Kim Sae Ronနဲ့ ညီအမလို့တောင် အထင်မှားခံနေရအောင် နုပျိုလွန်းတဲ့သူမရဲ့အမေ

Kim Sae Ronနဲ့ ညီအမလို့တောင် အထင်မှားခံနေရအောင် နုပျိုလွန်းတဲ့သူမရဲ့အမေ

မကြာသေးမီက ထုတ်လွှင့်ပြသ ပြီးတဲ့ The great Shaman Ga Do Shimဇာတ်လမ်းထဲက မင်းသမီးလေး Kim Sae Ronကိုအားလုံးသိမယ်ထင်ပါတယ်။ ဒီတစ်ခါတော့ သူမနဲ့ညီမအမလို့ထင်ရအောင် နုပျိုတဲ့သူမရဲ့အမေအကြောင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

Kim Sae Ron ဟာ သူမနဲ့ အမေဖြစ်သူရဲ့ ဓာတ်ပုံတွေကို သူမရဲ့ Instagram အကောင့်မှာ မကြာခဏတင်လေ့ရှိပြီး သူမရဲ့ အမေ ဖြစ်သူကို ပရိသတ်တွေက သူမရဲ့ အစ်မဖြစ်သူလို့တောင် အထင်မှားလေ့ရှိပါတယ်။

Kim Sae Ron အမေရဲ့နုပျိုမှုဟာ လူပြောများလာခဲ့ပြီး နောက်ဆုံးမှာတော့ အခုလို သတင်းခေါင်းစဉ်တွေအထိပါ ဖြစ်ခဲ့ရပါတယ်။

Kim Sae Ron ရဲ့အမေကို 1980 ခုနှစ် မှာမွေးဖွားခဲ့ပြီး ဒီနှစ်မှာတော့ သူမရဲ့အသက်ဟာ 41 နှစ်ရှိနေပြီပဲ ဖြစ်ပါတယ်။ 41နှစ်ဟာ အသက်အရမ်းမကြီးသေးပေမဲ့လည်း သူမဟာ အံ့သြဖွယ် ကောင်းလောက်အောင် နုပျိုနေခဲ့တာ ဖြစ်ပါတယ်။


Kim Sae Ron ရဲ့အမေဟာ အရင်တုန်းက မဂ္ဂဇင်း မော်ဒယ်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ သူမရဲ့ လှပတဲ့ရုပ်ရည်ကြောင့် မော်ဒယ်လ်တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်က သိပ်ပြီး အံ့သြစရာတော့ မဟုတ်နေ ခဲ့ပါဘူး။

 

လက်ထပ်ပြီး အသက် 20 အရွယ် မှာ Kim Sae Ron ကိုမွေးဖွားခဲ့ပြီး သူမ၏ ကလေးများကို ပြုစုပျိုးထောင်ရန်အတွက် နာမည်ကြီးဖြစ်ချင်တဲ့ သူမရဲ့ အိမ်မက်တွေ အားလုံးကို စွန့်လွှတ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းက Kang Ho Dong ရဲ့ Let’s Eat Dinner အစီအစဉ်မှာ ပါဝင်ခဲ့ပြီးနောက် သူမရဲ့ ငယ်ရွယ်နုပျိုတဲ့ ရုပ်ရည်ကြောင့် ချက်ခြင်း နာမည်ကြီးသွားခဲ့ပြီး သူမရဲ့ အိမ်မက်တွေ ပြည့်သွားခဲ့တယ်လို့ ဆိုရမှာပါ။

Kim Sae Ron သည်လာမည့် 2022 ဘတ်စကက်ဘော ရုပ်ရှင်ဖြစ်သည့် Everyday We Are ၌ပါဝင်သွားမှာဖြစ်ပါတယ်။