အဖမ်းခံထားရတဲ့ သမီး(၂)ယောက်စားဖို့အတွက် နေပူကြီးထဲမှာတောင် အထုပ်ဆွဲပြီး ထောင်ဝင်စာသွားပို့နေရတဲ့ မိခင်တစ်ဦးရဲ့စိတ်မကောင်းစရာအဖြစ်

အဖမ်းခံထားရတဲ့ သမီး(၂)ယောက်စားဖို့အတွက် နေပူကြီးထဲမှာတောင် အထုပ်ဆွဲပြီး ထောင်ဝင်စာသွားပို့နေရတဲ့ မိခင်တစ်ဦးရဲ့စိတ်မကောင်းစရာအဖြစ် ယခုလက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ ပြည်သူစုစုပေါင်း (၅၈၁၇) ခန့်ရှိနေပြီဖြစ်ကြောင်း (AAPP) က ထုတ်ပြန်ကြေညာထားပါတယ်။ အသက်ပေးလိုက်ရတဲ့သူတွေအတွက် ဝမ်းနည်းနေတဲ့ မိသားစုတွေရှိသလို အဖမ်းခံထားရတဲ့သူအတွက် ပူဆွေးသောကရောက်နေရတဲ့ မိသားစုဝင်တွေလည်း အမြောက်အမြားရှိနေတာ ဖြစ်ပါတယ် ။ အခုလည်း သမီးတွေအတွက် ထောင်ပို့စာသွားပို့တဲ့ မိခင်တစ်ဦးရဲ့အဖြစ်က ပြည်သူတွေကိုပါ ထပ်တူထပ်မျှ ဝမ်းနည်းစေခဲ့တာ ဖြစ်ပါတယ် ။ ဒီအန်တီကြီးရဲ့သမီးနှစ်ယောက်လုံးက အရုဏ်ဦးသပိတ်တစ်ခုမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ် ။ ဒါကြောင့် မိခင်ဖြစ်တဲ့ အန်တီကြီးခမျာ သမီးနှစ်ယောက်စားဖို့အတွက် ငါးခြောက်ကြော်တွေ၊ လက်ဖက်နဲ့ ခေါက်ဆွဲခြောက်ထုပ်တွေပြင်ဆင်ပြီး ထောင်ဝင်စာသွားပို့နေရတာပဲ ဖြစ်ပါတယ် ။ နေပူကြီးထဲမှာတောင် သမီးတွေအတွက် အထုပ်ဆွဲပြီး စားစရာတွေ သွားပို့ပေးနေတဲ့ မိခင်တစ်ဦးရဲ့ပုံရိပ်က မြင်ရသူတွေကိုပါ … Read more

NUG သည်လေထဲတွင်သာ ရှိပြီး ပြည်တွင်းစစ်မဖြစ်နိုင်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

NUG သည်လေထဲတွင်သာ ရှိပြီး ပြည်တွင်းစစ်မဖြစ်နိုင်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော စစ်အာဏာသိမ်းမှုကြောင့် ပြည်သူ၏တုံ့ပြန်မှု ပြင်းထန်လိမ့်မည်ဟု မထင်ခဲ့ကြောင်း ဝန်ခံ၊ NUG သည်လေထဲတွင်သာ ရှိပြီး ပြည်တွင်းစစ်မဖြစ်နိုင်ဟုဆို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်(ခ)မအလက စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများ၏ တုံပြန်မှု ပြင်းထန်လိမ့်မည့်ဟု မထင်ခဲ့ကြောင်း တရုတ် Phoenix သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။ Phoenix က နိုင်ငံရေးဖြစ်စဉ်အပြီးမှာ ပြည်သူတွေရဲ့ တုံ့ပြန်မှုတွေက နည်းနည်းလေး ပြင်းထန်လာတာမျိုးတွေ တွေ့ရပါတယ်။ အဲဒီအတွက်ရော မှန်းဆခဲ့တာမျိုး ကြိုတင်ပြီးတော့ မျှော်မှန်းခဲ့တဲ့ အခြေအနေမျိုးရော ရှိခဲ့ပါသလား ဟု မေးမြန်းရာတွင် ၎င်း မမျှော်မှန်းခဲ့ကြောင်း ဝန်ခံလိုက်ခြင်းဖြစ်သည်။ “ပြောရရင် အဲဒီလောက်အထိတော့ များလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ခံစားချက်တော့ ရှိပါလိမ့်မယ်” ဟု ဆိုသည်။ အဆိုပါဖြစ်စဉ်တွင်၁၉၅၆ ခုနှစ် … Read more

ျဆုံးသွားတဲ့ သူရဲကောင်းတွေ ထပ်မလိုချင်တော့တာကြောင့် PDF အဖွဲ့ဝင်တွေကို တိုက်ပွဲနဲ့ပတ်သက်ပြီး အကြံပေးလာတဲ့ လူငယ်တစ်ဦး

ကျဆုံးသွားတဲ့ သူရဲကောင်းတွေ ထပ်မလိုချင်တော့တာကြောင့် PDF အဖွဲ့ဝင်တွေကို တိုက်ပွဲနဲ့ပတ်သက်ပြီး အကြံပေးလာတဲ့ လူငယ်တစ်ဦး ရဲစွမ်းသတ္တိရှိပြီး အနစ်နာခံတတ်တဲ့ စိတ်ဓာတ်ရှိကြတဲ့ လူငယ်တွေကတော့ ပြည်သူတွေကိုကာကွယ်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲကို ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ် ။ နိုင်ငံနဲ့ လူမျိုးအတွက် တာဝန်ကျေပွန်နေတဲ့ PDF အဖွဲ့ဝင်လူငယ်တွေက သူတို့ချစ်တဲ့အရာတွေကို စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ် ။ သူတို့က စစ်ပညာတွေသင်ယူဖို့အတွက် တောထဲတောင်ထဲမှာ ခက်ခက်ခဲခဲနေထိုင်ပြီး ကြိုးစားနေကြတာ ဖြစ်ပါတယ် ။ အခုလည်း PDF အဖွဲ့ဝင်လူငယ်တစ်ဦးက တိုက်ပွဲဝင်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို သုံးသပ်တင်ပြထားတာ ဖြစ်ပါတယ် ။ သူရဲ့စာထဲမှာတော့ ပစ်မှတ်ကြီးကြီးတွေကို တိုက်ခိုက်တဲ့နေရာမှာ ကိုယ့်ဘက်က လက်နက်အင်အားမပြည့်စုံသေးတာပဲဖြစ်ဖြစ်၊ ပျောက်ကျားနည်းစနစ် မကျွမ်းကျင်သေးတာဖြစ်ဖြစ် ဒါမှမဟုတ် နယ်မြေအနေအထားက အတက်အဆုတ်လှုပ်ရှားဖို့ မလွယ်ကူသေးတာမျိုးဆိုရင် မတိုက်ခိုက်တာပဲ … Read more

သားလေးရဲ့အလောင်းကို ပြန်မရဘဲ ဈာပနာပြုလုပ်ခဲ့ပေမယ့် ဒီနေ့အချိန်ထိ ပြန်လာမလားလို့ စောင့်နေခဲ့တဲ့ ကျဆုံးသူကိုမျိုးဟိန်းကျော်ရဲ့ မိခင်

သားလေးရဲ့အလောင်းကို ပြန်မရဘဲ ဈာပနာပြုလုပ်ခဲ့ပေမယ့် ဒီနေ့အချိန်ထိ ပြန်လာမလားလို့ စောင့်နေခဲ့တဲ့ ကျဆုံးသူကိုမျိုးဟိန်းကျော်ရဲ့ မိခင် လက်ရှိအခြေအနေကြောင့် ကျဆုံးသွားရတဲ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေကတော့ အခုချိန်ထိ သူတို့ရဲ့သွေးသားရင်းတွေကို လွမ်းဆွေးနေရတာဖြစ်ပါတယ်။ မိဘတွေအနေနဲ့လည်း ရင်နှစ်သည်းခြာ သားသမီးတွေကိုဆုံးရှုံးလိုက်ရလို့ ရင်ကွဲမတတ်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ မတ်လ (၂၂)ရက်နေ့၊ညနေပိုင်းက မန္တလေးမြို့၊အောင်ပင်လယ်ရပ်ကွက်မှာ ကျည်ထိမှန်ပြီး ကျဆုံးခဲ့တဲ့ ကိုမျိုးဟိန်းကျော်ရဲ့ မိဘတွေကတော့ သားလေးကို အိမ်ပြန်ရောက်လာမလားလို့ စောင့်နေကြဆဲဖြစ်ပါတယ်။ ကိုမျိုးဟိန်းကျော်ရဲ့ ရုပ်အလောင်းကိုလည်း ပြန်မရတာကြောင့် ဈာပနာကို ဒီအတိုင်းပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကိုမျိုးဟိန်းကျော်ရဲ့မိခင်က သားလေးကိုသတိရလို့ ရင်ထဲကစကားတွေကို စာလေးနဲ့ချရေးထားတာဖြစ်ပါတယ်။ မိခင်ဖြစ်သူကတော့ သူမရဲ့သားက ညကြီးသန်းခေါင်ပြန်ရောက်ရင် ထမင်းပွဲအုပ်ဆောင်းလှန်တတ်လို့ ခင်ပွန်းဖြစ်သူကို အမြဲပိုချက်ခိုင်းနေတာဖြစ်ပါတယ်။ ကိုမျိုးဟိန်းကျော် ရှိစဉ်အချိန်တုန်းကဆိုရင် အမေနဲ့အစ်မဖြစ်သူကို အမြဲစနောက်တတ်လို့ အခုတော့ လွမ်းစရာလေးတွေ ကျန်ခဲ့တာဖြစ်ပါတယ်။ ကိုမျိုးဟိန်းကျော် မွေးထားတဲ့ခွေးလေးကိုလည်း ဖခင်ဖြစ်သူက ထမင်းကျွေးရင်း … Read more

သူ့ကို ဖမ်းမမိလို့ ဘုန်းကြီးကျောင်းက လူတွေကို ဖမ်းဆီးခေါ်ဆောင် သွားတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဦးဇင်းကေသရ

သူ့ကို ဖမ်းမမိလို့ ဘုန်းကြီးကျောင်းက လူတွေကို ဖမ်းဆီးခေါ်ဆောင် သွားတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ဦးဇင်းကေသရ ဦးဇင်းဘဝကနေ လူထွက်ပြီး ပြည်သူဘက်တော်သား တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်လာတဲ့ ဦးဇင်းကေသရကိုတော့ ပြည်သူတွေနဲ့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတော့ပါဘူး..။ အရေးတော်ပုံအောင်မြင်ဖို့အတွက် တောထဲတောင်ထဲမှာ လက်နက်ကိုင်ကာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့အချိန်မှာလည်း ပြည်သူတွေနဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားတော်လှန်တိုက်ပွဲဝင်နေတာပဲ ဖြစ်ပါတယ်..။ ၁၃နှစ်ကြာ သာသနာ့ဘောင်ဝင်ကာ ကောင်းမှုပြုခဲ့ပေမယ့် လက်ရှိအခြေအနေတွေကြောင့် တောထဲမှာ လက်နက်ကိုင်နေရတဲ့ ဦးဇင်းကေသရကတော့ သူ့ကိုဖမ်းမမိတာကြောင့် ဘုန်းကြီးကျောင်းကလူတွေကို ဖမ်းဆီးခေါ်ဆောင်သွားလို့ စိတ်မကောင်းဖြစ်နေရတာ တွေ့ရပါတယ်..။ ကျောင်းမှာနေတဲ့ ကပ္ပိယလူငယ်လေးအပြင် အခြားအမျိုးသမီးနဲ့ ကလေးငယ်ကို ည (၁၀) နာရီအချိန်လောက်က ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်..။ “ကျောင်းမှာနေတယ် အသက်မပြည့်သူ ၁၅ နှစ်အရွယ် အမျိုးသမီးကလေးငယ် တစ်ဦး အပြင် ၊ ဒုက္ခသည်ရင်ခွင်ပိုက် … Read more

ြန်မာနိုင်ငံကို အာဆီယံကိုယ်စားလှယ်နှစ်ဦး ရောက်လာရတဲ့ အကြောင်းရင်း

မြန်မာနိုင်ငံကို အာဆီယံကိုယ်စားလှယ်နှစ်ဦး ရောက်လာရတဲ့ အကြောင်းရင်း အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများအသင်းအာဆီယံက ကိုယ်စားလှယ် နှစ်ဦး၊ ဘရူနိုင်းနိုင်ငံသား နှစ်ဦး ဖြစ်သော လက်ရှိ အာဆီယံ ဥက္ကဌ အဖြစ် ဆောင်ရွက်နေသည့် အာရီဝမ် ယူဆွတ် နှင့် အတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင် တို့ နှစ်ဦး သည် ကြာသပ တေးနေ့ညက နေပြည်တော်ကို ရောက်ရှိပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သော ကြာနေ့မှာ တွေ့ဆုံဖို့ရှိတယ်လို့ အမည်မဖော်လိုတဲ့ အစိုးရအရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြပါတယ်။ သို့သော် ပြည်သူများအားကိုယ်စားပြုထားသည့် အမျိုးသား ညီညွတ် ရေး အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် ရှိမရှိ ကို သဲသဲကွဲကွဲ မသိရသေးသော်လည်း တွေ့လိမ့်မည် မဟုတ်ဟု အားလုံးက ခန့်မှန်းနေကြပြီး ဖြစ်၍ … Read more

ပထမဆုံးအကြိမ် ကမ်းခြေရောက်ဖူးတာမလို့ အပြုံးမပျက်နိုင်အောင် အပျော်လွန်နေတဲ့ ကြောင်လေး

ပထမဆုံးအကြိမ် ကမ်းခြေရောက်ဖူးတာမလို့ အပြုံးမပျက်နိုင်အောင် အပျော်လွန်နေတဲ့ ကြောင်လေး ကပ်ရောဂါအခြေအနေကြောင့် အသွားအလာကန့်သတ်မှုတွေပြုလုပ်ခဲ့လို့ လူတွေရော ၊အိမ်မွေးတိရစ္ဆာန်တွေပါ အိမ်အတွင်းမှာသာ နေထိုင် နေရပြီး စိတ်ကျဉ်းကျပ်နေခဲ့ရတာပါ။ အခုအချိန်မှာတော့ နေရာအတော်များများ ၊ နိုင်ငံအတော်များများဟာ အသွားအလာကန့်သတ်မှုတွေဖြေလျော့လိုက်ပြီး ပုံမှန်အတိုင်လည်ပတ်နေကြပါပြီ။ သို့ပေမဲ့လည်း လူစုလူဝေးများလွန်းတဲ့နေရာမျိုးကို ရှောင်ရှားပြီး လူအများကသွားလာနေကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက Semsema Mahmoud အမည်ရှိတဲ့အမျိုးသားဟာ သူ့ရဲ့ကြောင်လေးကို ပထမဆုံးအကြိမ်ကမ်းခြေသို့ခေါ်သွားခဲ့ပါတယ် ။ ကြောင်လေးမှာလည်း လွတ်လပ်ပေါ့ပါးမှုတွေကို ပထမဆုံးအကြိမ်ပြန်ခံစားရတာဖြစ်လို့ နေရောင်အောက်မှာ နေပူဆာလုံရင်း အပြုံမပျက်တဲ့ရုပ်လေးနဲ့ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ စိတ်လှုပ်ရှားပြီးစူးစမ်းလွန်းတဲ့ ကြောင်လေးဟာ သဲနုမြေလေးတွေကို ခြေဖဝါလေးနဲ့တူးဆွပြီး အပျော်ကြီးပျော်နေခဲ့တာပါ။ ပြီးနောက် ထိုင်ခုံလေးပေါ်မှာ အားရပါးရမှီအိပ်ပစ်ပြီး ကမ်းခြေရောက်တဲ့ခံစားချက်ကိုအပြည့်အဝခံစားနေတာပါ။ ချစ်ဖို့ကောင်းလွန်းတဲ့ ကြောင်လေးရဲ့ပထမဆုံးအကြိမ်ကမ်းခြေရောက် တဲ့အတွေ့အကြုံကို ဝေမျှချင်လွန်းလို့ ကြောင်ပိုင်ရှင်လေးက ဓာတ်ပုံမြောက်များစွာရိုက်ပြန်လည်ဝေမျှခဲ့လို့ ကြောင်လေးဟာ … Read more

CDM ဝင်သလို တိုက်ပွဲမှာလည်း သူကိုယ်တိုင်ဝင်တိုက်ရင်း သူရဲကောင်းပီသစွာ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူ့ဘက်တော်သား ရဲဝန်ထမ်းတစ်ဦး

CDM ဝင်သလို တိုက်ပွဲမှာလည်း သူကိုယ်တိုင်ဝင်တိုက်ရင်း သူရဲကောင်းပီသစွာ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူ့ဘက်တော်သား ရဲဝန်ထမ်းတစ်ဦး ယနေ့ ဇွန်လ (၄) ရက်နေ့မှာတော့ ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ မနက်ပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေခဲ့တာ ဖြစ်ပါတယ် ။ မင်းတပ်မြို့နယ်ရှိ ရွှေအောင်သာရွာကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ထိုးစစ်ဆင်ခဲ့တာကြောင့် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။ CDF မင်းတပ်အဖွဲ့ဝင်တွေကလည်း အစွမ်းကုန် ခုခံကာကွယ်ခဲ့ကြပေမယ့် လက်နက်ကြီးတွေနဲ့ပါ ဖြိုခွင်းခံခဲ့ရတာ ဖြစ်ပါတယ် ။၊ ယနေ့မှာဖြစ်ပွားခဲ့တဲ့ မင်းတပ်မြို့တိုက်ပွဲမှာတော့ ပြည်သူ့ဘက်တော်သား ရဲဝန်ထမ်းတစ်ဦး ကျဆုံးသွားခဲ့ကြောင်း သိရတာ ဖြစ်ပါတယ် ။ သူ့ရဲ့နာမည်က ဆလိုင်းချွဲလိန်း (ခ)ရှောင်လင်ရေဖြစ်ပြီး အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့်ရပ်တည်ပေးခဲ့တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ပါတယ် ။ သူကတော့ ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး နောက်ဆုံးအချိန်အထိ … Read more

ဒီတစ်သက် ယောကျာ်း မရတော့ဘူးလို့ တွေးထင်ထား သော်လည်း အသက်၃၄နှစ် အရွယ်မှ ယူမယ့်သူ ပေါ်လာသောကြောင့် မင်္ဂလာပွဲတွင် ကခုန်ကာ အောင်ပွဲ ခံခဲ့သည့် အမျိုး သ မီး

ဒီတစ်သက် ယောကျာ်း မရတော့ဘူးလို့ တွေးထင်ထား သော်လည်း အသက်၃၄နှစ် အရွယ်မှ ယူမယ့်သူ ပေါ်လာသောကြောင့် မင်္ဂလာပွဲတွင် ကခုန်ကာ အောင်ပွဲ ခံခဲ့သည့် အမျိုး သ မီး လူတိုင်းသည် မင်္ဂလာလက်ထပ်ပွဲလေးကျင်းပပြီး ဘဝတစ်ခုတည်ထောင်ကာ ပျော်ရွင်စွာဖြတ်သန်းသွားရန် ဆန္ဒရှိကြသည်။သို့သော် လူအချို့သည် ဆန္ဒရှိနေသည်မှန်သော်လည်း လက်တွေ့အကောင်အထည်မဖော်နိုင်ဘဲ ရှိနေကြသည်။ အကြောင်းမှာ ဖူးစာရှင်လေးဟာ မိမိထံကိုရောက်မလာနိုင်သောကြောင့် စောင့်မျှော်နေရင်းဖြင့်သာ အချိန်ကုန်သွားခဲ့သောကြောင့်ဖြစ်သည်။ ယခုတွင်လည်း အသက်၃၄နှစ်အရွယ်ရှိပြီဖြစ်သော အမျိုးသမီးသည် ယောကျာ်းရနိုင်တော့မည်မဟုတ်ဟု မိမိကိုယ်ကိုတွေးထင်ထားခဲ့သည်။ သို့သော်လည်း သူမအား အမှန်တကယ် လက်ထပ်မည့်သူပေါ်လာခဲ့သော်ကြောင့် အလွန်ပျော်ရွင်သွားခဲ့သည်။အသက်အရွယ်ကြီးရင့်လာမှ ယူမည့်သူပေါ်လာသောကြောင့် မင်္ဂလာပွဲတွင် အလွန်ပျော်ကာ ကခုန်အောင်ပွဲခံခဲ့ပါတယ်။ Crd… Unicode ဒီတစ်သက် ယောကျာ်းမရတော့ဘူးလို့ တွေးထင်ထားသော်လည်း အသက်၃၄နှစ်အရွယ်မှ ယူမယ့်သူပေါ်လာသောကြောင့် မင်္ဂလာပွဲတွင် ကခုန်ကာ အောင်ပွဲခံခဲ့သည့် အမျိုးသမီး … Read more

ဇနီးသည်က အခြား အမျိုးသားတစ်ဦးနဲ့ လက်ထပ် ထိမ်းမြားနေတဲ့ ဗီဒီယိုကို အံ့သြထိတ်လန့်စွာ တွေ့ရှိခဲ့ရတဲ့ အမျိုးသား

ဇနီးသည်က အခြား အမျိုးသားတစ်ဦးနဲ့ လက်ထပ် ထိမ်းမြားနေတဲ့ ဗီဒီယိုကို အံ့သြထိတ်လန့်စွာ တွေ့ရှိခဲ့ရတဲ့ အမျိုးသား အသက် ၃၅နှစ်အရွယ် ယဉ်ချန်း အမည်ရှိ အမျိုးသားတစ်ဦးဟာ သူ့မွေးရပ်မြေဖြစ်တဲ့ တရုတ်နိုင်ငံ Bayannur မြို့ထဲမှာဆိုရင် သူ့လိုအရွယ်ကို “သက်ကြီးရွယ်အိုလူငယ်” ဆိုပြီး သတ်မှတ်ထားဒါကြောင့် မိသားစုဝင်တွေက သူ့ကို ကြင်ဖော်ကြင်ဖက်ရှာရန် တွန်းအားပေးခဲ့ပါတယ်။ သို့ပေမဲ့လည်း ယနေ့ခေတ်တရုတ်နိုင်ငံမှာ မိန်းမရှာတဲ့အလုပ်ဟာ လွယ်ကူတဲ့အလုပ် မဟုတ်တဲ့အတွက်ကြောင့် လီ ဆိုတဲ့ မိန်းကလေးတစ်ဦးဟာ ယခုနှစ်အစောပိုင်းက လက်ထပ်ပြီးခါစ အမျိုးသမီး ဖြစ်သူ နာနာ နဲ့ အောင်သွယ်ပေးခဲ့ပါတယ်။ ယဉ်ချန်း ဟာ နာနာ နဲ့ video call တွေ ပြောဆိုပြီးတဲ့နောက် Bayannur မြို့ကို လာဖို့ နာနာ ကို ဖိတ်ခေါ်လိုက်ပါတယ်။ … Read more