ရွှေတိဂုံဘုရား အရှေ့ဘက်က ဘဝတူမိဘမဲ့ဂီတ ဝါသနာရှင် A4 ကျော်စွာ ကို သူ​ရေးထားတဲ့သီချင်းမှာ Rapဆိုဖို့ စတူဒီယိုခေါ်သွားခဲ့တဲ့ယုန်လေး”
ပရိသတ်ကြီးရေ ယုန်လေးကတော့ အနုပညာအပေါ် ချစ်ပြီးအနုပညာလမ်းမှာ လျှောက်လှမ်းဖို့ ခက်ခဲနေတဲ့ တက်သစ်လူငယ်တွေကို ကူညီပံ့ပိုးနေတဲ့ အနုပညာရှင်တစ်ဦးပါ။ ဒုက္ခရောက်သူတိုင်းကို အမြဲ တတ်နိုင်သလောက် အကူအညီပေးတတ်တဲ့ စိတ်ထားကောင်းလွန်းတဲ့ ပရဟိတစိတ်အပြည့်ရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အနုပညာမောင်နှမတွေအပြင် ပရိသန်တွေကပါ လေးစားချစ်ခင်နေကြရတာပါ။ တက်သစ်လူငယ်တွေကိုလည်း အမြဲ ပံ့ပိုးကူညီပေးတတ်တဲ့သူတစ်ယောက်ဖြစ်တဲ့ယုန်လေးကတေယ့ မကြာခင်က သူကိုယ်တိုင်သွားရောက်ကူညီထားတဲ့ မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဂီတဝါသနာပါ​တဲ့ A4 ကျော်စွာ ကို ဒီနေ့မှာတော့ “ကိုယ်လည်း အားနေတာနဲ့ Studio သွားပြီး ကျွန်တော် အခြေခံ လူတန်းစားဘဝတွေ အကြောင်းရေးထားတဲ့သီချင်းလေးမှာA4 ကျော်စွာ ကို Rap ပေးဆိုလိုက်တယ် . သူတော်တော်ပျော်နေတယ် . ပထမဆုံး Studio ရောက်ဖူးတာတဲ့Moe Moe ကလည်း Piano မေတ္တာ ဖြစ် ဝင်ရောက်ကူညီနောက်တစ်ယောက်ထပ်ပါသေးတယ် Rap … Read more
ဝန်ထမ်းတွေကို အလုပ်မခိုင်းဘဲ လစာပေးထားတဲ့အပြင် ထိုင်းဘတ်(၁၀၀၀)စီပါ မုန့်ဖိုးပေးလိုက်သေးတဲ့ စည်ဖြိုးတို့ မိသားစု
အများကောင်းကျိုးဆို လက်မနှေးကူညီတတ်တဲ့ စည်ဖြိုးတို့မိသားစုလေးကတော့ ပရိသတ်တွေလေးစားအားကျနေရတဲ့ မိသားစုလေးပါ။ အလှူကြီးအတန်းကြီးတွေ မကြာခဏပြုလုပ်လေ့ရှိတဲ့အပြင် လက်အောက်ငယ်သားတွေကိုလည်း မိသားစုဝင်တွေကို ဆက်ဆံလေ့ရှိတဲ့ မေတ္တာတရားကြီးမားတဲ့သူတွေပါ။ မကြာသေးခင်က ပြီးသွားခဲ့တဲ့ စည်ဖြိုးဖခင်ရဲ့မွေးနေ့မှာလည်း ဝန်ထမ်းတွေကို ထိုင်းဘတ်ငွေတစ်ထောင်စီ မုန့်ဖိုးပေးခဲ့သေးတာကြောင့် ဝန်ထမ်းတစ်ယောက်ကတော့ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ “Covid-19 စပြီးရန်ကုန်မြို့ကိုဝင်လာကတည်းက ဝမ်းမနာသားသမီးအားလုံးကို အိမ်ထဲကအိမ်ပြင်မထွက်ခိုင်း အလုပ်မလုပ်ခိုင်းဘဲ အိပ်လိုက်စားလိုက်နဲ့လစာလည်းပေး … ခုမွေးနေရောက်တော့လည်း ဘတ်တစ်ထောင်စီထပ်ပေးတော့ ခလေးတွေအားလုံးဝမ်းသာလို့မဆုံးပါဘူး ကျေးဇူးအလွန်ကြီးမားသောစိတ်ထားအလွန်ပြည့်ဝသော သဘောကောင်းမနောကောင်း စေတနာမေတ္တာ ကရုဏာအရမ်းကြီးမားတဲ့ သူတော်ကောင်းအန်တီသီတို့မိသားစုကို ဝမ်းမနာသားသမီးများအားလုံးကိုစားကျေးဇူးကမ္ဘာပါအန်တီ” ဆိုပြီး ဝန်ထမ်းတစ်ယောက်ကတော့ သူတို့အလုပ်ရှင်ရဲ့ မေတ္တာတရားကြီးမားပုံကို လူမှုကွန်ရက်ပေါ်မှာဖော်ပြခဲ့ပါတယ်။ စည်ဖြိုးတို့မိသားစုလေးကတော့ ချစ်ချစ်ခင်ခင်နဲ့ အလုပ်တွေတက်ညီလက်ညီလုပ်ကြတဲ့အပြင် သတ္တဝါတိုင်းကို မေတ္တာထားကူညီဖို့ ကြိုးစားနေကြသူတွေဖြစ်တဲ့အတိုင်း အခုတစ်ခေါက်မှာလည်း အလုပ်ရှင်ကောင်းတစ်ယောက်အဖြစ် ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကားဆိုကာ မျှဝေပေးခဲ့တာလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ Source – E … Read more
မန္တလေးမြို့ကစာပေပညာရှင်နဲ့ သဘင်သည်တွေအတွက် ရိက္ခာစုစုပေါင်း သိန်း(၂၀)ဖိုးလှူဒါန်းပေးခဲ့တဲ့ ဒေါင်း
စာပေနဲ့ အနုပညာကိုချစ်ခင်တန်ဖိုးထားတတ်တဲ့ မင်းသားချောဒေါင်းကတော့ မန္တလေးမြို့က စာပေပညာရှင်တွေနဲ့ သဘင်သည်တွေအတွက် စားသောက်ကုန်ရိက္ခာတွေလှူဒါန်းပေးခဲ့ပါတယ်။ သူကတော့ မြန်မာနိုင်ငံမှာ Covid-19 စဖြစ်ကတည်းက လိုအပ်နေတဲ့နေရာတွေကို ကူညီဖို့လက်မနှေးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ ရန်ကုန်ကလေးဆေးရုံကြီးမှာ လိုအပ်တဲ့စက်ပစ္စည်း(၁၆၅) သိန်းဖိုးအပြင် မန္တလေးမြို့နေ အခြေခံလူတန်းစားတွေအတွက်လည်း ဆက်တိုက်ကူညီလျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာစာပေအနုပညာကို ချစ်မြတ်နိုးသူတစ်ယောက်မို့ မကြာသေးခင်ကပဲ မန္တလေးမှာနေထိုင်တဲ့ စာပေပညာရှင်တွေအတွက် အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးခဲ့ပြီး ဒီနေ့မှာလည်းထပ်မံပြီးတော့ မန္တလေးမြို့က စာရေးဆရာ၊ကဗျာဆရာ၊သတင်းစာဆရာ၊ပန်းချီဆရာ၊ဂီတမှူး၊လူရွင်တော်၊အငြိမ့်မင်းသမီး၊ကာတွန်းဆရာ စုစုပေါင်း (၃၈) ဦး ထဲကမှ (၈) ဦးကို ကျပ် (၁၀၀၀၀၀) စီ နဲ့ (၃၀) ဦးကို နေသူရိန်ပဲဆီသန့်( ၅) ပိဿာစီ စုစုပေါင်းငွေကျပ်သိန်း(၂၀) ဖိုး လှူဒါန်းပေးခဲ့ပြန်ပါတယ် ပရိသတ်ကြီးရေ… ဒေါင်းကတော့ လတ်တလောမှာလည်း အိမ်မှာနေရင်းပျင်းနေမယ့် ပရိသတ်ကြီးအတွက် ရသစာပေတွေကို … Read more
အမျိုးသားကျန်းမာရေးဓါတ်ခွဲဌာနက ကျန်းမာရေးဝန်ထမ်းများကို Brand ဌက်သိုက်များစွာလှူဒါန်းပေးခဲ့တဲ့ ချစ်သုဝေ
လမ်းခင်းနေတဲ့ လမ်းလုပ်သားတွေတွက် အစားအသောက်များနေ့စဉ် လှူဒါန်းပေးခဲ့တဲ့ ထက်ထက်ထွန်း
အလှမယ်တစ်ဦးဖြစ်တဲ့ ထက်ထက်ထွန်းတစ်ယောက်ဟာ စမတ်ကျလှတဲ့ဖက်ရှင်နဲ့ ဖော်ရွေပျူဌာတဲ့ အပြုံးလေးတွေကြောင့် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို တစ်ခဲနက်ရရှိထားသူပါ။ သူမကိုတော့ မော်ဒယ်ပိုင်းတွင်သာမကပဲ ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်လာတာကို တွေ့လာရပါတယ်။ သူမရဲ့အမိုက်စားခန္ဓာကိုယ်ကြောင့်လည်း မိန်းကလေးပရိသတ်များကပါအားကျနေရတာပါ။ ထက်ထက်ထွန်းကတော့ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့အတူ ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းကို ဖမ်းစားထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ထက်ထက်ထွန်းကတော့ အချိန်တိုင်း ဖက်ရှင်ကျတဲ့ ဒီဇိုင်းတွေနဲ့ အမြဲ စမတ်ကျလှနေသူလည်းဖြစ်ပါတယ်။ ထက်ထက်ထွန်းကတော့ သူမရဲ့ အလန်းစားဖက်ရှင်လေးကြောင့်လဲ ပရိသတ်တွေရဲ့ အချစ်ကိုရရှိနေသူဆိုလည်းမမှားပါဘူးနော်။ သူမကတော့ အနုပညာအလုပ်တွေကြိုးစားလုပ်ကိုင်သလို ပရဟိတလုပ်ငန်းတွေကိုလည်း အမြဲလိုလိုကိုယ်တိုင်ဆောင်ရွက်တက်သူလေးဖြစ်ပါတယ်။လတ်တလောမှာလည်း လမ်းခင်းနေတဲ့ လမ်းလုပ်သားတွေတွက် အစားသောက်များကို နေ့စဉ်လှူဒါန်းပေးနေတဲ့ ပုံလေးတွေကို ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိသလို လေးစားအားကျမိတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။ Credit – Cele Zone Photo – Htet Htet … Read more
ပရဟိတသမားတိုင်း လိုက်နာစောင့်ထိန်းရမယ့်အချက်တွေကို တိတိကျကျပြောပြခဲ့တဲ့ ခိုင်နှင်းဝေ
ပရဟိတဆိုရင် လက်မနှေးတတ်တဲ့ ကလေးတို့မေမေ ခိုင်နှင်းဝေကတော့ ပရဟိတနဲ့ပတ်သက်ပြီး သူမရဲ့ခံယူချက်တွေနဲ့ လုပ်ဆောင်ချက် တွေကို ” ပရဟိတလုပ်ဆောင်တဲ့သူတွေမှာ စေတနာ တင်သာမကဘဲ လိုက်နာစောင့်ထိမ်းရမယ့် ကျင့်ဝတ်လေးတွေလဲရှိတယ်လို့ မှတ်သားဖူးပါတယ်။ ဒီကျင့်ဝတ်တွေထဲမှာ ကျမသေသေ ချာချာမှတ်မိတဲ့အချက်တစ်ချက်ကတော့ ကိုယ်ပိုင်လှူတန်း တာဖြစ်ဖြစ် တခြားသူတွေရဲ့ အလှူတွေကို လှူဒါန်းတဲ့နေရာမှာဖြစ်ဖြစ် အရေးကြီးတာ ကိုယ်လှုတန်းတဲ့အလှူပစ္စည်းတွေက အမှန်တကယ် လိုအပ်တဲ့ လူတွေဆီကို မှန်မှန်ကန်ကန် ရောက်ရှိဖို့ဆိုတဲ့အချက်ဖြစ်ပါတယ်။ ” ” ဒါကြောင့် ကျမပရဟိတလုပ်ဆောင်တဲ့အခါတိုင်းမှာ ဘာသာမရွေး လူမျိုးမရွေး အဖြူအမဲ မရွေး ပါတီစွဲမရှိ လိုအပ်တဲ့သူတွေကို ကူညီနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ ဒီလိုရောက်ရှိ နိုင်ဖို့အတွက် နည်းလမ်းရှာရပါတယ်။ ကြိုးပမ်းအားထုတ်ရပါတယ်။ ကူညီနိုင်မဲ့သူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ အစွဲကင်းရပါတယ်။ လိုအပ်တဲ့သူ ဘယ်သူဖြစ်ဖြစ် သူ့တို့ဆီကို လိုအပ်တဲ့အကူအညီတွေ … Read more
Ve Ve အချိုရည်ရဲ့ Brand Ambassador အဖြစ်ခန့်အပ်ခြင်းခံခဲ့ရတာကြောင့် အရင်ကထက်ပိုအလှူတွေလုပ်နိုင်တော့မယ်ဆိုတဲ့ ယုန်လေး
ယုန်လေးကတော့ လတ်တလောပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ တစ်ကိုယ်တော်ပရဟိတသမားတစ်ယောက်ပါ။ တကယ်ခက်ခဲနေတဲ့ အခြေခံလူတန်းစားတွေဆီကို ရောက်အောင်သွားပြီး တတ်နိုင်သမျှကူညီပေးနေတာကြောင့်လည်း အခုဆိုရင် ပရိသတ်တွေကိုယ်တိုင်ကကို ယုန်လေးကို အားကိုးလာကြတဲ့အထိ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုကို ရရှိလာပြီဖြစ်ပါတယ်။ သူကိုယ်တိုင်ဝင်ငွေမရှိပေမယ့် တတ်နိုင်သမျှကူညီပေးနေတာကြောင့် သူ့ရဲ့အသုံးစရိတ်ကိုပါ ထိခိုက်လာပြီး ပိုက်ဆံလက်ကျန်မရှိတော့ကြောင်း လွန်ခဲ့တဲ့ရက်ပိုင်းက မျှဝေခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ သူ့အတွက်စိတ်မကောင်းဖြစ်နေကြမယ့် ပရိသတ်ကြီးအတွက် ဝမ်းသာစရာသတင်းစကားလေးတစ်ခုကို မျှဝေခဲ့ပါတယ်။ “ကျွန်တော့်ကို ချစ်တဲ့လူတွေလည်း ပျော်အောင်တင်ပေးတာပါ။ကျွန်တော်ကတော့ တော်တော်ပျော်နေပါပြီ ။စေတနာ အကျိုးပေးတယ်လို့ပဲ ယူဆပါတယ် … တကယ် ဟိုနေ့က ပိုက်ဆံလေး ဒါလေးပဲ ရှိတော့တယ်ဆိုပြီး တင်ဖူးပါတယ် . ဘဝမှာလည်း တစ်ခါမှဘယ် Brand Ambassador မှမဖြစ်ဖူးပါဘူး .ဒီနေ့ Veve နဲ့ စာချူပ်ချူပ်ပြီးပါပြီ .ဒီလို ကပ်ဆိုးကြီးကြားမှာ ဖြစ်တဲ့အတွက် … Read more
ဇနီးဟောင်းမေသန်းနု လွတ်မြောက်လာတဲ့အခါ နေထိုင်ဖို့ အိမ်တစ်အိမ်ငှားပေးပြီး အစစအရာရာ လိုလေသေးမရှိ စီစဉ်ထားတဲ့ စင်ရော်မောင်မောင်
နိုင်ငံကျော် မင်းသမီး အကယ်ဒမီများရှင် မေသန်းနုကတော့ ငွေကြေးလိမ်လည်မှုကြောင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁)နှစ် ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ မေသန်းနုအတွက် ခင်ပွန်းဟောင်း စင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့ကတော့ အကောင်းဆုံးဆိုတဲ့အရာတွေကို ကြိုးစားလုပ်ကိုင်ပေးနေကြတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း မေသန်းနုအတွက် ခင်ပွန်းဟောင်း ဒါရိုက်တာ စင်ရော်မောင်မောင်က အိမ်တစ်အိမ်ငှားပေးပြီး အစစအရာရာ စီစဉ်ထားတဲ့အကြောင်းကို ပြောပြထားပါတယ်။ “အင်းစိန်တောရစခန်းတွင် တရားဆောက်တည်နေသော ရုပ်ရှင်သရုပ်ဆောင် မေသန်းနု ပြန်ထွက်လာချိန်တွင် နေထိုင်နိုင်ရန်အတွက် မေလ (၁)ရက်နေ့မှ စ၍ ကျွန်တော့်အိမ်၏ အနီးဆုံးနေရာတွင် ကျွန်တော့်အနေဖြင့် စတင်ငှါးရမ်းထားပါသည်။ ၄င်းအပြင် မေသန်းနု၏ မြောက်များလှစွာသောပစ္စည်းများကို ကျွန်တော်တို့ သားအဖနှင့်အတူ စင်ရော်အဖွဲ့သားများမှ ရွှေ့ပြောင်းပေးပြီး ဆေး ဖြန်းလျက်ရှိကြောင်းချစ်စွာသော ပရိသတ်များအားအသိပေးအပ်ပါသည်။” “လူ နှစ်သောင်းသုံးထောင် ပြန်လွတ်သည့်အထဲတွင် မပါဝင်လာသော ရုပ်ရှင်သရုပ်ဆောင် … Read more
ဒီနေ့မှာ အသက်(၅၄) နှစ်ပြည့်သွားပြီဖြစ်တဲ့ ပရိသတ်ရဲ့အချစ်တော် ထွန်းအိန္ဒြာဗိုလ်
ဒီနေ့မေလ(၁)ရက်နေ့လေးကတော့ ပရိသတ်ရဲ့အချစ်တော် ထွန်းအိန္ဒြာဗိုလ်ရဲ့ အသက်(၅၄) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သူကတော့ ဟိုးအရင်အချိန်တွေကတည်းက အခုထိ အောင်မြင်မှုကိုရေရှည်ထိန်းထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူကျင်လည်နေတဲ့ သရုပ်ဆောင်နယ်ပယ်နဲ့ ဂီတနယ်ပယ်နှစ်ခုစလုံးမှာ သူမတူထူးခြားတဲ့ပါရမီတွေနဲ့ အောင်မြင်မှုရရှိနေသူပါ။ နှောင်းတမြေ့မြေ့၊ အမေ့နို့ဖိုး၊ မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍ ရုပ်ရှင်ဇာတ်ကားတွေနဲ့ မြန်မာရုပ်ရှင်ထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိထားသူတစ်ယောက်ပါ။ ဂီတနယ်ပယ်မှာလည်း တေးသီချင်းကောင်းမြောက်များစွာနဲ့ တစ်ကိုယ်တော်တေးစီးရီးတွေထွက်ရှိထားပြီး City FM ကချီးမြှင့်ထားတဲ့ ဆု(၆) ဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေ သိမ်းပိုက်ထားတဲ့ မခိုင်ကြီးကတော့ အခုဆိုရင် ချစ်ရတဲ့ခင်ပွန်း၊သားလေးတစ်ယောက်နဲ့ အတူ အနုပညာအလုပ်တွေလုပ်ကိုင်ရင်း ပျော်ရွှင်သာယာတဲ့ဘဝလေးကို တည်ဆောက်ထားပါတယ်။ ဒီနေ့မှာကျရောက်တဲ့ မွေးနေ့ကစပြီး နောက်နှစ်ပေါင်းများစွာတိုင် ချစ်ရတဲ့မိသားစုနဲ့အတူ အောင်မြင်ပျော်ရွှင်တဲ့ဘဝကို တည်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ Source – Htun Eaindra Bo’ Wiki Credit … Read more
ဆွမ်းစားမကြွရတဲ့ ဆရာတော်ကြီးတွေအတွက် ဆွမ်းဆန်တော်များကို လှူဒါန်းပြီး ကုသိုလ်ယူခဲ့တဲ့ အကယ်ဒမီ ခန့်စည်သူ
မင်းသားကြီး ခန့်စည်သူက အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရုံသာမက အလှူအတန်းမှာလည်း ရက်ရက်ရောရော လှူဒါန်းတတ်လို့ နိုင်ငံတော်က ချီးမြှင့်တဲ့ သီဟသုဓမ္မမဏိဇောတဓရဘွဲ့ကိုလည်း ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ ခန့်စည်သူက အခုလို တစ်နိုင်ငံလုံး ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာလည်း အစစအရာရာ ထောင့်စေ့အောင်ကို လှူဒါန်းနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ခန့်စည်သူက ဆွမ်းစားမကြွရတဲ့ ဆရာတော်ကြီးတွေအတွက် ဆွမ်းဆန်တော်များကို လှူဒါန်းခဲ့ပါတယ်။ ခန့်စည်သူက ကျေးဇူးရှင် ရွှေသုဝဏ် ဆရာတော်ဘုရားကြီးကျောင်းသို့ ဆွမ်းဆန်တော် ၁၀ အိတ်၊ စစ်ကိုင်းစာသင်တိုက် ပဓါန နာယကဆရာတော်ဘုရားကြီးကျောင်းသို့ ဆွမ်းဆန်တော် ၁၀ အိတ်၊ သင်္ဃန်းကျွန်းမြို့နယ် သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော် ၁၀ အိတ်၊ ဓမ္မဝိဟာရ ပထမကျော် စာသင်တိုက်နှင့်ဓမ္မရိပ်သာသို့ ဆွမ်းဆန်တော် -၁၀ အိတ်၊ စုစုပေါင်း ဆွမ်းဆန်တော် အိတ်(၄၀)ကို … Read more