ချစ်သူကောင်မလေးရဲ့ ကုန်းတိုက်စကားကြောင့်၊ အသိဉာဏ်မဲ့တဲ့ အမှုတွေ ကျူးလွန်းခဲ့သူ

အသိဉာဏ်ကင်းမဲ့သူ အမျိုးသားတစ်ယောက်ဟာ ချစ်သူကောင်မလေးရဲ့ ကုန်းချောစကားကြောင့် မလုပ်သင့်မလုပ်အပ်တဲ့ အမှုတွေကို ကျူးလွန်ခဲ့ပါတယ်။ အဆိုပါအမျိုးသားရဲ့အမည်ကတော့ Ruslan Lebedev ဖြစ်ပါတယ်။ သူဟာ အသက်(၂၆)နှစ်သာ ရှိပါသေးတယ်။ သူဟာ လူငယ်ကောင်လေးနှစ်ယောက်ကို သူ့ချစ်သူရဲ့ ကုန်းချောစကားကြောင့် သတ်ပစ်ခဲ့တာပါ။ အသတ်ခံရသူ ကောင်လေးနှစ်ယောက်ကတော့ Maxim Khabibullin (၁၇)နှစ်နဲ့ Alexander Rain (၁၆)နှစ်တို့ဖြစ်ပါတယ်။ Ruslan ရဲ့ချစ်သူအမည်ကတော့ Anna ဖြစ်ပါတယ်။ သူမကို Maxim နဲ့ Rain တို့က ဝိုင်းပြီးအဓမ္မကျင့်ခဲ့တယ်ဆိုပြီး Ruslan ကို ပြောခဲ့ပါတယ်။ တကယ်က အဲဒီကောင်လေးနှစ်ယောက်က သူမကို ဘာမှ လုပ်ခဲ့တာ မဟုတ်ပါဘူး။ Ruslan က အမြဲတမ်း လေလုံးထွားပြီး၊ Anna ကို ထိပါးလာသူမှန်သမျှကို အရှင်မထားဘူးဆိုပြီး မကြာခဏ … Read more

ပထမဆုံးအကြိမ် ကမ်းခြေရောက်ဖူးတာမလို့ အပြုံးမပျက်နိုင်အောင် အပျော်လွန်နေတဲ့ ကြောင်လေး

ကပ်ရောဂါအခြေအနေကြောင့် အသွားအလာကန့်သတ်မှုတွေပြုလုပ်ခဲ့လို့ လူတွေရော ၊ အိမ်မွေးတိရစ္ဆာန်တွေပါ အိမ်အတွင်းမှာသာ နေထိုင်နေရပြီး စိတ်ကျဉ်းကျပ်နေခဲ့ရတာပါ ။ အခုအချိန်မှာတော့ နေရာအတော်များများ ၊ နိုင်ငံအတော်များများဟာ အသွားအလာကန့်သတ်မှုတွေဖြေလျော့လိုက်ပြီး ပုံမှန်အတိုင်လည်ပတ်နေကြပါပြီ ။ သို့ပေမဲ့လည်း လူစုလူဝေးများလွန်းတဲ့နေရာမျိုးကို ရှောင်ရှားပြီး လူအများကသွားလာနေကြပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက Semsema Mahmoud အမည်ရှိတဲ့အမျိုးသားဟာ သူ့ရဲ့ကြောင်လေးကို ပထမဆုံးအကြိမ်ကမ်းခြေသို့ခေါ်သွားခဲ့ပါတယ် ။ ကြောင်လေးမှာလည်း လွတ်လပ်ပေါ့ပါးမှုတွေကို ပထမဆုံးအကြိမ်ပြန်ခံစားရတာဖြစ်လို့ နေရောင်အောက်မှာ နေပူဆာလုံရင်း အပြုံမပျက်တဲ့ရုပ်လေးနဲ့ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ် ။ စိတ်လှုပ်ရှားပြီးစူးစမ်းလွန်းတဲ့ ကြောင်လေးဟာ သဲနုမြေလေးတွေကို ခြေဖဝါလေးနဲ့တူးဆွပြီး အပျော်ကြီးပျော်နေခဲ့တာပါ ။ ပြီးနောက် ထိုင်ခုံလေးပေါ်မှာ အားရပါးရမှီအိပ်ပစ်ပြီး ကမ်းခြေရောက်တဲ့ခံစားချက်ကိုအပြည့်အဝခံစားနေတာပါ ။ ချစ်ဖို့ကောင်းလွန်းတဲ့ ကြောင်လေးရဲ့ ပထမဆုံးအကြိမ်ကမ်းခြေရောက်တဲ့အတွေ့အကြုံကို ဝေမျှချင်လွန်းလို့ ကြောင်ပိုင်ရှင်လေးက ဓာတ်ပုံမြောက်များစွာရိုက်ပြန်လည်ဝေမျှခဲ့လို့ ကြောင်လေးဟာ … Read more

Covid -19 ကူးစက်ခံရတဲ့ အဘွားဖြစ်သူကို Mouth-To-Mouth ဖြင့် အသက်ပြန်ရှုအောင်ကြိုးစားခဲ့တဲ့ မြေးရဲ့အဖြစ်

အချို့သောသူတွေဟာ အဘိုး၊ အဘွားတွေနဲ့သာကြီးပြင်းလာခဲ့ရလို့ ၎င်းတို့အတွက် အဘိုးအဘွားတွေဟာ မိဘတစ်ဖွယ်ချစ်မြတ်နိုးတန်ဖိုးထားနေရတာပါ ။ မကြာသေးခင်က online ပေါ်မှာ ပျံ့နှံ့နေခဲ့တဲ့ ဓာတ်ပုံလေးရဲ့နောက်ကွယ်က မြေးအဘွားရဲ့အဖြစ်ဟာလည်း အတော်လေးရင်ကွဲနာကျရလောက်တဲ့အထိ မြင်တွေ့နေရသူတွေကိုခံစားရစေမှာပါ ။ ထို့အပြင် အဆိုပါဓာတ်ပုံလေးထဲမှ မြေးဖြစ်သူဟာ သူ၏အဘွားကို မည်မျှချစ်မြတ်နိုးကြောင်း စားဖွဲ့ပြီးပြောဆိုရင်တောင် မမှီပါဘူး ။ ဖြစ်စဉ်ကတော့ မက်စီကိုမြို့ရဲ့ General Hospital ဆိုတဲ့ဆေးရုံရဲ့ ကားပါကင်တစ်နေရာမှာ အမျိုးသားတစ်ဦးဟာ Covid -19 ကူးစက်ခံထားရတဲ့ အဘွားဖြစ်သူကို ဆေးရုံတက်ရောက်ကုသနိုင်ပြင်ဆင်နေခဲ့တာပါ ။ ထို့နောက် အဘွားဖြစ်သူကို ကားထဲမှာစောင့်ခိုင်ခဲ့ပြီးနောက် ဆေးရုံအတွင်းသို့ပြေးဝင်ခဲ့ပြီး ကားဆီသို့ပြန်လာချိန်မှာတော့ မမျှော်လင့်ထားခဲ့တဲ့အခြေအနေပုံစံနဲ့ အဘွားဖြစ်သူကိုမြင်တွေ့ခဲ့ပါတော့တယ် ။ အဲဒါကတော့ အဘွားဖြစ်သူဟာ အသက်မရှုတော့သလို ဘာတုံ့ပြန်မှုမျိုးမှမရှိတော့လို့ အဆိုပါအမျိုးသားဟာ ရောဂါကူးစက်ခံရမှာကိုမကြောက်တော့ဘဲ ချက်ချင်းအဘွားဖြစ်သူကိုကယ်နိုင်ဖို့ mouth-to-mouth ဖြင့် အဘွားဖြစ်သူ … Read more

အိမ်နီးချင်းအမျိုးသမီးနဲ့ ရန်ဖြစ်တဲ့အမျိုးသား ငယ်ပါပြုတ်အောင် အကိုက်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ထိပ်ပိတ်အုပ်စုမှာ ခြံနှစ်ခြံကြား သစ်ပင်စိုက်လို့ စကားများရန်ဖြစ်ရာ အမျိုးသမီးက တဘက်ခြံမှ အမျိုးသားရဲ့ ငယ်ပါကို ပြုတ်ထွက်အောင် ကိုက်စွဲခဲ့လို့ဒီနေ့နံနက်က တာပွန်နယ်မြေရဲစခန်းမှာ အမူဖွင့်ထားတယ်လို့ သိရပါတယ်။ဖြစ်စဉ်မှာ ထိပ်ပိတ်အုပ်စု၊ ကျီးပင်စာရေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ ညနေက ဦးလှစိုးအား တဘက်ခြံရှိ အသက် ၃၉ နှစ်အရွယ် မမာလေးမှ ခြံနှစ်ခြံကြား ကုက္ကိုပင်စိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နှစ်ဦးသားအချင်းများခဲ့ကြပါတယ်။ အဲဒီလို အချင်းများရာမှ မမာလေးက ဦးလှစိုးခြံထဲကိုဝင်ရောက်ကာ ခေါင်းကို ဝါးလုံးနဲ့ရိုက်ခဲ့ရာ လဲကျသွားစဉ် အနီးရှိ မတင်တင်ညိုဆိုသူကလည်း ဝါးလုံးနဲ့ ထပ်မံရိုက်နှက်ခဲ့ပြီး လဲကျနေတဲ့ ဦးလှစိုးရဲ့ ငယ်ပါနဲ့ ပေါင်ကို ကိုက်ဆွဲနေစဉ် ဇနီးဖြစ်သူမှ အော်ဟစ်အကူအညီတောင်းဝင်ဆွဲရာ မတင်တင်ညိုမှ ဦးလှစိုးရဲ့ ဇနီးဖြစ်သူကိုပါ ဝါးလုံးနဲ့ရိုက်နှက်ခဲ့လို့ … Read more

တစ်လကို မြန်မာငွေ သိန်း တစ်ထောင်လောက်ဝင်နေတဲ့ ဒူဘိုင်းက တောင်းစားတဲ့သူများ

အာရပ်နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ဒူဘိုင်းနိုင်ငံဟာ ချမ်းသာတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ အားလုံးသိထားပြီးဖြစ်ပါလိမ့်မယ်။ ဘယ်လောက်တောင်ချမ်းသာလဲ ဆိုရင် သူတို့နိုင်ငံမှာတောင်းစားတဲ့ သူတောင်းစားတွေရဲ့ တစ်လဝင်ငွေဟာ နိုင်ငံအများစုမှာ ပညာရှင်အဖြစ်လုပ်ကိုင်နေသူတွေရဲ့ တစ်နှစ်ဝင်ငွေထက်တောင် များတယ်ဆိုရင် သင်ယုံနိုင်ပါ့မလား..? တောင်းစားတဲ့သူတွေဟာ ဒူဘိုင်းကို တရားဝင်ခရီးသွားဗီဇာနဲ့ ဝင်ရောက်လာကြပြီး အချိန်သုံးလအတွင်းမှာပဲ အကျိုးအမြတ်အများကြီးရှိနေကြပါတယ်။ တောင်စားတဲ့နေရာမှာ ပရော်ဖက်ရှင်နယ်ဖြစ်နေတဲ့ သူတောင်းစားတစ်ယောက်ရဲ့ တစ်လဝင်ငွေဟာ ဒူဘိုင်းငွေကြေး ၂၇၀,၀၀ (အမေရိကန်ဒေါ်လာ ၇၃,၅၀၀) မြန်မာကျပ်ငွေ သိန်းတစ်ထောင်နီးပါး ဝင်ငွေရှိနေပါတယ်။ မြန်မာပြည်မှာ တစ်နှစ် သိန်းတစ်ထောင် ဝင်တဲ့ဝန်ထမ်း ရှိရင်တောင် အရမ်းရှားမယ်ထင်ပါတယ်။ တောင်းစားသူတွေဟာ လူတွေရဲ့ သနားကြင်နာ၊ ဂရုဏာသက်မှုတွေအပေါ် အခွင့်ကောင်းယူ တောင်းစားသူတွေဟာ လူတွေရဲ့ သနားကြင်နာ၊ ဂရုဏာသက်မှုတွေအပေါ် အခွင့်ကောင်းယူပြီး ဒူဘိုင်းနိုင်ငံသားတွေအပေါ် လုပ်စားနေတယ်လို့ အွန်လိုင်းမှာ ဖော်ပြမှုတွေရှိခဲ့ပြီး ရဲတွေအနေနဲ့ ဒါတွေကိုရှင်းလင်းဖို့ … Read more

နန့်မွန်းမြို့မှ “ရှားပါးမျိုးစိတ်ဝင် အသေကောင်ပန်းပွင့်ကြီး” (ရုပ်သံ)

“ရှားပါးမျိုးစိတ်ဝင် အသေကောင်ပန်းပွင့်ကြီး”ဆိုတဲ့အမည်နဲ့ ဆန်းပြားတဲ့ အဆင်းနဲ့ ပန်းပွင့်ကြီးရဲ့ ပုံတွေကို ဖေ့စ်ဘွတ်ခ်အင်တာ နက်လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေမှုတွေ ပြုလုပ်နေကြပြီး နာမည်ကြီးနေပါတယ်။ အဆိုပါ ပန်းပွင့်ရဲ့ ပုံတွေကိုတော့ Nang Mee Mee အမည်နဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုသူ တယောက်က ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။ “အိမ်နောက်ဖေးက ခြံထဲမှာ အပွင့်အကြီးကြီး ပွင့်နေတာလှလိုက်တာ။ အပြင်ပန်း ကြည့်ရင်း အရမ်းလှတယ် ပုပ်စော်နံလို့ မခံနိုင်ပါ။ တခြံလုံး ပုပ်နံ့တွေ လှိုင်လို့။ နောက်မှ အဖြေတွေ့တော့တယ် ဒီအပွင့်ကြီး။ (တချို့လူတွေလိုပေါ့ ရုပ်ကလေးကလှပါရဲ့ စိတ်နေ စိတ်ထားကပုပ်)၊ ဘာပန်းလဲ…သိလား” အဲဒီပို့စ်အောက်မှာတော့ ကွဲပြားခြားနားတဲ့ မှတ်ချက်တွေနဲ့အတူ တမဟုတ်ချင်း နာမည်ကြီးနေခဲ့ပြီး တချို့က ထူးဆန်းတဲ့ ပန်းပွင့်ကြီးက ဘာပန်းလဲ၊ ဘယ်လိုအမျိုးအစားလဲစတဲ့ မှတ်ချက်တွေနဲ့ … Read more

မြန်မာငွေနဲ့ တစ်လုံးကို တစ်သိန်းကျော်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး သရက်သီး

မြန်မာငွေနဲ့ တစ်လုံးကို တစ်သိန်းကျော်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံး သရက်သီး ဒီတသက်စားရဖို့နော့မမြင် တလုံးကို တစ်သိန်းကျော်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံးMiyazakiသရက်သီး အသီးမှာသရက်ဆိုသည့်အတိုင်း သစ်သီးများတွင်သရက်သီးသည် အရသာနှင့်အရောင်အနံ့ကစွဲမက်ဖွယ်ကောင်းပါသည်။ကမ္ဘာ့သရက်သီးဇျေးကွက်တွင် ဇျေးအကြီးဆုံးသရက်သီးမျိုးမှာ ဂျပန်နိုင်ငံထွက်မီယာဇာကီသရက်သီးဖြစ်ပြီး သတ်မှတ်အလေးချိန်ရှိ အသီးတလူံးလျင်($50-$70(မြန်မာငွေတသိန်းကျော်) တန်ဖိုးရှိပါသည်။ အသီးအလေးချိန်သည် 350gmအထက်ရှိရပါမည်။ Miyazakiသရက်သီးသည် သာမန်သရက်သီးထက်၁၅%မျှပိုချိုပါသည်။Miyazaki သရက်ကို ဂျပန်နိုင်ငံတောင်ပိုင်း ကျူရူးကျွန်းမှာ စိုက်ပျိုးပြီး ကမ္ဘာ့ဈေးအကြီးဆုံး သရက်သီးဖြစ်ပါတယ်။သူ၏အရောင်နှင့် အချိုဓာတ်မြင့်မားမှုကြောင့် နာမည်ကြီးသရက်အဖြစ်ရပ်တည်နေပါတယ်။ စိုက်ပျိုးသောနေရာသည်နေ့အလင်းရောင်ရရှိမှုမြင့်မားပြီး မိုးရေချိန်များ သောကြောင့်သရက်သီးက အရောင်လှစေတယ်လို့ ယူဆကြပါတယ်။အသီး ရင့်မှည့်ပါက သူ့အလိုလိုကြွေသောအသီးက အချိုဓာတ်မြင့်မားတာကို သတိပြုမိတဲ့ စိုက်ပျိုးသူတွေဟာ နောက်ပိုင်းမှာ အသီးကိုဇကာပိုက်အိပ် စွပ်ပေးပြီး အလိုအလျောက်ကြွေကျမှ အသီးကိုယူကြပါတယ်။ ရင့်မှည့်ပါကအနီရင့်ရောင်ရှိသည်။ ထို့ကြောင့် Miyazaki သရက်ကို “Egg of Sun” ဟုတင်စားခြင်း ဖြစ်မည်။ အသီးကို အရောင်ညီမျှစေရန် … Read more

ငါးနှစ်သားလေး အမေ့ကားယူမောင်းလာတာကို အမေရိကန် အဝေးပြေးလမ်းတစ်ခုမှာမိ

သုံးဒေါ်လာ အိတ်ထဲထည့်ပြီး ကားဝယ်ဖို့ ထွက်လာတဲ့ ငါးနှစ်သား ကလေuးtah highway patrol တချို့ကလေးလေးတွေ ကြမ်းပြင်ပေါ် ထမင်းပန်းကန် မှောက်ချပစ်လို့ ဒါမှမဟုတ် ကြောင်အမြီး လိုက်ဆွဲလို့ မိဘတွေ ဒေါသထွက် ခေါင်းကိုက်ရတတ်ပါတယ်။ဒါပေမဲ့ အမေရိကန်နိုင်ငံ ယူတာပြည်နယ်က အေဒရီယန် ဆိုတဲ့ ၅နှစ်သား ကောင်လေးကတော့ အဖေ၊အမေရဲ့ကားကို ယူမောင်းသွားလိုက်တာ အဝေးပြေးလမ်းမကြီးပေါ် ရောက်မှ ရဲက တားခဲ့ရတာပါ။ အဝေးပြေးလမ်းမပေါ်မှာ ကားတစ်စီး တစ်နာရီ မိုင် ၃၀ နှုန်းနဲ့ ကွေ့ကောက် မောင်းနေတာကို ယာဉ်ထိန်းရဲက တွေ့ခဲ့ပြီး ရပ်ဖို့ တားခဲ့တာပါ။ ကားမောင်းသူက အသာတကြည်ပဲ ရပ်ပေးခဲ့ပါတယ်။ ကားမောင်းသူနေရာမှာ ကလေးလေးကို တွေ့လိုက်ရတော့ ရဲက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပါတယ်။ ဒါတင်မကသေးပါဘူး။ ကလေးက လမ်ဘာဂီနီကား သွားဝယ်မလို့ … Read more