ကြောင်အရမ်းချစ်တက်တဲ့ Squid game မင်းသားကြီး Heo Sungtae

ကြောင်အရမ်းချစ်တက်တဲ့ Squid game မင်းသားကြီး Heo Sungtae

Heo Sungtaeဟာ အလွန်ထူးခြားပြီး ရဲရင့်သော ပုံစံဖြင့် ပွဲဦးထွက်ခဲ့တာ ဖြစ်ပါတယ်။ 1977 ခုနှစ် တွင် မွေးဖွားခဲ့ပြီး အသက် 35 နှစ် (ကိုရီးယား အသက်) အရွယ်မှ စတင် ပွဲဦးထွက်ခဲ့တာ ဖြစ်ပါတယ်။

ဘူဆန် အမျိုးသား တက္ကသိုလ်၌ ရုရှားဘာသာ စကားနှင့် စာပေဘာသာရပ်ကို သင်ယူခဲ့တာ ဖြစ်ပါတယ်။ ဘွဲ့ရပြီးတဲ့နောက် သူသည် အီလက်ထရောနစ် ကုမ္ပဏီ “LG”အတွက် နှစ်စဉ်လစာ မြန်မာငွေ သိန်း 1200 နီးပါးဖြင့် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။

2011 ခုနှစ်တွင် Heo Sungtae သည် SBS အစီအစဉ် ‘Miraculous Audition’ တွင်ပါဝင်ခဲ့ပြီး သရုပ်ဆောင် အလုပ်ကို ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။


Heo Sungtae သည် show တွင်အဆင့် 5 နေရာကိုရရှိခဲ့ပြီး သရုပ်ဆောင်အဖြစ် တရားဝင် ပွဲထွက်ခဲ့ပါတယ်။ သူ၏ပထမဆုံး ပရောဂျက်သည် 2012 ခုနှစ် ရုပ်ရှင် ‘Masquerade’ ဖြစ်ပါတယ်။

မင်းသားကြီးဟာ Squid game ဇာတ်လမ်းမှာ ဗီလိမ်နေရာ ရက်စက်ကြမ်းကြုတ်တဲ့ နေရာမှာ သရုပ်ဆောင်ခဲ့ပေမယ့် အပြင်မှာ အင်မတန် စိတ်ထားနူးညံ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အင်စတာဂရမ်မှ updateများကို ကြည့်ချင်းဖြင့် သူ့ရဲ့ပုံစံနဲ့ စိတ်ဓာတ်ကိုမြင်တွေ့ရပါတယ်။

သူ့ရဲ့igမှာ အများဆုံးနေရာယူထားတဲ့ပုံတွေကတော့ သူ့ရဲ့ ချစ်စရာကောင်းတဲ့ ကြောင်လေးနှစ်ကောင်ပုံပဲ ဖြစ်ပါတယ်။

igမှာရော storyတွေမှာရော အမြဲဆိုသလို ကြောင်ကလေး၂ကောင်ရဲ့ ပုံလေးတွေကို တင်လေ့ရှိပါတယ်။ ကြောင်လေးတွေကို သားသမီးအရင်းတွေလို အရမ်းချစ်ပုံရပါတယ်။