မယုံကြည်နိုင်လောက်အောင် ချောမောလာခဲ့တဲ့Boys over flowers (F4)ဇာတ်လမ်းတွဲမှကလေးသရုပ်ဆောင်များ

မယုံကြည်နိုင်လောက်အောင် ချောမောလာခဲ့တဲ့Boys over flowers (F4)ဇာတ်လမ်းတွဲမှကလေးသရုပ်ဆောင်များ

Boys over flowers (F4)ဇာတ်လမ်းတွဲဟာဆိုရင် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့အောင်မြင်မှုများ စွာရရှိခဲ့ပြီး ဇာတ်ကားထုတ်လွှင့်ပြီး ဆယ်စုနှစ်တစ်ခု ကြာမြင်ခဲ့သည်အထိ ပရိတ်သတ်တွေပါးစပ်ဖျားမှာရေပန်းစားနေဆဲ ဖြစ်ပါတယ်။

ယခုတင်ဆက်ပေးမှာက တော့ ထိုဇာတ်လမ်းမှာပါခဲ့တဲ့ အဓိကဇာတ်ဆောင်တွေရဲ့ ငယ်ဘဝမှာသရုပ်ဆောင် ခဲ့တဲ့ ကလေးသရုပ်ဆောင်တွေအကြောင်းပဲ ဖြစ်ပါတယ်။
သူတို့တွေဟာ ယခုလက်ရှိမှာ အရွယ်ရောက်ပြီး ချောမောကြတဲ့ idolတွေ မင်းသားတွေအဖြစ် အနုပညာအလုပ်ကိုဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ ဝူဘင်ရဲ့ငယ်ဘဝသရုပ်ဆောင်ခဲ့တဲ့ ကလေးကတော့ သာမာန်လူအဖြစ်ပဲ ရပ်တည်နေတယ်ထင်မိပါတယ်။

1. Jung Chan Woo (IKON)

သူကတော့အထူးတလည်ကို မိတ်ဆက်ပေးစရာမလိုအောင် အောင်မြင်မှုရရှိနေတဲ့ ကမ္ဘာကျော် k-pop idol groupတစ်ခုဖြစ်တဲ့ ikonအဖွဲ့ ဝင်တစ်ဦးပဲ ဖြစ်ပါတယ်။ YG Entertainment ရဲ့လက်အောင်မှာ ikonအဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ် ရပ်တည်နေပြီး F4 ဇာတ်လမ်း နဲ့ The heirs ဇာတ်လမ်းတွဲတွေမှာလည်း လီမင်ဟိုရဲ့ ငယ်ဘဝအနေနဲ့ သရုပ်ဆောင်ခဲ့ပါတယ်။

ဒါအပြင် တခြားဇာတ်လမ်းတွဲတွေမှာလည်း ကလေးသရုပ်ဆောင်အဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။ မကြာခင်မှာလည်းChan Wooခေါင်းဆောင်အနေနဲ့ ရိုက်ကူးတော့မယ့် ဇာတ်လမ်းတွဲတွေကို ပရိတ်သတ်တွေ ကည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်။

2. Nan Da Reum

F4 ဇာတ်လမ်းတွဲမှာ ဒုတိယမင်းသားဖြစ်တဲ့ ဂျီဟိုရဲ့ငယ်ဘဝမှာသရုပ်ဆောင်ခဲ့ရုံမက နာမည်ကြီးဇာတ်လမ်းတွဲဖြစ်တဲ့ Start Upဇာတ်လမ်းတွဲမှာလည်း ဒုတိယမင်းသား ဟန်ဂျီဗြောင်း (လက်ရှိပြသနေတဲ့ Home Town Cha Cha Cha ) ဇာတ်လမ်းတွဲမှ မင်သား Kim Seon Hoရဲ့ ငယ်ဘဝကိုလည်း သရုပ်ဆောင်ခဲ့ပါတယ်။

မကြာသေးမီက ထုတ်လွှင့်ပြသခဲ့တဲ့ The great Shaman Ga Do Shimဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသားအနေနဲ့ပွဲဦးထွက်ခဲ့ပါတယ်။ သူပါဝင်ခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွေကတော့ Gobil, The King in Love, While you are sleeping, Hotel Del Lunaစတဲ့ဇာတ်လမ်းတွေအပြင် တခြား နာမည်ကြီး ဇာတ်လမ်းများစွာမှာလည်းပါဝင်ခဲ့ပါတယ်။

3.Moon Bin (ASTRO)


ဆိုရီဂျောင် ငယ်ဘဝအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ကလေးသရုပ်ဆောင် Moon Binဟာဆိုရင်လည်း ပရိတ်သတ်တွေကို အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ ASTROအဖွဲ့ဝင် ပရိတ်သတ် အသဲကျော် idolဖြစ်ပါတယ်။

သူဟာidolတစ်ဦးအဖြစ်ရပ်တည်နေသောကြောင့် ရုပ်ရှင်ဘက်မှာ သိပ်မတွေ့ရပေမယ့် The Mermaid Princeး The Beginning ဒရမ်မာမှာပါဝင်ခဲ့ပါတယ်။

Boys over flowers (F4) ဇာတ်လမ်းပရိတ်သတ်တွေလည်း သဘောကျနှစ်သက်မည်လို့ မျှော်လင့်ပါတယ်။