ပျင်းလို့ဆိုပြီးကိုယ့်တန်ဆာကိုသောခတ်ခဲ့ပီးနောက်၊သော့ပျောက်သွားခဲ့လို့ဒုက္ခအကြီးအကျယ်ရောက်သွားခဲ့တဲ့အမျိုးသားအဖြစ်

ပျင်းလို့ဆိုပြီးကိုယ့်တန်ဆာကိုသောခတ်ခဲ့ပီးနောက်၊သော့ပျောက်သွားခဲ့လို့ဒုက္ခအကြီးအကျယ်ရောက်သွားခဲ့တဲ့အမျိုးသားအဖြစ်

ယခုလိုကပ်ရောဂါကာလမှာStay homeနေရတာကြောင့်၊လူတိုင်းဟာအပျင်းပြေအနေနဲ့တီဗွီကြည့်တာ၊ဂိမ်းဆော့တာ၊အခြားအပျင်းပြေစေမဲ့အရာတွေကိုစိတ်ဝင်တစားလုပ်ဖြစ်တာ၊စတဲ့ရိုးရှင်းတဲ့အရာတွေနဲ့နေတတ်သလိုနေကြရတာပဲမဟုတ်ပါလား။သို့ပေမဲ့ယခုအမျိုးသားရဲ့အပျင်းပြေနည်းလမ်းကတော့၊၎င်းကိုယ်တိုင်လဲအကြီးကျယ်ဒုက္ခရောက်သွားရသလို၊မယုံနိုင်စရာရှက်ရွံ့ဖွယ်ကိစ္စလေးဖြစ်ခဲ့ပါတယ်။အကြောင်းကတော့အသက်(38)နှစ်အရွယ်၊ထိုင်းနိုင်ငံသားအမျိုးသားတစ်ဦးဟာ၊Stay homeကာလအတွင်းအိမ်မှာအပျင်းပြေလုပ်တဲ့အရာက၊၎င်းရဲ့တန်ဆာကိုသော့ခတ်ပီးထူးထူးဆန်းဆန်းလုပ်ခဲ့ပါတယ်။တအောင့်နေမှသတိရလိုက်တာက၊၎င်းခတ်လိုက်တဲ့သော့ခလောက်ဟာ၊သော့တံမရှိတဲ့သော့ခလောက်ဖြစ်နေခဲ့ပါတယ်။

ထို့ကြောင့်၎င်းအမျိုးသားဟာတစ်ယောက်တည်းကြံရာမရဖြစ်ပီး၊သော့ရအောင်ရှာမယ်ဆိုပီးတစ်ယောက်တည်းကြိတ်ခံနေခဲ့ပါတယ်။ရက်ရှည်ကြာလာတဲ့အခါမှာသော့ခတ်ထားတဲ့၎င်းရဲ့တန်ဆာဟာ၊ဒဏ်ကြောင့်ဖောင်းကားပီးနာကျင်ခံစားလာရတာကြောင့်၊အမေဖြစ်သူကိုအစပိုင်းမှာရှက်လို့မပြောခဲ့ပေမဲ့လဲ၊မခံနိုင်တဲ့အဆုံးပြောပြခဲ့လိုက်ရပါတယ်။မိခင်ဖြစ်သူလဲယောက်ျားတန်ဆာကိုထိခိုက်မှာကြောက်တာကြောင့်၊၎င်းအနေနဲ့မတတ်နိုင်ပဲနီးစပ်ရာဆေးရုံပို့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ထို့နောက်ရှက်ရှက်နဲ့ပဲ၊ဆရာဝန်တွေရဲ့ကုသတဲ့ကရိယာတွေနဲ့သော့ခလောက်ကိုခက်ခက်ခဲခဲနဲ့၊တနာရီခွဲကြာသည်အထိသော့ခလောက်ကိုခွဲစိတ်ကရိယာအစုံအလင်နဲ့၊သေချာကြိုးစားဖြတ်ပေးလိုက်ရပါတယ်။၎င်းအမျိုးသားရဲ့အပျင်းပြေစေတဲ့နည်းကတော့၊၎င်းအပြင်ဆရာဝန်တွေလဲအတော်ခက်ခဲတဲ့ရှားပါးတဲ့အတွေ့အကြုံကိုရရှိခဲ့လိုက်ပါတယ်။