ကမ္ဘာ့ပထမဆုံးအကြီးစာ3းD Effectအပြင်Project 550ကျော်နဲ့မွေးနေ့ကျင်းပပေးခံရသူဖြစ်လာတဲ BTSအဖွဲ့ဝင် Jimin

ကမ္ဘာ့ပထမဆုံးအကြီးစာ3းD Effectအပြင်Project 550ကျော်နဲ့မွေးနေ့ကျင်းပပေးခံရသူဖြစ်လာတဲ BTSအဖွဲ့ဝင် Jimin

Jimin ၏ China fanbase PARKJIMINBAR သည် Jimin ၏ ၂၇ နှစ်မြောက်မွေးနေ့အတွက်ကမ္ဘာပေါ်တွင်ပထမဆုံးသော Projectကိုထုတ်ဖော်ပြသခဲ့သည်။ဒီBirthday Support Projectဟာ Jiminအတွက် 3D effect ကိုသုံးပြီး Birthday Supportလုပ်ခံရတဲ့ကမ္ဘာပေါ်မှာပထမဆုံးသောလူဖြစ်လာမှာဖြစ်ပါတယ်။

ထို Birthday Support ကြီး ၂ခုအနက် တစ်ခုသည် American မှာဖြစ်ပြီး နောက်တစ်ခုသည် Japan တွင်ပြသသွားမည်ဖြစ်သည်။ Jimin သည် 3D effect Screenအကြီးကြီး ၂ခုစလုံးမှာတစ်ပြိုင်တည်းပြသခံရမည့် ပထမဆုံးလူလည်းဖြစ်လာမှာပါ။

3D Technologyသည် အင်မတန်ထွန်းကာလာခြင်းနှင့်အတူ လူများ၏အာရုံကိုအဖမ်းစားနိုင်ဆုံးလည်းဖြစ်ပေသည်။ဤ 3D ပရောဂျက်သည် မျက်လုံးများကိုကြည့်ချင်အောင်ကိုဖမ်းစားနိုင်ပြီး ကြည့်မိလျှင်လည်း တအံ့တဩနှင့် မျက်လုံးမခွာနိုင်အောင် ပြုလုပ်ထားနိုင်သည်။

L ပုံစံရှိကြီးမားသော screen အရွယ်အစားသည် ၁၅၀၀ စတုရန်းမီတာကျယ်ဝန်းပြီး၎င်းသည် Jimin ကိုအာရုံစူးစိုက်မှုအမြင့်ဆုံးပေးနိုင်မည့်ဧရာမ Big Screen ကြီးတစ်ခုဖြစ်သည်။
ထို့အပြင်ဤ 3D Screenကြီးသည်အမေရိကန်ပြည်ထောင်စု၏အကျော်ကြားဆုံးနေရာဖြစ်သော Times Square ရှိ Seventh Avenue တွင်တည်ရှိသည်။ ပုံမှန်အားဖြင့်ထိုနေရာတွင်နေ့စဉ်ပျမ်းမျှလူဦးရေ ၄၆၀,၀၀၀ ခန့် သွားလာလှုပ်ရှားနေကြပြီး၎င်းသည်အတော်လေးမြင့်မားများပြားသော လူဦးရေပမာဏဖြစ်သည်။

နောက်တစ်နေရာဖြစ်သောဂျပန်နိုင်ငံ Shinjuku ရှိ cross-version ပုံစံ Big Screenကြီးသည် 4K ရုပ်ထွက် အရည်အသွေးရှိပြီး ဂျပန်နိုင်ငံတွင် တစ်ခုတည်းသာရှိသည့် Outdoor 3D Screen ဖြစ်သည်။မည်သည့်လမ်းသွားလမ်းလာမဆို ထို3D Screenမှ Jimin သည် လူတိုင်းကိုဆွဲဆောင်နေမည်ဖြစ်သည်။


ထို3D Screenသည်အသွားအလာ ထူထပ်သောShinjuku မြေအောက်ရထားဘူတာရုံ၏အရှေ့ဘက် ၀င်ပေါက်နှင့်မျက်နှာချင်းဆိုင်ဖြစ်ပြီး ထိုဘူတာသည်ဂျပန်တွင်အသုံးအများဆုံးဘူတာဖြစ်သည်။

ထို့ကြောင့် ဂျပန်နိုင်ငံရှိ 3D effect Screenကြီးသည်လည်း လူပေါင်းသိန်းချီကို ပြသနိုင်လိမ့်မည်ဖြစ်ပြီးတစ်ပတ်ကြာပြသမည်ဖြစ်သည်။

ထိုBirthday Support Project သည် Jimin အတွက်အလွန်ထိရောက်ပြီး ပရိတ်သတ်များစွာ၏အားပေးခြင်းကိုများစွာရမည့် Projectဖြစ်ပေသည်။

အီဂျစ်တွင် Jimin fanbase သည်သူ၏နာမည်နှင့် Jordan River Foundation သို့အလှူတစ်ခုပြုလုပ်ခဲ့သည်။ ထိုအလှူသည် ချို့ယွင်းချက်ရှိသောလူတစ် ဦး ၏ဘဝကိုပိုမိုကောင်းမွန်စေရန်နှင့်သူတို့၏အနာဂတ်အတွက်အခွင့်အလမ်းများရရှိရန်ကူညီပေးရန်ရည်ရွယ်သည်။ Jimin ရဲ့ကြင်နာပြီးစာနာတတ်တဲ့နှလုံးသားကို ရည်ညွီန်းကာပြုလုပ်သည့် Projectဖြစ်ပေသည်။

Jimin Fan တစ်ဦး၏နောက်ထပ် Projectမှာအောက်တိုဘာ ၁၃ ရက်တွင်အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတောင်ပိုင်း Kuningan မြို့၌ Jimin အတွက် LED ဆိုင်းဘုတ် ၁၀ ခုနှင့် Supportလုပ်သွားမည်ဖြစ်သည်။

ယခုအချိန်ထိ Birthday Project ၅၀၀ ကျော်ကိုကြေငြာထားပြီးဖြစ်သည်။ နောင်ထပ် Updateသတင်းအရ ၅၅၀ကျော်နေပြီဖြစ်သည်။