ကွင်းလယ်ဒိုင်ကြောင့် ၀က်ဟမ်းကို ရှုံးနိမ့်ခဲ့ရတာပါလို့ဆိုလာတဲ့ ဂျာကင်ကလော့ပ်
အဝေးကွင်းမှာ ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့ပြီးနောက် လီဗာပူးလ်နည်းပြကလော့ပ်ဟာ ကွင်းလယ်ဒိုင်ခရိတ်ပေါလ်ဆင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး ပြစ်တင်ပြောဆိုလိုက်ပါတယ်။ ဒီပွဲအရေးနိမ့်မှုဟာ လီဗာပူးလ်အတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်ပထမဆုံးအရေးနိမ့်မှု ဖြစ်လာခဲ့သလို နိုင်ငံတကာပွဲတွေကစားဖို့ရှိလာချိန်မှာ အဆင့် ၃ နေရာကိုပါ ဝက်စ်ဟမ်းကို လွှဲပေးလိုက်ရလို့ ရှုံးချက်နာခဲ့ရပါတယ်။ ဒီပွဲမှာ ကွင်းလယ်ဒိုင်လူကြီးက အဓိကအရေးပါတဲ့ဆုံးဖြတ်ချက်နှစ်ခုကို မှားယွင်းချမှတ်ခဲ့တယ်လို့ ကလော့ပ်က စွပ်စွဲခဲ့ပါတယ်။ ပထမတစ်ခုကတော့ အယ်လစ်ဆန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူတဲ့ ဂိုးတွေကို ခွင့်ပြုခဲ့မှုနဲ့ နောက်တခုကတော့ ပြိုင်ဘက်ကစားသမားခရက်စ်ဝဲလ်ကို အနီကတ်ပြမထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ Daily Mail ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ “အယ်လစ်ဆန်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာလို့ ကျွန်တော်ထင်တယ်၊ အော့ဘွန်နာရဲ့ လက်မောင်းက သူ့ဆီကို ရောက်သွားခဲ့ပါတယ်၊ ကွင်းလယ်ဒိုင်က ဒါကို သူ့အတွက်တော့ လွယ်လွယ်လေးပဲဆိုပြီးလုပ်ခဲ့တယ်၊ ပြီးတော့ VAR က ဘာပြောလဲ ကြည့်ပါဦးဆိုပြီး ပြောခဲ့တယ်၊ … Read more
မန်ချက်စတာမှာရော၊ ကမ္ဘာပေါ်မှာပါ ယူနိုက်တက်ဟာ နံပါတ်(၁)ပါလို့ပြောကြားလိုက်တဲ့ ဆိုးလ်ရှား
ဒီနေ့ည မန်စီးတီးနဲ့ ကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်မတိုင်ခင်မှာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက သူ့အသင်းအနေနဲ့ မန်ချက်စတာမှာရော၊ ကမ္ဘာပေါ်မှာပါ အကြီးမားဆုံးအသင်းတစ်သင်းအဖြစ် ရှိနေဆဲလို့ ကြုံးဝါးလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဒီည (၇) နာရီ၊ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ မန်စီးတီးကို ဧည့်ခံကစားရမှာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ အိုးထရက်ဖို့ဒ်ပွဲမှာတော့ ယူနိုက်တက်တို့ လီဗာပူးကို (၅) ဂိုးပြတ် ရှုံးနိမ့်ခဲ့တာပါ။ ဆိုးလ်ရှားအနေနဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ တွေ့ဆုံတဲ့ (၈) ကြိမ်မှာ (၄) ကြိမ် အနိုင်ရထားတဲ့နည်းပြလည်း ဖြစ်ပါတယ်။ မန်စီးတီးက ယူနိုက်တက်ကို ကျော်သွားပြီလားဆိုတဲ့ မေးခွန်းအပေါ် ဆိုးလ်ရှားက “နိုး… ကျွန်တော် ဒီမေးခွန်းကို မဖြေနိုင်ပါဘူး” “ဒါပေမယ့် သူတို့ နောက်ဆုံး (၁၀) နှစ်အတွင်း စွမ်းဆောင်ခဲ့တာတွေ နောက်ဆုံး (၄) နှစ် … Read more
အကယ်၍ ရော်နယ်ဒို စီးတီးရောက်သွားခဲ့ရင်……
တကယ်တော့ ဒါဟာ မှန်းဆကြည့်ခြင်းသက်သက်ပါပဲ။ အကယ်၍ပေါ့လေ အပြောင်းအရွှေ့နောက်ဆုံးရက်တွေမှာ ဟော့ခဲ့တဲ့ သတင်းတစ်ပုဒ်လို ရော်နယ်ဒိုဟာ ယူနိုက်တက်ဆီ ပြန်မလာဖြစ်ပဲ ပြိုင်ဘက်ကြီး စီးတီးအသင်းထံ ပြောင်းသွားခဲ့ရင် ဘယ်လိုများ ဖြစ်လိမ့်မလဲ။ ဒီမတိုင်ခင် တစ်ရာသီအလိုလောက်မှာ မက်ဆီနဲ့ ဂွာဒီယိုလာ(ပက်) တို့ စုံစည်းနိုင်ချေရှိတဲ့ အလားအလာနဲ့ပတ်သက်လို့လည်း စိတ်ကူးကောင်းခဲ့ကြတာပဲလေ။ စီရော်နယ်ဒို + ပက် အတွဲကတော့ နည်းနည်း အမြင်ဆန်းမှာပေါ့။ လက်ရှိမှာ ရော်နယ်ဒိုက ယူနိုက်တက်မှာ ဆိုးလ်ရှားကယ်တင်ရေး ပရောဂျက်ထဲကို ရောက်နေတယ်။ ဒါဆိုစီးတီးတို့ဆီ ရောက်ခဲ့မယ်ဆိုရင် ရော်နယ်ဒို ဘယ်လိုများဖြစ်နေမလဲ။ ယူနိုက်တက်မှာလိုတော့ စီးတီးတို့ဟာ အသည်းအသန် ကယ်တင်နေရမယ့် အနေအထားတွေ သိပ်ရှိလှမှာ မဟုတ်။ သို့သော်လည်း ထင်သလောက် လွယ်ကူနေဖို့လည်း မရှိနိုင်ဘူး။ အဘယ်ကြောင့်ဆို စီးတီးနည်းပြ ပက်ကြောင့်ပင်ဖြစ်သည်။ ပက် က … Read more
ဂိုးသွင်းနိုင်ခဲ့ပေမယ့် ငယ်ပါကို ကျောက်ပက်တီးစည်းခဲ့ရတဲ့ အေဂျက်တိုက်စစ်မူးတာဒစ်
ဒေါ်လာ ၁.၂၄ ဘီလီယံနဲ့ ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားဖြစ်လာတဲ့ စီရော်နယ်ဒို
ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်းတခု ဖြစ်တဲ့ Forbesရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုဟာ ၂၀၂၁ခုနှစ် အတွင်းမှာ ဝင်ငွေ အထူး ကောင်းခဲ့တာကြောင့် ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမား ဖြစ်လာကြောင်း သိရပါတယ်။ အသက် ၃၆နှစ် အရွယ် ဝါရင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာ အမြင့်မားဆုံး ကစားသမားတွေထဲက တဦး ဖြစ်သလို CR7 ဆိုတဲ့ အမှတ်တံဆိပ်နဲ့ ရေမွှေး ၊ အတွင်းခံဘောင်းဘီ ၊ ဖက်ရှင်ကုမ္ပဏီ ၊ ဟိုတယ်လုပ်ငန်း ၊ ဆေးရုံ စတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဖွင့်လှစ်ထားတာကြောင့် သူ့ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၁.၂၄ ဘီလီယံ အထိ ရှိပါတယ်။ … Read more
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကျိုးအပြုဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ရိုနယ်ဒို
ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အသင်းအပေါ် အကျိုးအပြုဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရကြောင်း အချက်အလက် မှတ်တမ်းတွေအရ သိရပါတယ်။ အသက် ၃၆နှစ် ရှိနေပြီ ဖြစ်တဲ့ ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေသူ ဖြစ်ပေမယ့် လက်ရှိအချိန် အထိ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အတွက်လည်း မရှိမဖြစ် ကစားသမား တဦး ဖြစ်ပါတယ်။ ရိုနယ်ဒိုဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပွဲတိုင်း ဂိုးသွင်းထားတဲ့ ကစားသမားတွေထဲက … Read more
ခေတ်အဆက်ဆက် ဂုဏ်ယူရမည့် လုပ်ရပ်ကို သတ္တိရှိရှိ လုပ်ခဲ့သည့် အနီရောင် သူရဲကောင်းများ…
အောင်သူ၊ကျော်ကိုကိုနဲ့ ဇော်မင်းထွန်းတို့ လက်ရွေးစင်အသင်းကနေ အနားယူသွားပြီလို့ နည်းပြ အန်တိုနီ‌ ဟေး က နောက်ဆုံးမှာ အတည်ပြု သွားခဲ့ပါတယ်။ အောင်သူတို့ လူစုဟာ ဖေဖော်ဝါရီ နောက်ပိုင်းထဲက လက်‌ရွေးစင် အသင်းမှာ ပါဝင် ကစားဖို့ ငြင်းဆန်ခဲ့တာပါ။ သူတို့ဟာ လက်ရှိ အချိန်မှာတော့ သူတို့ကစားသမားဘဝရဲ့ ဂုဏ်ယူစရာ အကောင်းဆုံး အခိုက်အတန့်ကို ဘောလုံး တစ်ချက်မှ မထိပဲ ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။ သူတို့ဟာ ကိုယ်ပိုင် အစွမ်းအစ ရှိသူတွေပီပီ ဘုရားမကြိုက် နတ်လူသာဓု မခေါ်တဲ့ အလုပ်ကို လုပ်ဖို့ ငြင်းဆန်ခဲ့တာပါ။ ပြောချင်တာက ကိုယ့်အစွမ်းအစနဲ့ ထမင်းတစ်လုတ်ကို သန့်သန့်ရှင်းရှင်း ရှာစားနိုင်တဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အားပေးနေတဲ့ တစ်နိုင်ငံလုံးက ပရိတ်သတ်ကြီးကို သွင်းဂိုးတွေ မပါပဲ … Read more
VAR ဆုံးဖြတ်ချက်ကို မကျေနပ်လို့ သောင်းကျန်းခဲ့ကြတဲ့ ပရိသတ်များ
ဘရာဇီးလ်ကလပ် ဂရီမီရိုအသင်းရဲ့ ပရိသတ်တွေဟာ သူတို့အသင်းရရှိတဲ့ ချေပဂိုးကို ပယ်ဖျက်ခဲ့တာကြောင့် ဒေါသတကြီးနဲ့ ကွင်းထဲဝင်ရောက်လာကြပြီး VAR Area နားတစ်ဝိုက်ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။ အဆိုပါပွဲမှာ ဂရီမီရိုအသင်းဟာ ပယ်မီရက်စ်အသင်းကို 2-1 နဲ့ ရှုံးနိမ့်နေချိန် ချေပဂိုးရရှိခဲ့သော်လည်း VAR က ပယ်ဖျက်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ 3 ဂိုး 1 ဂိုးနဲ့ ရှုံးနိမ့်ကာ တန်းဆင်းဇုန်ထဲ ကျရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ (ဂရီမီရိုအသင်းဟာ အောင်မြင်မှုအရ သမိုင်းကြောင်းကောင်းမွန်တဲ့အသင်းဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ တန်းဆင်းဇုန်ထဲ ကျရောက်နေတာနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေကြတာပါ…) အဆိုပါဖြစ်ရပ်ကြောင့် ဂရီမီရိုအသင်းကို ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်က ပြစ်ဒဏ်သတ်မှတ်ဖို့စဉ်းစားနေပြီး ငွေကြေးအပြင် အချိန်ကာလတစ်ခုအတွင်း ကွင်းပိတ်ကစားဖို့အထိပါ ပြစ်ဒဏ်သတ်မှတ်နိုင်တယ်လို့ သိရပါတယ်။ Unicode ဘရာဇီးလ်ကလပ် ဂရီမီရိုအသင်းရဲ့ ပရိသတ်တွေဟာ သူတို့အသင်းရရှိတဲ့ … Read more
တန်းဆင်းဇုန် စီဗီဖောင်ကြောင့် အလုပ်လာချိန်မှာ အထင်ဝိုင်းသေးခံခဲ့ရသူ (သို့) အင်္ဂလန်ရဲ့အနာဂတ် နံပါတ်တစ်ဂိုးသမား
စီဗီဖောင်မှာပြထားတဲ့ အချက်အလက်တွေကိုသာကြည့်ပြီး အလုပ်ခန့်မယ်ဆိုရင် ရမ်စ်ဒေးလ်ဟာ အလုပ်မရဖို့သေချာပါတယ်။ ခေါ်လို့ရောက်လာတယ်။ အသင်းနဲ့အတူ တန်းဆင်းတယ်။ နှစ်ခါတောင်တန်းဆင်းဖူးတဲ့ ဂိုးသမားတယောက် အာဆင်နယ်ကို ပေါင်သန်း ၃၀လောက်နဲ့ ရောက်လာချိန်မှာ ပိုပြီးဝေဖန်ခဲ့တာက အာဆင်နယ်အသင်းပရိသတ်တွေကိုယ်တိုင်ပါ။ ဒီကောင့်ကို ဘာလို့ဈေးကြီးပေးခေါ်ရတာလဲ။ ငွေသုံးဖူးတာ သိပ်မမြင်ဖူးတဲ့အာဆင်နယ်ပရိသတ်တွေအတွက် ပေါင်သန်း ၃၀ဆိုတာ များတယ်လို့ခံစားစေရတာမှန်ပေမဲ့ ရမ်စ်ဒေးလ်ဟာ တကယ်ပဲပေါင်သန်း ၃၀မတန်ပါဘူး။ ပေါင်သန်း ၃၀ ထက် ပိုတန်ပါတယ်။ သားသည်ဂိုးဖမ်းနေတဲ့ လက်စတာပွဲကိုကြည့်နေတဲ့ ဂိုးသမားပီတာရှမိုက်ကယ်က သူ့သားပွဲကိုကြည့်နေရင်း ရမ်စ်ဒေးလ် ပုတ်ထုတ်လိုက်တဲ့ ဖရီးကစ်ကိုမြင်လိုက်ရချိန်မှာ လက်ဖျားခါသွားခဲ့ပါတယ်။ ” ဒီနှစ်တွေမှာ ရမ်စ်ဒေးလ် ဖမ်းတာမြင်ဖူးသမျှထဲ အကောင်းဆုံးပဲ “လို့ တွစ်တာပေါ်တက် ချီးကျူးရတဲ့အထိပါပဲ။ အာတီတာဆိုရင်” မက်ဒီဆင် ခြေထောက်ရွေ့လိုက်တာကို ကျွန်တော်မြင်လိုက်ရချိန်မှာ ကျွန်တော်တန်းသိလိုက်တာက ဒီအလုံးဂိုးပြီလို့ပါ။ ပြောရရင် ရမ်စ်ဒေးလ်ဘယ်လိုကာကွယ်လိုက်လဲတောင် ကျွန်တော်မသိဘူး။ … Read more
အထုတ်ခံရမယ်ဆိုတိုင်း ကလင်ဒါကျဖြစ်လာတဲ့ ဆိုးလ်ရှားကြောင့် စပါးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ မန်ယူ
ဝေဖန်မှုတွေများလာပြီဆိုရင် မဖြစ်မနေနိုင်ပွဲယူလာတဲ့ ဆိုးလ်ရှားဟာ တပွဲတိုးနည်းဗျူဟာမှာတော့ အင်မတန်စွမ်းတာကို စပါးကို ဂိုးပြတ်အနိုင်ယူရင်း သက်သေပြလိုက်ပါတယ်။ (၃-၄-၁-၂)ကစားကွက်နဲ့ ခံစစ်ကိုပါနှစ်ထပ်ကာခဲ့ကာ ရော်နယ်ဒို၊ ကာဗာနီနှစ်ယောက်နဲ့အတူ စပါးကို ဖိအားပေးဖို့ ကြိုးစားလာခဲ့ပါတယ်။ ခံစစ်ပိုင်းအားနည်းနေတဲ့စပါးအသင်းအတွက် ဒီဗျူဟာက လုံးဝမထင်မှတ်ထားတဲ့ကစားကွက်ဖြစ်ခဲ့ပါတယ်။ စပါးအသင်းတိုက်စစ်ကို ရဲရဲမဖွင့်ရဲချိန်မှာ ရော်နယ်ဒိုက ဦးဆောင်ဂိုးပါသွင်းလိုက်ချိန်၊ စပါးတို့ကစားပုံပျက်သွားခဲ့ပါတယ်။ ဆိုးလ်ရှားအတွက် အိမ်စာကျေလာတယ်လို့ ဆိုလို့လည်းရသလို သူ့ရဲ့ကလင်ဒါကျ ဖော်မြူလာတခုကြောင့်လို့လည်း ဆိုနိုင်ပါသေးတယ်။ ဆိုးလ်ရှားဟာ မနှစ်က စပါးကို (၁-၆)နဲ့ရှုံးခဲ့ပြီးတဲ့နောက် နယူးကာဆယ်ကို (၁-၄)နဲ့အနိုင်ရထားဖူးပါတယ်။ ငါးဂိုးပြတ်ရှုံး၊ သုံးဂိုးအသာနဲ့အနိုင်ပြန်ရတာပါ။ ဝေဖန်မှုနဲ့ အထုတ်ခံရဖို့ ဖိအားတွေအမြင့်ဆုံးအချိန်ကိုရောက်နေတဲ့ ကာလမျိုးပါ။ အခုတခေါက်မှာလည်း လီဗာပူးက ငါးဂိုးအသာနဲ့နိုင်၊ မန်ယူက စပါးကို ၃ ဂိုးအသာနဲ့ပြန်နိုင်ဆိုတာဟာ အင်မတန်ကိုတိုက်ဆိုင်လွန်းနေပါတယ်။ ဒါတင်မကသေးပါဘူး။ ရက်ရှ်ဖို့ဒ်ရဲ့ဂိုးသွင်းအတဲ့အချိန်က နယူနဲ့ပွဲတုန်းက (၉၀+၆)မိနစ်ဖြစ်တာကြောင့် အခုစပါးကို (၈၆)မိနစ်မှာသွင်းတာနဲ့ပါကြည့်ရင် … Read more