ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ကြတဲ့ နာမည်ကြီးသရုပ်ဆောင်များ

ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ကြတဲ့ နာမည်ကြီးသရုပ်ဆောင်များ

ယခုအခါမှာတော့ ပရိတ်သတ်အချစ်တော် သရုပ်ဆောင်တွေက နာမည်ကြီး ဒရမ်မာတွေမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ခေတ္တခဏပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ ဇာတ်လမ်းတွေကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။

1. Crash Landing on you (2020) Kim Soo Hyun


ထိုဇာတ်ကားမှာ Kim Soo Hyunဟာ မြောက်ကိုရီးယား ကနေ တောင်ကိုရီးယား မှာလာနေတဲ့သူလျှိုပုံစံ သရုပ်ဆောင်ရာတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ပုံစံနဲံမတူပဲ တမူကွဲထွက်ပြီး ပေါတောတောပုံစံနဲ့ ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။

2. Hotel Del Luna (2019) Kim Soo Hyun


Hotel Blue Moon ၏ ပိုင်ရှင်အသစ်အဖြစ် Hotel Del Luna ၌ ဧည်သည်သရုပ်ဆော်အဖြစ် နောက်ဆုံးအပိုင်းမှာပါဝင်ခဲ့ပါတယ်။

3. Itaewon Class (2020) Park Bo Gum

Itaewon Class မှာတော့ Park Bo Gum ဟာ Soo Ah (Kwon Nara) ၏ စားသောက်ဆိုင် အသစ်တွင် စားဖိုမှူးအဖြစ် လာလျှောက်တဲ့ သူအနေနဲ့ ပါဝင်ပါတယ်။ Soo Ahနဲ့ ဇာတ်လမ်းတွေ ဖြစ်သွားကြမယ်လို့လည်း မှတ်ချက်တွေပေးခဲ့ကြပါတယ်။

4. Descendants Of The Sun (2016) Lee Kwang Soo


Running Man ရဲ့အဖွဲ့ဝင်ဟောင်း Lee Kwang Soo ဟာ Descendants Of The Sun မှာ Song Joong Ki အတွက် ဧည့်သည် သရုပ်ဆောင်အနေနဲ့ ပါဝင်ပေးခဲ့ပါတယ်။ Song Hye Kyo ရဲ့ BFF ဖြစ်တဲ့ Yoo Ah In ကလည်း DOTS မှာ cameo အဖြစ်ပါဝင်ခဲ့ပါတယ်။ Kwangနဲ့ Joong Kiတို့က အပြင်မှာလည်းအရမ်းရင်းနှီးတဲ့ အချစ်ဆုံးသူငယ်ချင်းတွေပါ။

5. Arthdal Chronicles (2019) BLACKPINK အဖွဲ့ဝင် Jisoo


Netflix ရဲ့ Arthdal Chronicles မှာ BLACKPINK အဖွဲ့ဝင် Jisooက အသတ်ခံလိုက်ရတဲ့ မင်းသားရဲ့ ချစ်သူအဖြစ်ခဏပါဝင်ခဲ့ရပါတယ်။ Jisooပါဝင်တဲ့အပိုင်းတိုလေးကိုလည်း ကြည့်ရှုသူများစွာရှိခဲ့ပါတယ်။

6. Weightlifting Fairy Kim Bok Joo (2016) Lee Jong Suk


Lee Jong Suk နှင့် Lee Seung Kyung တို့ဟာ အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်တာကြောင့် သူမရဲ့ ဒရမ်မာ Weightlifting Fairy Kim Bok Joo မှာတွင် ဧည့်သည်အဖြစ်နဲ့ ပါဝင် သရုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။

7. My Love From The Star (2013) Bae Suzy

Bae Suzy နှင့် Kim Soo Hyun တို့ နှစ်ယောက်စလုံးဟာ Dream High မှာ အတူတူ သရုပ်ဆောင် ခဲ့ကြတာဖြစ်ပြီး My Love From The Star ဒရာမာမှာလည်း Suzy သည် Dream High မှ ကာရိုက်တာ Go Hye Mi အနေနဲ့ တစ်ဖန် ပြန်လည်ပါဝင်ခဲ့ပါတယ်။ ပရိတ်သတ်တွေရဲ့ကျေနပ်အားရမှုအများအပြားလည်းရခဲ့ပါတယ်။