မိတ်ကပ်ပြင်ထားတဲ့ ပုံစံဟာ အရုပ်မနဲ့ တူတယ်လို့ ချီးကျူးခံနေရတဲ့ “ Squid Game” မင်းသမီး Lee Yoo Mi

မိတ်ကပ်ပြင်ထားတဲ့ ပုံစံဟာ အရုပ်မနဲ့ တူတယ်လို့ ချီးကျူးခံနေရတဲ့ “ Squid Game” မင်းသမီး Lee Yoo Mi

Netflix စီးရီးသစ် Squid Game ရဲ့အောင်မြင်မှုကြောင့် ဇာတ်လမ်းသာမကပဲ သရုပ်ဆောင်တွေပါ အောင်မြင်ကျော်ကြားမှုကို အံ့မခန်းရရှိခဲ့ပါတယ်။

ယခု တစ်ခါမှာတော့ဇာတ်လမ်းတွဲ တစ်ခန်းနှစ်ခန်းမှာသာ ပါဝင်ခဲ့ရပေမဲ့ အချစ်များစွာ ရရှိခဲ့တဲ့ ဇာတ်ကောင်တစ်ဦး ကတော့ Ji Young အဖြစ် သရုပ်ဆောင်ထားသော မင်းသမီး Lee Yoo Miပဲ ရဲ့ အလှကို ပရိတ်သတ်တွေ မှင်သက်သွားတဲ့အကြောင်းကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

ပရိသတ်တော်တော်များများက Lee Yoo Mi ကို သူမရဲ့ အစိမ်းရောင် ဝမ်းဆက်နဲ့သာ မှတ်မိနေကြတာလည်း ဖြစ်ပါတယ်။ ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော် မတိုင်ခင် သူမရဲ့ အင်စတာဂရမ်မှာ ပုံတွေ တင်ပြီးနောက် ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေရဲ့ အာရုံစိုက်မှုကို ထပ်ပြီး ရရှိ သွားခဲ့ပြန်ပါတယ်။

စီးရီးမှာလည်း သူမကို လှတယ်လို့ ချီးကျူးခဲ့ကြပေမဲ့ သူမရဲ့ ပွဲတက်အတွက် ဆံပင်ကို ချည်ထားပြီး အနက်ရောင် ဂါဝန်ကိုဝတ်ထားတဲ့ သူမရဲ့ပုံစံဟာ ပရိသတ်တွေကြားမှာ ရေပန်း စားလာခဲ့ပါတယ်။
သူမရဲ့ဓာတ်ပုံကို “ငါအရမ်း စိတ်လှုပ်ရှားနေတယ်၊ ဘူဆန်မှာ ငါ့စိတ်ကို ငါထားခဲ့တယ် ထင်တယ်” ဆိုတဲ့caption တွေနဲ့တင်ခဲ့ပြီး သူမရဲ့ အပြစ်ကင်းစင်နေတဲ့ ဆွဲဆောင်မှု တွေကိုပြသခဲ့ပါတယ်။

Lee Yoo Mi မိတ်ကပ်လိမ်းထားသည် ကိုမြင်ဖူးတဲ့ ပရိတ်သတ်များအတွက်လည်း သူမရဲ့ အခုလို ဝတ်စားထားပုံက သူတို့ကို အံ့သြစေခဲ့ပါတယ်။

အထူးသဖြင့် ပရိသတ်များကတော့ အခုလို လိုက်ဖက်အောင် ပြင်ဆင်ပေးနိုင်တဲ့ စတိုင်လစ်တွေကိုပါ ချီးကျူးခဲ့ ကြပါတယ်။