Dispatch ထုတ်ဖော်လိုက်တဲ့ Kim Seon Ho EXရဲ့အလိမ်အညာများ

Choi (မိန်းကလေး) နဲ့ KSH တို့က 2019 ကုန်ခါနီးမှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။KSH က Choi ဟာ အိမ်ထောင်ရှိခဲ့ပြီး ကွာရှင်းထားတဲ့သူ ဖြစ်တဲ့အကြောင်းကို 2020 March ကမှသိခဲ့ဝာာပါ ဒါပေမယ့် KSH က တဖက်မိန်းကလေးကို သဘောကျတဲ့အတွက် သူနဲ့ပဲအတူဆက်ရှိခဲ့ပြီး ငါတို့ကြားမှာဘာမှမပြောင်းလဲဘူး လို့ပြောခဲ့ပါတယ်။

KimSeonHo နဲ့ Choi တို့က အတူတူ ခရီးထွက်လေ့ရှိပြီး နေရာစုံမှာ ချိန်းတွေ့ခဲ့ပါတယ်။ 8 July 2020 မှာ Choi က KSH ဆီကို တောင်းပန်စာတစ်စောင်ပို့ခဲ့ပါတယ် အကြောင်းက သူမနဲ့တခြားလူတစ်ယောက်ဖောက်ပြန်နေတာကို KSH ဘက်ကသိသွားလို့ပါတဲ့။ ဒီလိုကိစ္စခနခနဖြစ်နေတဲ့အတွက် ဒီမိန်းကလေးနဲ့ ရှေ့ဆက်လို့မရတော့ဘူးဆိုတာ KSHကသိခဲ့ပါတယ်။

ဒါပေမယ့် KSH က Choi ဟာ ဒီလိုအမှားမျိုး ထပ်မလုပ်တော့ဘူးလို့ မျှော်လင့်ပြီး သူ့ကို ခွင့်လွှတ်ခဲ့ပါတယ်။ July 24 2020 မှာတော့ Choi က ကိုယ်ဝန်ရှိနေကြောင်းသိသွားပါတယ် KSH က ပျော်တယ်လို့ပြောပေမယ့် ဆွေးနွေးပြီးနောက်မှာတော့ နှစ်ယောက်စလုံးဟာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

KSH က သူမအတွက် ရေညှိဟင်းချိုကို 2 ပတ်ကြာအောင် သူကိုယ်တိုင် ချက်ကျွေးခဲ့တာပါတဲ့ ။Choi ကို KSH ကသူ့မိဘတွေနဲ့ မိတ်ဆက်ပေးခဲ့ပေမယ့် သကိုယ်ဝန်ဖျက်ချပြီးနောက်ပိုင်း လက်ထပ်မယ်ဆိုတဲ့ကတိကို ကြန့်ကြာနေအောင်လုပ်တယ်လို့ ခံစားရတယ်လို့ Choi ကပြောပါတယ်

ကိုယ်ဝန်ဖျက်ချပြီးနောက် KSH က ပိုက်ဆံတအားကပ်စေးနည်းလာတယ် လို့ သူမက လိမ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့အသိအကျွမ်းတွေပြောပြချက်အရ သူတို့နှစ်ယောက်တွဲနေတဲ့အချိန်အတွင်းမှာ ငွေရေးကြေးရေးကို KSHကပဲ တာဝန်ယူခဲ့တာပါ။ ဒါ့အပြင် Choi က ဈေးကြီး brandsတွေကိုပဲကြိုက်တဲ့သူပါတဲ့။ KSH က Choi ရဲ့အနားကလူတွေကြောင့် အခက်တွေ့ရတယ်လို့ ပြောဖူးပါတယ် သူမက လူဆိုးဂိုဏ်းတွေ ခင်ပွန်းဟောင်းရဲ့ ဆွေမျိုးတွေနဲ့ အဆက်အသွယ်ရှိနေတုန်းပဲလို့ဆိုပါတယ်။

Dispatch က Choi ရဲ့ အလိမ်အညာတွေကို သက်သေပြလို့ရတဲ့ အထောက်အထားအများကြီးရှိပါတယ်တဲ့။ဒီလောက်ဆို ပြသနာရဲ့ အကြောင်းစုံကို ရှင်းရှင်းလင်းလင်းသိကြပြီထင်ပါတယ်။