ကိုရီးယား ဖိလစ်ပိုင် ကပြားလေးအဖြစ်မြင်ရမယ့် မင်းသား Kim Sun Hoရဲ့ဇာတ်ကားသစ် Sad Tropical

ကိုရီးယား ဖိလစ်ပိုင် ကပြားလေးအဖြစ်မြင်ရမယ့် မင်းသား Kim Sun Hoရဲ့ဇာတ်ကားသစ် Sad Tropical

ပါးချိုင့်မင်းသားလေးလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသား Kim Sun Ho ကလတ်တလောထုတ်လွင့်ပြသနေတဲ့ Home Town Cha Cha Cha မှာ ပရိတ်သတ်တွေရဲ့အချစ်ကိုခံနေရတဲ့ မင်းသားချောလေးတစ်ဦးဖြစ်ပါတယ်။
ရီလိုက်ရင်ထင်းကနဲပေါ်နေတဲ့ပါးချိုင့်လေးဟာလည်း နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားလှပါတယ်။

ယခုအခါမှာတော့ မင်းသား Kim Sun Ho ခေါင်းဆောင်းပါဝင်မယ့် Sad Tropical ရုပ်ရှင်ဇာတ်ကားမှာ သူ့မိဘနေရာက သရုပ်ဆောင်ဖို့ မင်းသား yeon jung hoon နဲ့ ဖိလစ်ပိုင်မင်းသမီး marian rivera တို့ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။

ဒီဇာတ်ကားဟာ သားဖြစ်သူက သူတို့သားအမိနှစ်ယောက် ကို စွန့်ပစ်သွားတဲ့ ကိုရီးယားလူမျိုး အဖေကိုရှာဖို့ ဆိုးလ်ကို ဖိလစ်ပိုင်ကနေ လာတဲ့ ကိုရီးယား-ဖိလစ်ပိုင်စပ် ကောင် လေး တစ်ယောက်ရဲ့အကြောင်းဘဲဖြစ်ပါတယ်။နိုဝင်ဘာမှာ စတင် ရိုက်ကူးမယ်လို့လည်း သိရပါတယ်။

Kim Sun Hoရဲ့ ပရိတ်သတ်တွေအတွက် ကြိုတင်သတင်းကောင်းပါးလိုက်ရပါတယ်။