ဝေဘာဂီဆေးရုံက Covid-19 အတည်ပြုလူနာ (၁)ဦးသေဆုံး
လူနာသစ် (၆)ဦးလည်းထပ်တိုးခဲ့ပါတယ်။ဒီကနေ့ ဧပြီလ (၁၈)ရက်နေ့က Covid-19 အတည်ပြုလူနာတစ်ဦး သေဆုံးခဲ့ပြီး လူနာသစ် (၆)ဦးထပ်တိုးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မနက်(၈)နာရီမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ လူနာက ဧပြီလ(၁၇)နေ့ညက အတည်ပြုခဲ့တဲ့ လူနာ (၃)ဦးထဲက ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါအခံရှိတဲ့ အသက်(၇၈)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဒီကနေ့ မနက် ဝေဘာဂီဆေးရုံမှာပဲ ဆေးကုသမှုခံယူနေစဉ် ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှုလမ်းကြောင်းပျက်စီးခြင်းနှင့် ရောဂါအခံတို့ကြောင့် သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။အဆိုပါလူနာဟာ ဧပြီလ (၁၃)ရက်နေ့က ရောဂါလက္ခဏာများခံစားခဲ့ရတာကြောင့် (၁၅)ရက်နေ့ကစလို့ အင်းစိန်ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူခဲ့တာဖြစ်ပါတယ်။ ဧပြီလ(၁၇)ရက်နေ့ညကပဲ ရောဂါရှိကြောင်းအတည်ပြုခဲ့ပြီးနောက် ဝေဘာဂီဆေးရုံကို ပြောင်းရွှေ့ကုသပေးခဲ့ပြီး ဒီကနေ့မနက်အစော (၂း၅၅)မိနစ်အချိန်မှာ သေဆုံးခဲ့တာလည်းဖြစ်ပါတယ်။ ဝေဘာဂီဆေးရုံမှာ ကုသပေးနေတဲ့ လူနာတွေအနက် (၃)ဦးကိုလည်း အထူးကြပ်မတ်ဆောင်မှာ ကုသပေးလျှက်ရှိနေတယ်လို့ သိရပါတယ်။ ယနေ့ ထပ်တိုးလူနာ(၆)ဦးရဲ့ … Read more
ကိုယ်ပိုင်အသိစိတ်နဲ့ Quarantine 21ရက်ဝင်သွားခဲ့တဲ့ ဇော်ဝင်းထွဋ်
အဆိုတော် ဇော်ဝင်းထွဋ်ဟာ COVID-19 ကာကွယ်ရေးအနေနဲ့ Quarantine ဝင်သွားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ကျန်းမာရေး အခြေအနေကိုလည်း ပြောပြခဲ့ပါတယ်။နာမည်ကျော် Rock အဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ ဧပြီလ ၁၇ ရက်နေ့က COVID-19 ရောဂါကာကွယ်ရေး စင်တာတစ်ခုဖြစ်တဲ့ အမရာဆောင်မှာ Quarantine ဝင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ကျန်းမာရေးအခြေအနေကိုလည်း သူ့ရဲ့ အမာခံပရိသတ်တစ်ဦးက အခုလို ပြောပြထားပါတယ်။ “အားလုံးချစ်တဲ့ ကိုညီထွဋ် က Fbပေါ်တတ်လာတဲ့ပုံတစ်ပုံကြောင့် Quarantine ဝင်သွားတာပါ။ ပုံရိုက် တုန်းပဲ ခဏထိုင်တာပေမယ့် အားလုံးသံသယကင်းအောင် စိတ်ချရအောင်ဝင်သွားတာပါ။ Quarantine ဝင်နေတဲ့ကိုညီထွဋ် လည်းနေကောင်းကျန်းမာပါတယ်။ ပြီးရင်အားလုံးနဲ့ပြန်ဆုံဖို့ပြန်လာမှာအသေချာပါ။ ကျန်းကျန်းမာမာနဲ့ပြန်လာမယ့်ကျွန်တော်တို့ချစ်တဲ့ Rockerကြီးကိုညီထွဋ် ကိုကြိုဆိုဖို့ အားလုံးဆုတောင်းရင်းစောင့်ကြတာပေါ့နော် Admin Team” ဆိုပြီးတော့ ဧပြီလ ၁၈ ရက်နေ့ … Read more
ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ဖို့အတွက် ရန်ကုန်တိုင်းထဲမှာ ကိုကိုးကျွန်း မြို့နယ်ကလွဲပြီး မြို့နယ်အလိုက် ဒီကနေ့ ဧပြီ ၁၈ ရက် ည ၁၀ နာရီကန မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကို ရန်ကုန်တိုင်းအစိုးရက ထုတ်ပြန်လိုက်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာ ရောဂါကူးစက်ခံရသူ ၈၈ ဦးရှိပြီး အဲဒီအထဲမှာ ရန်ကုန်တိုင်းအတွင်း ဗိုလ်တထောင်၊ အင်းစိန်၊ မင်္ဂလာတောင်ညွန့်၊ အလုံမြို့နယ်၊ စမ်းချောင်း၊ ဗဟန်း၊ မင်္ဂလာဒုံ၊ တာမွေ၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ လှည်းကူး၊ ရွှေပြည်သာ၊ ပန်းဘဲတန်း၊ ပုဇွန်တောင်၊ တောင်ဒဂုံ စတဲ့ မြို့နယ် ၁၇ မြို့မှာ လူ ၇၀ ကူးစက်ခံထားရပြီး ၃ ဦး သေဆုံးခဲ့ပါတယ်။ ကိုဗစ်ရောဂါကြောင့် … Read more
တောင်အာဖရိကမှာ Lock Down ကြောင့် လူသူကင်းရှင်းသွား၍ ခြင်္သေ့များ လမ်းမပေါ် တက်အိပ်နေကြ
အနှေးနဲ့အမြန်ဆိုသလိုပဲ တိရစ္ဆာန်တွေဟာ လူသားတွေ ပျောက်ကွယ်သွားတာကို သတိထားမိလာကြပြီး တောင်အာဖရိက ကရူဂါသဘာဝဥယျာဉ်ထဲက ခြင်္သေ့တွေကတော့ အဲဒီ့အခွင့်အရေးကို ကောင်းကောင်းအသုံးချနေကြပါတယ်။ တောခေါင်း ရစ်ချတ် ဆိုးရီးတစ်ယောက် ဗုဒ္ဓဟူးနေ့က ကင်းလှည့်တော့ ပုံမှန်ဆို ကမ္ဘာလှည့်တွေနဲ့ စည်ကားရှုပ်ထွေးနေတတ်တဲ့ လမ်းမပေါ်မှာ ခြင်္သေ့တွေ အအိပ်ကြီးအိပ်နေကြတာကို ဓာတ်ပုံရိုက်ယူလာခဲ့ပါတယ်။အခြားသော ကမ္ဘာနဲ့အဝန်းက တောရိုင်းဥယျာဉ်တွေလိုပဲ ကရူဂါကိုလည်း ကိုရိုနာဗိုင်းရပ်စ်ပိတ်သိမ်းမှုပြဌာန်းချက်အရ မတ်လ ၂၅ရက်နေ့ကတည်းက ပိတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။ဒါပေမယ့်လည်း တောခေါင်းတွေ ခြင်္သေ့ကြီးတွေကို လမ်းပေါ်မှာ တွေ့ရလေ့ရှိတာက ညအချိန်မှသာဖြစ်ပါတယ်။ မစ္စတာ ဆိုးရီးကတော့ မရှိမဖြစ်ဝန်ထမ်းအနေနဲ့ ပိတ်သိမ်းကာလအတွင်းမှာပါ ဆက်လက် အလုပ်လုပ်နေရပြီး တောရိုင်းတိရစ္ဆာန်တွေကို စစ်ဆေးနေရသလို၊ ခိုးဖမ်းသူတွေရဲ့ ရန်ကလည်း ကာကွယ်ပေးနေရပါသေးတယ်။ ဗုဒ္ဓဟူးနေ့ နေ့လယ်ခင်းက မစ္စတာ ဆိုးရီးတစ်ယောက် ဥယျာဉ်ထဲ ကားပတ်မောင်းကြည့်တော့ ရှေ့လမ်းမပေါ်မှာ ခြင်္သေ့တွေကို အစဉ်အလာမဟုတ်ဘဲ … Read more
ဝေဘာဂီဆေးရုံကြီး မှာ အရေးပေါ်လိုအပ်နေတဲ့ မီးစက်ကြီး ကို အမျှော် အမြင်ရှိရှိမေတ္တာရှေ့ထားလှူ တန်းလိုက်တဲ့ အရှင်ဆေကိန္ဒ
(၁၇-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ထုတ်ပြန်ချက်အရ Covid 19 ရောဂါတွေ့ ရှိသူ ၃ ဦးထပ်မံတွေ့ရှိ
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၇-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၇-၄-၂၀၂၀) ရက်နေ့၊ နံနက် ပိုင်းအထိ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၃,၅၀၅) ဦး၏ ဓာတ်ခွဲ နမူနာများကို စစ်ဆေးခဲ့ရာ (၈၅) ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး (၃,၄၂၀) ဦးတွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။ ၂။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၇၉)ဦးအား အောက်ပါဇယားအတိုင်း သက်ဆိုင်ရာ ဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ် ကောင်းမွန်လျက်ရှိပါသည်။ ၃။ မြန်မာနိုင်ငံတွင် (၂၄-၃-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါရှိကြောင်းဓာတ်ခွဲစစ်ဆေး တွေ့ရှိခဲ့ပြီး ဝေဘာဂီအထူးကုဆေးရုံကြီး တွင် … Read more
မူးယစ် ဆေး သုံးစွဲမှု နဲ့ ထောင် ဒဏ် (၇)နှစ်ကျခံပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ မင်းသားဘုန်းလျှံ
တစ်​ချိန်​က နှုတ်​ခမ်းနီမ​လေး​တွေရဲ့ အသည်းစွဲ ခန္ဓာကိုယ်​​တောင့်​​တောင့်​တင်းတင်းနဲ့ ​ယော​ကျာ်းပီသသူ သရုပ်​​ဆောင်​ဘုန်းလျှံကို မှတ်​မိကြဦးမှာ​ပေါ့။ ဘုန်းလျှံဟာ မြန်​မာရုပ်​ရှင်​ဇာတ်​ကား​တွေမှာ အရံသရုပ်​​ဆောင်​အ​နေနဲ့ ​တော်​​တော်​များများ သရုပ်​​ဆောင်​ခဲ့ပြီး သီချင်း MV ​တော်​​တော်​များများမှာလဲ ပါဝင်​ခဲ့သူတစ်​ဦးပါ။ပရိသတ်​ကြီးချစ်​တဲ့ သရုပ်​​ဆောင်​ဘုန်းလျှံဟာ ၂၀၁၃ ခုနှစ်​မှာ မူး ယ စ်ေ ဆး ၀ါးများနှင့်​အတူ ဖမ်းဆီးခြင်းခံခဲ့ရပြီး သာယာဝတီ အကျဉ်း​ထောင်​မှာ နှစ်ရှည်ထောင်​ဒဏ်​ကျ​နေသူတစ်​ဦးပဲဖြစ်​ပါတယ်​။ ဒီကနေ့ ဧပြီလ (၁၇)ရက်နေ့မှာတော့ ဘုန်းလျှံက နိုင်ငံတော်က ချမှတ်ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီလို့ ဝမ်းသာစွာ ကြားသိရပါတယ်။ ဘုန်းလျှံက (၇) နှစ်ကြာပြီးနောက် လူ့အသိုင်းအဝိုင်းထဲကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပြီး အနုပညာလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဦးမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဘုန်းလျှံက (၇) နှစ်ကြာပြီးနောက် လူ့အသိုင်းအဝိုင်းထဲကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပြီး အနုပညာလုပ်ငန်းတွေ … Read more
ကိုရိုနာဗိုင်းရပ်စ် ဗဟိုချက် ဝူဟန်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၀ ရာခိုင်နှုန်းတိုးလာဟု တရုတ်က ပြင်ဆင်ကြေညာ
တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဗဟိုချက် ဖြစ်သော ဝူဟန်မြို့ ၌ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁,၂၉၀ ဦး ထပ်တိုးလာပြီး ၅၀ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း၊ ကူးစက်မှု အဆိုးဆုံးအချိန်တွင် အလွန်အကျွံ လူနာလက်ခံထားရသော ကျန်းမာရေးစင်တာများ၌ လူနာလက်ခံနိုင်စွမ်း မလုံလောက်မှုကြောင့် ကူးစက်ခံရသူ တွက်ချက်မှု လျော့နည်းခဲ့ခြင်း ဖြစ်ကြောင်း တရုတ်အစိုးရ မီဒီယာ Xinhua က ဧပြီ ၁၇ တွင် ‌ဖော်ပြခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝူဟန်တွင် သေဆုံးမှုသည် ၃,၈၆၉ ဦးရှိခဲ့ပြီး တရုတ်၌ သေဆုံးသူအများဆုံးနေရာ ဖြစ်သည်။လူဦးရေ ၁၁ သန်းရှိသော ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၀,၃၃၃ ဦး ဖြစ်ကြောင်းလည်း အာဏာပိုင်များက ပြင်ဆင်ခဲ့သည်။၃၂၅ ဦးတိုးလာခဲ့သော ဝူဟန်တွင် ကူးစက်ခံရမှုသည် … Read more
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ အဆိုတော် နီတာ ရဲ့ လက်ရှိကျန်မာရေး အခြေအနေ
အမေရိကန်တွင် ကိုဗစ်လူနာတစ်ရာကျော်ကို Remdesivir ဆေးဖြင့် စမ်းသပ်ကုသရာ အားလုံးနီးပါးလျှင်မြန်စွာ သက်သာလာ၊ကိုဗစ်ကိုကုသနိုင်သော ကမ္ဘာ့ပထမဆုံးဆေးဝါးဖြစ်လာဖွယ်ရှိနေ
အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုဆေးရုံတစ်ခုတွင် ကိုဗစ်ရောဂါကူးစက်ခံနေရသော လူနာတစ်ရာကျော်ကို အမေရိကန်ဆေးသုတေသနကုမ္ပဏီ Gilead Sciences က ထုတ်လုပ်သော Remdesivir ဆေးဖြင့် ကုသရာတွင် အားလုံးနီးပါးလျှင်မြန်စွာ သက်သာ ပျောက်ကင်းလာကြောင်း STAT သတင်းကို ကိုးကား၍ CNN သတင်းဌာနက သတင်းဖော်ပြသည်။ကိုဗစ်ရောဂါခံစားနေရသည့် လူနာ ၁၂၅ ဦးကို Remdesivir ဆေးဖြင့် ကုသရာတွင် အများစုမှာ အဖျားပြန်လည်ကျဆင်းပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာများ သက်သာပျောက်ကင်းပြီး ရက်အနည်းအတွင်း ဆေးရုံမှ ဆင်းနိုင်ကြကြောင်း သတင်းဖော်ပြသည်။ Remdesivir ဆေးသည် COVID-19 ရောဂါကို ဖြစ်ပွားစေည့် SARS-COV-2 ဗိုင်းရပ်စ်ကို ကုသနိုင်သည့် ပထမဆုံးသော ဆေးဝါးအဖြစ် ဓာတ်ခွဲသုတေသနစမ်းသပ်မှုများအရ သတ်မှတ်ထားပြီး လတ်တလော လူနာများတွင် စမ်းသပ်ကုသနေပြီဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းကလည်း Gilead ဆေးကုမ္မဏီ၏ စမ်းသပ်ကုသမှု … Read more