ရိုက်ကွင်းမှာ ဝန်ထမ်းတွေကို ကူညီပေးနေတဲ့ ပုံရိပ်တွေကြောင့် ပရိတ်သတ်တွေကြားမှာ ချီးကျူးခံနေရတဲ့ မင်းသား Lee Sangyi

ရိုက်ကွင်းမှာ ဝန်ထမ်းတွေကို ကူညီပေးနေတဲ့ ပုံရိပ်တွေကြောင့် ပရိတ်သတ်တွေကြားမှာ ချီးကျူးခံနေရတဲ့ မင်းသား Lee Sangyi

October 12 ရက်နေ့က tvN ကနေ ‘Hometown Cha-Cha-Cha’ ဇာတ်ကားရဲ့ အပိုင်း 13th, 14th နောက်ကွယ်က ရိုက်ကွင်းပုံရိပ်လေးတွေကို ထုတ်လွှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာတော့ ဒုတိယအမျိုးသားဇာတ်ဆောင် မင်းသားချော Lee Sangyi ပါဝင်ထားတဲ့ ရိုက်ကွင်းတွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

မင်းသားချော Lee Sangyi ဟာ ရိုက်ကွင်းပြီးသွားတဲ့ နားချိန်မှာ ဇာတ်ကားထဲမှာအသုံးပြုခဲ့တဲ့ လေးလံတဲ့ပစ္စည်းတွေကိုရွှေ့ဖို့အတွက် အဖွဲ့သားတွေကို ကူညီပေးနေခဲ့တာပဲ ဖြစ်ပါတယ်။

သူက ပစ္စည်းတွေကို လက်ထဲကိုင်ထားပြီး “ဒါလေးတွေ အရမ်းလေးတယ်” လို့ ပြောဆိုခဲ့တာဖြစ်ပြီး ပစ္စည်းတွေကို ပြောင်းရွှေ့ဖို့ကူညီရင်း တောက်ပစွာပြုံးနေခဲ့တာ ဖြစ်ပါတယ်။

မင်းသားချော Lee Sangyi က သူ့ရဲ့လေးစားစရာကောင်းတဲ့ အပြုအမူလေးတွေကြောင့် ပရိတ်သတ်တွေကြားမှာ ချီးမွမ်းပြောဆိုခြင်းတွေကို ရရှိခဲ့တာပါ။

ဒီဗီဒီယိုအောက်မှာတော့ များစွာသောမှတ်ချက်တွေကို ရေးသားထားခဲ့ကြတာဖြစ်ပြီး “သူက အရမ်းကိုနှိမ့်ချတတ်တာပဲ” “ပုံမှန်အားဖြင့် နာမည်ကြီးတွေကို ဒီလိုကိစ္စမျိုးကို ဂရုမစိုက်ကြဘူး

ဒါပေမယ့် Lee Sangyi က မတူဘူး” “သူက ချစ်စရာကောင်းတယ်လို့ ထင်တယ် ဒရာမာထဲမှာ သနားစရာကောင်းလေးဖြစ်နေတာ ဆိုးတာပဲ” စသဖြင့် များစွာသော မှတ်ချက်တွေကို ပြောထားကြတာ ဖြစ်ပါတယ်။

ဗီဒီယိုကြည့်ရန်