“Birthday Showပွဲကနေ ရရှိတဲ့ ရံပုံငွေထဲက သိန်း(၃၀၀)ကို Covid အရေးပေါ်တုံ့ပြန်ရေးကော်မတီမှာ လှူဒါန်းခဲ့တဲ့ စိုင်းစိုင်း”

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် စိုင်းစိုင်းခမ်းလှိုင်ကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ စိုင်းစိုင်းက သူ့ရဲ့ မွေးနေ့ရောက်တိုင်းမှာ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးဖို့အတွက် “SAI SAI BIRTHDAY SHOW” ပွဲကို နှစ်တိုင်းကျင်းပလေ့ရှိပါတယ်..။ စိုင်းစိုင်း ဒီနှစ်မှာလည်း အပြင်မှာ ကျင်းပလို့ အဆင်မပြေနိုင်လို့ ဧပြီလ (၁၀)ရက်နေ့မှာ အိပ်ခန်းတွင်းမှာပဲ Live လွှင့်ကာ ကျင်းပခဲ့ပါတယ်..။ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စွာ မွေးနေ့လေးကို Live လွှင့်ကာ အချိန်ကုန်ဆုံးခဲ့သလို စိုင်းစိုင်းရဲ့ Birthday show ကနေ ရရှိတဲ့ ရံပုံငွေတွေကိုလည်း လှူဒါန်းခဲ့ကြောင်းကို ဒီနေ့ ဧပြီလ (၁၃)ရက်နေ့မှာ “SAISAI Birthday Show မွေးနေ့ပွဲကို အခမဲ့ဖျော်ဖြေတဲ့အတွက် ပရိသတ်များနဲ့ မိတ်ဆွေများမှ ဝိုင်းဝန်းလှူဒါန်းရာမှာ အခုအချိန်ထိ … Read more

ကြည့်ရှုသူ (၂) သန်းကျော်ခဲ့တဲ့ သင်္ကြန်မှာဦးဦးဖျားဖျား Surprise လုပ်ပြီးရေလောင်းခဲ့တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ ဗီဒီယို

တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ ပျော်ရွှင်ပြီး အားကျစရာကောင်းတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင် ဆယ်လီစုံတွဲတွေထဲမှာ အဆိုတော် လွှမ်းပိုင်နဲ့ Bobyy Soxer တို့အတွဲလေးကလည်း အပါအဝင်ပါပဲ ။ ဂီတလောကမှာ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ကလည်း ချစ်သူသက်တမ်း ဆယ်စုနှစ်တစ်ခုကို ဖြတ်သန်းလာကြပြီဖြစ်ပါတယ် ။ မ Ro တတ်ဘူးလို့ အမြဲပြောတတ်တဲ့ လွှမ်းပိုင်ကတော့ နှစ်သစ်ကူးသင်္ကြန်လေးမှာ ပရိသတ်တွေ ရှေ့မှာပဲ ထက်ထက်ကို အပီအပြင် Ro ပြလိုက်ပါပြီနော် ။ ကဲဒီနေ့မှာတော့ ထက်ထက်ကိုကျွှန်တော်မုန့်ရော Suprise ရော တိုက်လိုက်တယ်ဗျို့ ရေမဆော့ရတဲ့ သင်္ကြန်တော့မဖြစ်ရအောင်အိမ်တွင်းအောင်းရင်း သင်္ကြန်ကျတာပေါ့ဗျာ ဆိုတဲ့စာသားလေးနဲ့အတူ ထက်ထက်မသိအောင် လျှို့ဝှက်ပြီးလုပ်ထားတဲ့ ရေပူဖောင်းတွေနဲ့အတူ သင်္ကြန်မှာ ဦးဦးဖျားဖျား ရေးလောင်းပြီး … Read more

လူချင်းမနီးပေမယ့် နှလုံးသားချင်းနီးနေမယ်လို့ စိုင်းစိုင်းကို ရင်ဖွင့်လိုက်တဲ့ ပွင့်

မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေသိကြတဲ့အတိုင်း ဧပြီလ (၁၀) ရက်နေ့ကတော့ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ် ။ နှစ်စဉ်နှစ်တိုင်း ပရိသတ်တွေအများကြီးနဲ့အတူ Sai Sai Birthday Show ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး လူတွေ တိုးမပေါက်အောင် လာရောက်အားပေးကြတာကိုတော့ ပရိသတ်တွေသိပြီဖြစ်မှာပါနော် ။ ဒီနှစ်အတွက်ကတော့ Covid-19 ကြောင့် လူစုလူဝေးတွေ မပြုလုပ်ရတဲ့အတွက် စိုင်းစိုင်းတစ်ယောက် ထူးခြားတဲ့မွေးနေ့ပွဲလေးကိုကျင်းပခဲ့ပါတယ် ။ ဒီနှစ်မွေးနေ့လေးရဲ့ထူးခြားချက်ကတော့ Stay home လုပ်နေရတဲ့ ပရိသတ်တွေအားလုံးအတွက် Sai Sai Birthday Show in Bedroom ဆိုတဲ့ အစီစဉ်လေးနဲ့အတူ အိပ်ခန်းထဲကနေ ပရိသတ်တွေ အားလုံးကို Live လွှင့်ပြီး ဖျော်ဖြေပေးခဲ့တာဖြစ်ပါတယ် ။ အနုပညာရှင်တွေနဲ့ချစ်ရတဲ့ ပရိသတ်တွေအားလုံးကလည်း စိုင်းစိုင်းအတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြသလို … Read more

အတုတွေ မထည့်ခင်ထဲက ချစ်ဖို့ကောင်းတာပါလို့ ပြောလာတဲ့ နေခြည်ဦး

ပရိသတ်ကြီးရေ .. ဆယ်ကျော်သက်မိန်းကလေးတွေရဲ့ Idol လို့တောင်ပြောလို့ရတဲ့ ဗျူးတီးဘလော့ဂါ နေခြည်ဦးကတော့ မိန်းကလေးတွေရဲ့ အလှပတွေအတွက်ရှေ့ဆောင်လမ်းပြ ပေးနေတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ ဗျူးတီးဘလော့ဂါအဖြစ် ပရိသတ်တွေ စတင်သတိထားမိလာတဲ့ ချီချီကတော့ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာပြီး မင်းသမီးတစ်ယောက်အဖြစ်ပါရပ်တည်လာပြီဖြစ်ပါတယ် ။ နေခြည်တစ်ယောက် မကြာသေးမီက ပရိသတ်တွေကို ကြီးမားတဲ့ သူမရဲ့ ပြောင်းလဲမှုတစ်ခုကို ချပြခဲ့ပါတယ် ပထမဆုံးအကြိမ် မျက်ရစ်နဲ့ နှာခေါင်းခွဲစိတ်မှုပြုလုပ်ခဲ့ပြီး မကြာသေးမီကတော့ ရင်သားခွဲစိတ်မှုနဲ့ မေးရိုးခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ခဲ့ပါတယ် ။ အခုလို ခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း အများအပြားခံခဲ့ရပါသေးတယ် ။ ဒါပေမယ့်ချီချီ ကတော့ သူမရဲ့ခွဲစိတ်မှုတွေကို သူမလို လှချင်သူတွေအတွက် အတွေ့ကြုံလေးတွေ ကို ဗီဒီယိုလေးတွေနဲ့အတူ ပြန်လည်မျှဝေပေးခဲ့ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်းချပြခဲ့သူပါ ။ … Read more