ဒါဏ်ရာတွေဖြစ်သွားတာ ကိုယ်ချင်းစာပေးပါဦးဗျာမေမေ့ကို မထိနဲ့နော် သားမေမေမှာဘာခုခံကာကွယ်စရာမှမရှိပေမဲ့သားသမီးတွေအတွက်တော့ ကြင်နာတတ်တဲ့ နှလုံးသားနဲ့ လက်တစ်စုံရှိပါသေးတယ်မေမေ့ကို မထိနဲ့နော် သားမေမေသင်ပေးထားတာအမှန်တရားနဲ့လူတစ်ယောက်က ရဲရဲရင့်ရင့်နဲ့သတ္တိရှိရမယ်တဲ့မေမေ့ကို မထိနဲ့နော် သားမေမေပြောပြဖူးတယ်လောကမှာအရေးအကြီးဆုံးက အမှားနဲ့အမှန်ကိုခွဲခြားနိုင်တဲ့အသိဉာဏ်ပညာတဲ့မေမေ့ကို မထိနဲ့နော် မိဘချင်းသားသမီးချင်းကိုယ်ချင်းစာစိတ်လေးထားပြီး သားတို့ရဲ့မိသားစုလေးကိုမဖျက်ဆီးလိုက်ပါနဲ့ဗျာ မေမေ့က လူကောင်းပါ သားကိုမေမေပြောပြဖူးတာ လူဆိုးကြီးတွေကပဲဖမ်းခံရတာတဲ့သားမေမေက သူများကိုနာကျင်အောင်လုပ်ဖို့နေနေ သားကိုတောင်လက်နဲ့တစ်ခါမှမရွယ်ဖူးပါဘူးဗျာကျေးဇူးပြုပြီး မေမေ့ကို မဖမ်းသွားပါနဲ့နော် သား တောင်း ပန် ပါ တယ် ဗျာမေမေမြဘုန်းဆင့် ခေတ်သစ်မေမေ ဒီစာလေးက မိခင်ကိုဆုံးရှုံးရမှာကြောက်လွန်းလို့မျက်ရည်တွေကြားထဲက အားတင်းပြီး သတ္တိအပြည့်နဲ့ကာကွယ်ပေးနေတဲ့ သားလေးရဲ့ရင်ထဲကခံစားချက်တွေအတွက်ပါ ကျမ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုမှရင်ထဲမကောင်းပါဘူး။မိသားစုတွေပြန်လည် … Read more
မြန်မာတပ်မတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ထိုင်း အင်ဒိုနီးရှားတို့ ဆွေးနွေးမှုမှာကြိုတင်စီစဉ်မှုမရှိဟု ဆိုသော်လည်း ထိုင်း၏ ကမ်းလှမ်းချက်အရဟု သိရ
စစ်အင်အားဖြင့် အာဏာသိမ်းယူခြင်းကြောင့် မြန်မာနိုင်ငံ၌ ၃-ပတ်ကြာမျှ အကြီးအကျယ် မငြိမ်သက်မှုများကို ဒေသတွင်း အင်အားများအကူအညီဖြင့် အဆုံးသတ်ရန်အားထုတ်သည့်အနေဖြင့် တပ်မတော်အစိုးရ၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သော နိုင်ငံခြားရေးဝန်ကြီး_ဦးဝဏ္ဏမောင်လွင် သည် ထိုင်းနိုင်ငံသို့ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၄) ၌ သွားရောက်လည်ပတ်ခဲ့ကြောင်း၊ အင်ဒိုနီးရှား-ထိုင်းနိုင်ငံတို့မှ အဆင့်တူပုဂ္ဂိုလ်များနှင့် ဆွေးနွေးခဲ့ရာ တပ်မတော်နှင့် ပြည်ပအစိုးရတို့အကြား ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သည်ဟု Channel News Asia က ယမန်နေ့ရေးသားသည်။ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အရပ်ဘက်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား အင်အားအသုံးပြု၍ ဖယ်ရှားခြင်းကြောင့် နိုင်ငံအတွင်း ဆူညံစွာသဘောထားကွဲလွဲမှုများနှင့် ကန့်ကွက်ဆန္ဒပြမှုများနေစဉ်ဖြစ်ပေါ်နေချိန်တွင် မြန်မာ့တပ်မတော်သည် နိုင်ငံတကာ၏ အပြစ်တင် ဝေဖန်မှုမုန်တိုင်းနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီ အနေဖြင့် အာဏာသိမ်းခြင်းခံထားရသည့်နိုင်ငံသို့ ချက်ချင်းသွားရောက်မည် မဟုတ်ကြောင်း ကြေညာချက်ထွက်ပေါ်လာသော်လည်း မြန်မာဘက်စာရွက်စာတမ်း ပေါက်ကြားမှုများက အင်ဒိုဝန်ကြီး ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ဖော်ပြလျှက်ရှိသည်။ ထိုနောက် … Read more
CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာအထူးသံတမန်ဖြစ်လာသော ဒေါက်တာဆာဆာအကြောင်း
အလွန်စိတ်ဝင်စားလေးစားဖွယ်ကောင်းတဲ့ ဒီသူရဲကောင်းလူငယ်ရဲ့ဘဝဖြတ်သန်းမှုနဲ့သူရဲ့လုပ်ဆောင်ချက်တစ်စွန်းတစ်စကိုလေ့လာကြည့်မယ်ဆိုရင်ဒေါက်တာဆာဆာဖြစ်မည့် တစ်နှစ်မှ တစ်ခါသာ ရေချိုးဖူးတဲ့ လိုင်းလင်းပီရွာက ကလေးလေးကိုလည်း ဒေါက်တာဖြစ်မည်လို့ သူ့အဖေက ပြောတုန်းက ရွာကလူတွေက သူ့ကို အရူးလို့ ထင်ပြီး ဝိုင်းကြည့်ဖူးတယ်။ရုပ်ဝတ္ထုတွေကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ ဒေသတစ်ခုမှာ ပညာတတ်တွေရှိလား။ ရှိရင် အဲဒီနေရာရဲ့ အနာဂါတ်ကို သွားပြီး ဟောကိန်းမထုတ်လေနဲ့။ ဘာမဆို ဖြစ်သွားနိုင်တယ်။ ဒေါက်တာဆာဆာ လေသံအတိုင်း ယူပြောရရင်“The greatest gift we can give to the younger generation is education. They will be able to do so many things. Just watch – we will change … Read more
အကြမ်းဖက်မှု လှုံ့ဆော်ခြင်းနဲ့ ထိခိုက်မှုဖြစ်အောင် စုစည်းကြံစည်ခြင်းတို့ကြောင့်MRTV နှင့် MRTV Live စာမျက်နှာတို့ကို Facebook က ဖယ်ရှား
အကြမ်းဖက်မှုနဲ့ အားပေးလှုံ့ဆော်မှု မူဝါဒစံနှုန်းတွေကို ဖောက်ဖျက်ပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ သတင်းအာဘော်တွေကို ဖော်ပြနေတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား MRTV နဲ့ MRTV Live စာမျက်နှာတို့ကို ဒီနေ့ ဖေ့စ်ဘွတ်ခ် ဆိုရှယ်မီဒီယာပလက်ဖောင်းကနေ ဖယ်ရှားလိုက်ပါတယ်။ဒါနဲ့ပတ်သက်လို့ “ကမ္ဘာတဝန်းလုံးဆိုင်ရာ မူဝါဒတွေနဲ့အညီ Facebook မှာ တားမြစ်ထားတဲ့ အကြမ်းဖက်မှုနဲ့ အားပေးလှုံ့ဆော်မှု မူဝါဒအပါအဝင် လူမူစံနှုန်းတွေကို ထပ်ကာထပ်ကာ ဖောက်ဖျက်မှုတို့ကြောင့် MRTV နဲ့ MRTV Live စာမျက်နှာတွေကို Facebook ကနေ ဖယ်ရှားလိုက်ပါတယ်” လို့ ဖေ့စ်ဘွတ်ခ် ကုမ္ပဏီရဲ့ အာရှပစိဖိတ်ဒေသ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ပြည်သူ့‌ရေးရာ မူဝါဒဆိုင်ရာ ဒါရိုက်တာ Rafael Frankel (ရာဖယ်လ် ဖရန်ကယ်လ်)က ထုတ်ပြန်ပြောကြားပါတယ်။ဖေဖော်ဝါရီ ၂၁ ရက်နေ့တုန်းကလည်း တပ်မတော်ရဲ့ သတင်းတွေကို အစဉ်တစိုက် … Read more
မြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်သည်မှာမိမိတို့ မဟုတ်ဟုမြန်မာနိုင်ငံရဲတပ်ဖွဲ့ ငြင်းဆို
နေပြည်တော် တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုဖြစ်စဉ်အတွင်း သေဆုံးခဲ့ရသော မြသွဲ့သွဲ့ခိုင်၏အလောင်းကို စစ်ဆေးချက်အရ ဦးခေါင်းထဲတွင် တွေ့ရှိရသည့်အရာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် အသုံးပြုသည့် လက်နက်ခဲယမ်း မဟုတ် ကြောင်း ရဲတပ်ဖွဲ့က ငြင်းဆိုလိုက်သည်။ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော် သပြေကုန်း ဗိုလ်ချုပ်ကြေးရုပ်အနီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများကို ပစ် ခတ်ဖြိုခွဲခဲ့ရာ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်မှာ ဦးခေါင်းကို ကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ယနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ သတင်းစာတချို့၌ ရဲတပ်ဖွဲ့က ဖြေရှင်းထားခြင်းဖြစ်ပြီး နေပြည်တော် အဓိကရုဏ်းအတွင်း သေဆုံးသူ မြသွဲ့သွဲ့ခိုင်အား ရင်ခွဲစစ်ဆေးချက်အရ ဦးခေါင်းတွင် တွေ့ရှိရသော ပစ္စည်းအစမှာ အလျား ၁ စင်တီမီတာ၊ အနံ … Read more
မနေ့က ပစ်သတ်ခံလိုက်ရတဲ့ ရွှေပြည်သာ က ကင်းစောင့် ဦးလေးကြီးရဲ့ ၅ နှစ်အရွယ်သားလေး နဲ့ မိန်းမ
မနေ့က ပစ်သတ်ခံလိုက်ရတဲ့ ရွှေပြည်သာ က ကင်းစောင့် ဦးလေးကြီးရဲ့ ၅ နှစ်အရွယ်သားလေး နဲ့ မိန်းမ ရွှေပြည်သာ တ/၁၅ ရပ်ကွက်ထဲကင်းစောင့်နေတဲ့ ဦးလေးကြီးကို ကားနဲ့ပစ်ပြီး ထွက်ပြေးသွားတာတဲ့…မျက်စိကနေ ဦးခေါင်းနောက်ထိ ကျည်ဆန်ထုတ်ချင်းပေါက်ပြီး သေ သွားပါပြီ။ ၃ ချက်တောင်အပစ်ခံလိုက်ရတာပါ။ မိုက်ရိုင်းလိုက်ကြတာအသက် ၅ နှစ်တောင် မပြည့်သေးတဲ့ ကလေးလေး.ဒီမနက် သူ့အမေ Interview ဖြေနေရင်း ငိုနေလို့ထွက်ကြည့်တာတဲ့….အော် ရက်စက်လိုက်ကြတာ…ယုတ်မာလိုက်ကြတာရွှေပြည်သာက ဦးလေးရဲ့အိတ်ကပ်ထဲမှာ မီးခြစ်နဲ့သရက်သီးစိတ်လေးတွေ့တယ်တဲ့… သရက်သီးစိတ်တွေက ညဘက်ကင်းစောင့်ရင်း အိပ်ချင်ပြေအောင် ထည့်ထားတယ်ဆိုပဲ…အခင်းဖြစ်နေရာမှာရှိနေခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက မနေ့ညက “သေသွားတဲ့သူက ရပ်ကွက်လုံခြုံရေးအတွက် လမ်းကင့်စောင့်နေတာ၊အဲ့ဒီအချိန်မှာ ရဲကားတစီးကဝင်လာတယ်၊ ဝင်လာတဲ့အချိန်မှာ သေသွားတဲ့သူက တားပြီးမေးလိုက်တာ၊ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲပေါ့၊ အဲ့ဒီမှာ မေးတဲ့သူကိုပဲ ရဲက ဆဲဆိုပြီးတော့ သေနတ်နဲ့ သုံးချက်ပစ်သွားတယ်၊ … Read more
မင်းတို့ပစ်လိုက်တဲ့ကလေးလေးကကိုယ်ပိုင်ဖုန်းလေးတစ်လုံးနဲ့ ဆိုင်ကယ်လေးတစ်စီးလောက်လိုချင်လို့စုဗူးလေးနဲ့စုနေတဲ့ ရိုးသားတဲ့ကလေးလေးပါ
ရဲတပ်ဖွဲ့ကသေနတ်နဲ့ ပစ်လိုက်တဲ့ရွှေပြည်သာ ကင်းသမား သေဆုံးမှု အမှုဖွင့်ခွင့်မရသေး
ရွှေပြည်သာ ကင်းသမား သေဆုံးမှု အမှုဖွင့်ခွင့်မရသေးဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနေ့ညက ရပ်ကွက်လုံခြုံရေးကင်းစောင့်ရင်း ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်လိုက်လို့ နေရာတင်သေဆုံးခဲ့တဲ့ ရွှေပြည်သာမြို့နယ် (တ)၁၅ ရပ်ကွက်နေ ကိုတင်ထွဋ်ဟိန်းအမှုကို ရွှေပြည်သာမြို့နယ်ရဲစခန်းက အမှုဖွင့်ခွင့် မပေးသေးဘူးလို့ သူ့ဇနီးဖြစ်သူ မသင်းသင်းက RFA ကို ဒီနေ့မနက်မှာ ပြောပါတယ်။လက်ရှိမှာ သေဆုံးသွားတဲ့ ကိုတင်ထွဋ်ဟိန်းရဲ့ ရုပ်အလောင်းက လှိုင်သာယာဆေးရုံမှာ ထားရှိထားပါတယ်။ဖေဖော်ဝါရီလ ၂၀ ရက်နေ့ည ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ရပ်ကွက်ထဲဝင်လာတဲ့ ရဲကားတစီးကနေ အဲ့ဒီကင်းစောင့်နေတဲ့ ပြည်သူရဲ့ ဦးခေါင်းကို သုံးချက်တိတိ သေနတ်နဲ့ ပစ်သွားတာလို့ အခင်းဖြစ်တဲ့နေရာမှာ ရှိနေသူတဦးက RFA ကိုပြောပါတယ်။ အခင်းဖြစ်နေရာမှာရှိနေခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက မနေ့ညက “သေသွားတဲ့သူက ရပ်ကွက်လုံခြုံရေးအတွက် လမ်းကင့်စောင့်နေတာ၊အဲ့ဒီအချိန်မှာ … Read more
မန္တလေးမှာ သေနတ်ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့တပ်မ ၃၃ဟာရခိုင်ပြည်နယ်မြောက်ပိုင်းမှာလူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ တပ်ဖြစ်နေ
မန္တလေးမှာ ဒီကနေ့အရပ်သားပြည်သူတွေကို စစ်တလင်းမြေလို သေနတ်ကျည်အစစ်တွေနဲ့ ပစ်သတ်သွားတဲ့ စစ်ရာဇဝတ်မှုကျုးလွန်ခဲ့တဲ့ တပ်မ ၃၃ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်တုန်းက မွတ်ဆလင်ရာပေါင်းများစွာကို လူမျိုးတုံးသုတ်သင်သတ်ဖြတ်မှုတွေ၊ လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ တပ်ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် စက်တင်ဘာမှာ ကုလသမဂ္ဂရဲ့လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးမစ်ရှင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေမှာ ရခိုင်ပြည်နယ်အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ရာမှာ တပ်မ ၃၃နဲ့ ၉၉တပ်တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ ဒီစစ်ရာဇဝတ်မှုကျူးလွန်ခဲ့လို့ နိုင်ငံတကာတရားရုံး ICJ မှာ အမှုရင်ဆိုင်နေရတာဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီစစ်ရာဇဝတ်ကောင်တွေကိုယ်စား သည်ဟိတ်မြို့တရားခွင်မှာ တိုင်းပြည်အတွက် အမှုကိုသွားရောက်ရင်ဆိုင်ခဲ့လို့ နိုင်ငံတကာရဲ့ရှုတ်ချပြစ်တင်မှုတွေအများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ UNICODE မန္တလေးမှာ ဒီကနေ့အရပ်သားပြည်သူတွေကို စစ်တလင်းမြေလို သေနတ်ကျည်အစစ်တွေနဲ့ ပစ်သတ်သွားတဲ့ စစ်ရာဇဝတ်မှုကျုးလွန်ခဲ့တဲ့ တပ်မ ၃၃ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်တုန်းက မွတ်ဆလင်ရာပေါင်းများစွာကို … Read more