ဝါရင့် သဘင်အနုပညာရှင်ကြီးတွေကို ဆန်ဆီနဲ့ငွေကြေးတွေလှူဒါန်းခဲ့တဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)

မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၏ နာယကကြီးများဖြစ် သလို ဝါရင့် သဘင်အနုပညာရှင်ကြီးများလည်း ဖြစ်ကြတဲ့ သဘင်ပညာသည်တွေကို ဒီနေ့ မေလ (၁၁) ရက်နေ့မှာ ဗဟိုသဘင် အလုပ်အမှုဆောင်များ၊ သဘင်လူကူ အမှုဆောင်များမှ အသီးသီး အိမ်တိုင်ရာရောက် သွားရောက်ဂါရဝပြုခဲ့ကြပါတယ် ။ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၏ နာယကကြီးများဖြစ်ကြတဲ့ ဦးရွှေနန်းတင်- မင်းသားကြီး ၊ ဦးရဲဒွေး-ရုပ်သေးရုပ်စုံပညာရှင် ၊ ဦးစိန်ဘမော်-ဆိုင်းပညာရှင် ၊ ဦးအောင်တင်ဝင်း-ဇာတ်ပညာရှင် ၊ ဆရာလေးဦးသန်းအောင်မန္တလေး ၊ ဒါရိုက်တာဦးယဉ်အောင်မန္တလေး ၊ ရွှေမန်းဦးချမ်းသာဇာတ်မင်းသား ၊ ဦးညီဝင်းစိန်-ဇာတ်မင်းသား ၊ ဦးနန်းဝင်း-ဇာတ်မင်းသား ၊ ဒေါ်ရွှေလိပ်ပြာ-မင်းသမီးကြီး ၊ ဒေါ်စံရှားတင်-မင်းသမီးကြီး ၊ ဒေါ်နွဲ့နွဲ့စန်း-မင်းသမီးကြီး ဦးမိုးဒီ-လူရွှင်တော်ကြီး ၊ ဦးပေါ်လေး-လူရွှင်တော်ကြီး ၊ ဦးတိမ်ညွန့်-လူရွှင်တော်ကြီး ၊ ဦးဝင်းနိုင်-လူရွှင်တော်ကြီး ၊ … Read more

ဆေးကြောင်နေတာ မဟုတ်ကြောင်း ရင်ဖွင့်လာတဲ့ ရဲတိုက်

မျက်နှာကိုကြည့်ပြီး ဝေဖန်နေတဲ့သူတွေကြောင့် စိတ်အားငယ်မိတယ်တဲ့။လက်ရှိ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။သရုပ်ဆောင် ရဲတိုက်ကတော့ သူ့ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပြောပြလာပါတယ်။ သူ့မျက်နှာကိုကြည့်ပြီးဆေး ကြောင်နေတယ်လို့ ဝေဖန်ကြတဲ့ မှတ်ချက်တွေအပေါ်မှာလည်း စိတ်မကောင်းဖြစ်ရတယ်လို့ သူကဆိုပါတယ်။”ကျွန်တော်အာရုံကြော အားနည်းမူကြောင့် လူတွေနဲ့ စကားပြောဆိုအဆင်မပြေပါဘူး။ ဒါကြောင့် ကျွန်တော့် ရုပ်ကိုကြည့်ပြီး ဆေးကြောင်နေတယ် ဆိုတဲ့ စကားသံတချို့တွေကြောင့် တကယ်စိတ်အားငယ်မိပါတယ်။ ခုလည်းဆေးသောက်နေရပါတယ်။ ကျွန်တော်အရင်လို့ဖြစ်လာအောင်ကြိုးစားနေပါတယ်” ဆိုပြီးတော့ မေလ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ရဲတိုက်ဟာ ဧပြီ(၉) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ live လွှင့်ပြီး ပရိသတ်တွေနဲ့ စကားတွေ ပြောခဲ့ပါသေးတယ်။ အဲဒီ live … Read more

ရုပ်တည်ကြီးနဲ့ Surprise လုပ်တတ်တဲ့ လွှမ်းပိုင်အကြောင်း ပြောပြလာတဲ့ Bobby Soxer

လူငယ်ကြိုက်အဆိုတော်တွေဖြစ်ကြတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer က Rap သီချင်းတွေနဲ့ အောင်မြင်ခဲ့သလို နှစ်ပေါင်းများစွာတိုင် ကြည်နူးစရာကောင်းတဲ့ သူတို့ အချစ်ရေးလေးကြောင့်လည်း ပရိသတ်တွေရဲ့ အားကျခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း (၁၀)နှစ်ကျော်ပြီဖြစ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် စိတ်တူကိုယ်တူ ဝါသနာတူနဲ့ ရွှေလက်တွဲနေကြဆဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Bobby Soxer က သူမကို မွေးနေ့လက်ဆောင် အစောကြီးပေးပြီး Surprise လုပ်တဲ့ လွှမ်းပိုင်ရဲ့အကြောင်းကို ပြောပြလာပါတယ်။ “ဒီနှစ်တော့ မွေးနေ့လက်ဆောင် အစောကြီးရတယ် ဝေးဟေးဟေး။ ကိုယ့်ဘာသာဆို ကပ်စေးနှဲပြီးဝယ်ဖြစ်မှာမဟုတ်ဘူ။း ဒီကgameလေးတွေဆော့ချင်လို့ သူ့ဆီကswitchလေးခဏငှားနော်လို့ပြောတုန်းက မငှားဘူးတဲ့။ ပြီးတော့ ဒီနေ့ကျ အတည်ပေါက်နဲ့ အိမ်ကိုလာပို့ပေးတယ် gameခွေတွေရော အိတ်လေးတောင် အပိုပါသေး။” ဆိုပြီး ရုပ်တည်ကြီးနဲ့ Ro တတ်တဲ့ လွှမ်းပိုင်ကြောင့် … Read more

တစ်ကိုယ်တော်ရှိုးပွဲအကြွေးတွေဆပ်ဖို့ ကားရောင်းလိုက်ရတဲ့ ပိုပို

ပရိသတ်ရဲ့အချစ်တော်ပိုပိုကတော့ ဒီနေ့မှာ သူ့ဘဝအတွက် စိတ်မကောင်းဖြစ်စရာတစ်ခုကို မျှဝေခဲ့ပါတယ်။ ပိုပိုကတော့ သူတတ်ကျွမ်းတဲ့အဆိုပညာနဲ့ ဘဝကို တစ်ကနေ စခဲ့ရတဲ့ မိဘမဲ့တစ်ယောက်ပါ။ အားပေးသူပရိသတ်တွေကြောင့်လည်း သူရရှိခဲ့တဲ့ အနုပညာကြေးတွေနဲ့ ကိုယ်ပိုင်အိမ်၊ကားနဲ့ လူတန်းစေ့နေနိုင်လာခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုကတော့ မကြာသေးခင်က မန္တလေးမြို့မှာကျင်းပခဲ့တဲ့ သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်ရှိုးပွဲမှာ အရှုံးတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ သူကိုယ်တိုင် အများကြီးမျှော်လင့်ပြီး ကြိုးစားခဲ့ပေမယ့် Covid-19 ကပ်ရောဂါဆိုးကြီးကြောင့် လူဝင်နည်းခဲ့ပြီး အရှုံးပေါ်ခဲ့ပါတယ် ပရိသတ်ကြီးရေ… ဒီနေ့မှာတော့ ဒီရှိုးပွဲရဲ့ဆုံးရှုံးမှုတွေကို သူချစ်တဲ့ကားလေးကို ရောင်းပြီးဆပ်ခဲ့ပြီဖြစ်ကြောင်း စိတ်မကောင်းစွာ မျှဝေခဲ့ပါတယ်။ “ဒီနေ့ သူမ ဟာ တကယ်ပဲ ထားသွားခဲ့ပြီ… သူမ ကို ကိုယ်က ထွက်သွားခွင့်ပြုလိုက်တာ… ပထမဆုံး ဝယ်ဖူးတဲ့ ကားလေး ဂျပန် ကနေ ရောက်ကတည်းက ကိုယ့်ကို စိတ်ဒုက္ခ မပေးဖူးဘူး…ညဉ် ကောင်းတဲ့ … Read more

အချိုးတွေပြင်ပြီး ဘဝကိုအကောင်းဆုံးဖြတ်သန်းနေတာတောင် မုန်းတဲ့လူတွေရှိနေသေးလို့ စိတ်မကောင်းဖြစ်မိတယ်လို့ ရင်ဖွင့်လာတဲ့ ယုန်လေး

ပရိသတ်ကြီးရေ အနုပညာလောကမှာ ပရိသတ်အားပေးမှုအခိုင်အမာနဲ့ အောင်မြင်မှုတွေရရှိနေတဲ့ ယုန်လေးကတော့ စိတ်သဘောထားပြည့်ဝပြီး အခက်အခဲဖြစ်နေသူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေအမြဲကူညီတတ်တဲ့အပြင် တက်သစ်စ အနုပညာရှင်တွေကိုလည်း မြေတောင်မြှောက်ပေးနေသူ တစ်ဦးလဲဖြစ်ပါတယ်။လတ်တလောမှာတော့ ယုန်လေးက သူကိုယ်တိုင်သွားရောက်ကူညီပေးခဲ့ဖူးတဲ့ အဆိုဝါသနာရှင်လေးနှစ်ဦးနဲ့အတူ ဝမ်းစာဆိုတဲ့ သီချင်းလေးတစ်ပုဒ်ထွက်ရှိထားတာပဲဖြစ်ပါတယ်။ အဆိုပါသီချင်းလေးကတော့ ၂၆နာရီအတွင်း ကြည့်ရှုသူ သုံးသန်းကျော်ရရှိခဲ့လို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပေမယ့်လည်း တစ်ချို့အနည်းငယ်အတွက်တော့ စိတ်မကောင်းဖြစ်နေမိတဲ့အကြောင်းကို အခုလိုပဲရင်ဖွင့်လာခဲ့ပါတယ်။ “ ကျွန်တော် အရင်တုန်းက ရိုင်းရိုင်းစိုင်းစိုင်းနေခဲ့တယ် . ကိုယ့်လူထိတာ နဲ့ မှားမှားမှန်မှန်ပါတော့ ပါလေရာ ဆိုပြီး မုန်းကျတယ် .အဲ့ဒါလည်း သတိအန္တရာယ်ရှိသည် Page မှာပထမဆုံးတင်တဲ့ Video နဲ့ တောင်းပန်ပြီးပါပြီ ။တစ်ချို့ အခုထိ မုန်းနေတဲ့လူတစ်ချို့ အကောင့်အတု တွေဖွဲ့ပြီး လှူံ့ဆော်တယ် .အမှားတွေ များရင် မြန်မာနိုင်ငံရဲ့ တစ်ချို့နေရာတွေမှာ အမှန်ဖြစ်တတ်တယ် … Read more

အရင်က စားပြီးသားပန်းကန်တောင်မဆေးတဲ့သူက ဇနီးဖြစ်သူရဲ့ အမိန့်ကိုမလွန်ဆန်နိုင်လို့ ဆေးကြော်နေရပြီဆိုတဲ့ ညီနန္ဒ

သရုပ်ဆောင်ညီနန္ဒကတော့ အနုပညာလောကထဲမှာ ကျင်လည်ခဲ့တာ အချိန်အတော်ကြာခဲ့ပြီပဲဖြစ်ပါတယ် ။ အနုပညာလှုပ်ရှားမှအနေနဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်နေသလို သူ့ရဲ့ ပရိသတ်တွေကလည်း ခုချိန်ထိ ချစ်ခင်အားပေးနေဆဲဖြစ်ပါတယ် ။ အနုပညာနဲ့ စီးပွားရေးကို တွဲဖက်လုပ်ကိုင်လေ့ရှိတဲ့ ညီနန္ဒကမကြာသေးမီကမှ ပလာတာဆိုင်ဖွင့်ရင် အားပေးကြမှာလားလို့ ပရိသတ်တွေကိုပြောခဲ့ပါသေးတယ် ။ ဒါပေမယ့် လတ်တလောမှာတော့ လူမျိုးဘာသာမရွေးစားသုံးနိုင်တဲ့ကြက်သား(ဗမာကြက်)ထောပတ်ထမင်း အော်ဒါ လက်ခံနေပြီး စီးပွားရေးတစ်ခုအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ် ။ အရင်တုန်းက ကိုယ်စားပြီးသားပန်းကန်တောင်မဆေးတဲ့ ကျွန်တော် အခု ထောပတ်ထမင်းနဲ့တွေ့ ပြီး နောက်ပိုင်း ဇနီးဖြစ်သူ ဒေါ်နန်းထိုက်အောင် ရဲ့ အမိန့်ကိုမလွန်ဆန်နိုင်တော့ပါဘူး…ဒီနေ့ပို့ပြီးတဲ့ ၁၄၁ ပွဲ ချက်ပြုတ်ထားသမျှတွေကို မနက်ဖြန် order ၁၃၈ပွဲအတွက် မနက်စောစောချက်ပြုတ်ရန် ဆေးကြော သန့်ရှင်းမှု ပြီးစီးပါပြီခင်ဗျာ… ဆိုတဲ့စာသားလေးနဲ့အတူ ဇနီးဖြစ်သူနဲ့ ဒိုးတူဘောင်ဖက် လုပ်ကိုင်နေကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ … Read more

လွန်ခဲ့တဲ့ (၁၉) နှစ် ဆီဒိုးနားဟိုတယ်မှာကျင်းပခဲ့တဲ့ ထက်ထက်မိုးဦးရဲ့မွေးနေ့ပွဲဗွီဒီယိုဖိုင်လေး

ပြီးခဲ့တဲ့ မေလ(၈) ရက်နေ့လေးကတော့ ပြည်သူချစ်သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်တဲ့ ထက်ထက်မိုးဦးရဲ့ အသက်(၄၉) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ ထက်ထက်ကတော့ တစ်ခေတ်တစ်ခါတုန်းက ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေကို သိမ်းပိုက်ခဲ့တဲ့ ကြော်ငြာဘုရင်တစ်ပါးဆိုရင်လည်း မမှားပါဘူး။ မိုးကုတ်မြေက သာမန်လူတန်းစားဘဝကနေ တက်လှမ်းလာခဲ့သူဖြစ်ပြီး သူချစ်တဲ့အနုပညာကို အကောင်းဆုံးပုံဖော်ခဲ့သူမို့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာအပြည့်နဲ့ အားပေးဝန်းရံခြင်းကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ လူချစ်လူခင်ပေါများလွန်းတဲ့ ထက်ထက်ရဲ့လွန်ခဲ့တဲ့ (၁၉) နှစ် (၂၀၀၁) ခုနှစ်တုန်းက ဆီဒိုးနားဟိုတယ်မှာကျင်းပခဲ့တဲ့မွေးနေ့ပွဲအမှတ်တရဗွီဒီယိုဖိုင်လေးကိုတော့ မိတ်ကပ်ပွင့်က ပြန်လည်မျှဝေပေးခဲ့ပါတယ်။ အဲ့ဒီအချိန်တွေကတော့ ထက်ထက်ရဲ့ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့အချိန်တွေဖြစ်ပြီး ဒီဗွီဒီယိုဖိုင်လေးထဲမှာတော့ အရင်အချိန်တွေကို လွမ်းမောစရာကောင်းလောက်အောင် ပျော်ရွှင်နေကြတဲ့ သူတို့တွေကို တွေ့မြင်ရမှာပါ။ တစ်ခေတ်တစ်ခါက ပျိုမြစ်နုနယ်တဲ့အသွင်တွေနဲ့အနုပညာရှင်များကို တစ်စုတစ်စည်းထဲပြန်လည်မြင်တွေ့ရမယ့် ထက်ထက်ရဲ့မွေးနေ့ပွဲဗွီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ Source – Pwint Ko Ko Aung Credit- Cele Gabar UNICODE … Read more

“အမေများနေ့မှာ မိခင်ဖြစ်သူကို ပိုပြီး သတိရလွမ်းဆွတ်မှုတွေကို ရင်ဖွင့်လာတဲ့ ဆုမြတ်နိုးဦး”

ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးကိုတော့ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်.။ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးမှုတွေကို သူမရဲ့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာနေတတ်တဲ့ အပြုအမူလေးတွေနဲ့အတူ သိမ်းပိုက်ထားတဲ့သူပဲဖြစ်ပါတယ်.။သူငယ်ချင်းဖြစ်သူ ကျော်ကျော်၊ ညီထွဋ်ခေါင်တို့နဲ့အတူ ဟာသပေ့ခ်ျလေးတစ်ခုကို ထောင်ထားကာ ပရိသတ်တွေအတွက် ပျော်ရွှင်စေမယ့် ဗီဒီယိုဖိုင်နဲ့ ပိုစ့်လေးတွေကို တင်ပေးနေတဲ့သူပါ.။ ဆုမြတ်နိုးဦးဟာ မေလ (၃)ရက်နေ့မှာ ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် ဆုံးပါးသွားတဲ့ မိခင်ဖြစ်သူကြောင့် သူမရဲ့ စိတ်ထိခိုက် ခံစားနေရမှုတွေကနေ သက်သာအောင် နေထိုင်ကာ လူမှုကွန်ရက်စာမျက်နှာကိုတောင် မသုံးဖြစ်ခဲ့ပါဘူး.။ ဒီနေ့ မေလ (၁၀)ရက်နေ့ အမေများနေ့မှာတော့ သူမရဲ့ မိခင်ကို တမ်းတ သတိရသွားစေတာမို့ ခံစားချက်လေး တစ်ချို့ကို “ဒီနေ့အမေများနေ့တဲ့မေမေ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ ရုတ်တရက် … Read more

အခွင့်အရေးရရင် ဒါရိုက်တာဏကြီး ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားသစ်မှာ သရုပ်ဆောင်ချင်ကြောင့် ပွင့်ပွင့်လင်းလင်းပြောလာတဲ့ ဘုန်းလျှံ

မင်းသားချော ဘုန်းလျှံကတော့ ပရိသတ်တွေနဲ့ရော မိသားစုတွေနဲ့ပါ (၇)နှစ်တာ ဝေးကွာသွားပြီး အခုဆိုရင် သူ့ရဲ့အတိတ်ကအမှားတွေကို ပြင်ဆင်ပြီးနေပြီပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဘုန်းလျှံက သူအောင်မြင်နေတုန်းအချိန်မှာ လမ်းမှားရောက်သွားခဲ့တာကြောင့် သူချစ်တဲ့ အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းဝေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘုန်းလျှံက အခုချိန်မှာလည်း သူချစ်တဲ့ အနုပညာကိုသာ ဆက်လက်လုပ်ကိုင်သွားဖို့ ကြိုးစားနေပြီပဲ ဖြစ်ပါတယ်။ အနုပညာလောကထဲ ပြန်လည်တိုးဝင်ဖို့ ကြိုးစားနေရတဲ့ ဘုန်းလျှံကို သူ့ရဲ့ သူငယ်ချင်းဖြစ်သူတစ်ယောက်က ဒါရိုက်တာ ဏကြီး ရိုက်ကူးမယ့် “The Guys Of Rangoon 1930” မှာ အခွင့်အရေးရစေချင်ကြောင်း ပြောထားပါတယ်။ ဘုန်းလျှံကလည်း “သူငယ်ချင်းရေ တကယ်လို့ရိုက်ရရင်တော့အကောင်းဆုံးကြိုးစားပြလိုက်မယ်။ မျှော်လင့်ပါတယ်။ ဆုတောင်းပေးကြပေါ့။” ဆိုပြီး သူကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ချင်ကြောင်း ပြောပြထားပါတယ်။ ဒါရိုက်တာကြီး ဏကြီးနဲ့ ထုတ်လုပ်သူတွေလည်း … Read more

ဆွမ်းခံထွက်ဖို့ အခက်အခဲဖြစ်မှာစိုးတဲ့အတွက် သီလရှင်ကျောင်းတိုက်တွေကို ဆွမ်းဆန်နဲ့ စားနပ်ရိက္ခာများလှူဒါန်းခဲ့တဲ့ လွင်မိုး

အကယ်ဒမီများရှင် မင်းသားကြီး လွင်မိုးကတော့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကာလမှာတော့ သူ့ခေတ်သူ့အခါလို့ ဆိုရလောက်အောင် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ လက်မလည်အောင် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ လွင်မိုးက အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာ စီးပွားရေးလုပ်ငန်းတွေကိုသာ ဦးစားပေးလုပ်ကိုင်နေတာကြောင့် အနုပညာလုပ်ငန်းတွေနဲ့ အလှမ်းဝေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ လွင်မိုးနဲ့အတူတူ သမီးကြီး ယွန်းဝတီလွင်မိုး၊ မြေးလေး Liam တို့ကို အားပေးချစ်ခင်နေကြဆဲပါပဲ။ ဒီနေ့မှာတော့ မင်းသားကြီးလွင်မိုးက ကပ်ရောဂါကာလဆိုးကြီးမှာ ဆွမ်းခံထွက်ဖို့ အခက်အခဲဖြစ်နေတဲ့ သီလရှင်ဆရာလေးများကို ဆွမ်းဆန်နဲ့ စားသောက်ရိက္ခာတွေ လှူဒါန်းခဲ့ပါတယ်။ လွင်မိုးတို့ ဇနီးမောင်နှံက သီလရှင်ကျောင်း (၂) ကျောင်းကို ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ ငါးခြောက် အစရှိတာတွေကို ဆက်ကပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ လွင်မိုးတို့ ဇနီးမောင်နှံကတော့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများပီပီ အလှူအတန်းကို ထောင့်စေအောင်ကို … Read more