သေဆုံးခဲ့တာယနေ့ဆို၂နှစ်ပြည့်သွားပြီဖြစ်တဲ့ F(X)အဖွဲ့ဝင် Sulli

သေဆုံးခဲ့တာယနေ့ဆို၂နှစ်ပြည့်သွားပြီဖြစ်တဲ့ F(X)အဖွဲ့ဝင် Sulli

လွန်ခဲ့တဲ့ ၂နှစ်ခန့်က မိမိကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့တဲ့ ကိုရီးယားမင်းသမီးလေး တစ်ဦးအကြောင်းအားလုံးမှတ်မိမယ်ထင်ပါတယ်။ သူမကတော့ တခြာသူမဟုတ်ပါဘူး F(X)အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ် မင်းသမီးတစ်ဦးလည်းဖြစ်တဲ့ Sulliပဲ ဖြစ်ပါတယ်။

အသက်၂၅နှစ်သာရှိသေးတဲ့ Sulliဟာ စိတ်ကျရောဂါခံစားရပြီး လူတွေရဲ့ဝေဖန်တိုက်ခိုက်မှုကို မခံနိုင်ပဲ သူမရဲ တိုက်ခန်းမှာမိမိကိုယ်ကိုအဆုံးစီရင်ခဲ့တာပဲ ဖြစ်ပါတယ်။ Sulliဟာ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အနေနဲ့ ရုပ်ရှင်လောကထဲ ဝင်ရောက်ခဲ့ပြီး သရုပ်ဆောင်လောက ကိုစတင်ဝင်ရောက်ခဲ့ပါတယ်။ SM Entertaimentမှ F(X)အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ခဲ့ပြီး အောင်မြင်တဲ့ idolတစ်ဦးအဖြစ် ပရိတ်သတ်တွေရဲ့ အားပေးလက်ခံမှုအများကြီးရှိခဲ့ပါတယ်။

Sulliဟာ မသေခင် ပရိတ်သတ်တစ်ချို့ရဲ့တိုက်ခိုက်မှုများစွာခံခဲ့ရပါတယ်။ သူမဘာလုပ်လုပ် အပြောခံနေရတဲ့အထိ တိုက်ခိုက်ခံရပါတယ်။ သူမက ငါမသေခင် မိခင်တစ်ယောက်ဖြစ်ချင်သေးတယ်။ ငါ့မှာ ဘာအပြစ်ရှိလို့မုန်းကြတာလဲ စတဲ့ စကားလေးတွေကို ​ပြောခဲ့ပါတယ်။

သနားစရာကောင်းတဲ့ကောင်မလေးက သူမမသေခင်ရက်ပိုင်းလေးမှာliveလွှင့်ပြီးငိုခဲ့ပါတယ်။ သူမစိတ်ထင် လောကကြီးမှာ သူမကို ချစ်တဲ့သူတစ်ယောက်မှ မရှိလောက်တော့ဘူးလို့ထင်နေတာပါ။ ကောင်မလေးကသူ့ကိုချစ်တဲ့ သူတွေအများကြီးရှိသေးတယ်ဆိုတာကို သိမသွားရှာခဲ့ပါတယ်။

ဒီလိုနဲ့၂၀၁၉ အောက်တိုဘာ၁၄ရက်နေ့မှာ သူမရဲ့တိုက်ခန်းမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး သူချစ်တဲ့ပရိတ်သတ်တွေနဲ့ သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေကို နှုတ်မဆက်ဖဲ ထွက်ခွာသွားခဲ့ပါတယ်။

ဒီနေ့ဆိုရင် Sulli ထွက်ခွာသွားတာ ၂နှစ်ပြည့်သွားခဲ့ပါတယ်။ သူမကောင်းမွန်တဲ့ ဘုံဘဝမှာ အေးအေးချမ်းချမ်း ရှိနေမယ်လို့လည်းထင်ပါတယ်။