မြန်မာစာမေဂျာကို ရုရှားမှာပြန်သင်ပေးနေတဲ့ ရုရှားသူဆရာမလေးဝသုန်မိုး
UNICODE
ရုရှားသူလေး မာရီယာဟာ သူမရဲ့မြန်မာနာမည်ကို ဝသုန်မိုးလို့ ပေးထားပြီး မြန်မာယဉ်ကျေးမှု မြန်မာ့ဓလေ့တွေနဲ့ မြန်မာ့စ်စုံတွေကိူ ချစ်မြတ်နိုးတဲ့ အတွက် ရှရှားနိုင်ငံမှာ မြန်မာစာ အဓိကနဲ့ ကျောင်းပြီးပြီး ရုရှားတက္ကသိုလ်မှာ မြန်မာစာ ပြန်သင်ပေးနေတဲ့ ဆရာမတစ်ဦးလည်း ဖြစ်ပါတယ် ။သူမကို မာရီယာလို့ ခေါ်တာထက်မြန်မာအမည်ဖြစ်တဲ့ ဝသုန်မိုးလို့ ခေါ်တာကို ပိုသဘောကျတဲ့သူပါ ။
ကျွန်မက မြန်မာစာကို ရေးတတ်ဖတ်တတ်ပြီး စာပါရိုက်တတ်တယ် ။ မြန်မာစာ မြန်မာဘာသာစကားက အရမ်းချစ်စရာကောင်းလို့ မပြောပဲ မသင်ပဲ မနေနိုင်ဘူးလို့ဘူး ။ မြန်မာနိုင်ငံကို ၂ ခါရောက်ဖူးပြီး ပထမတစ်ခေါက်က ၃လကြာတယ် ။ဒုတိယတစ်ခေါက်က မြန်မာပြည် အနှံ့လျောက်လည် ခဲ့တယ် ။ နေတာက ရုရှာနိုင်ငံ မောစကိုမြို့မှာပါ ။ မြန်မာနိုင်ငံကို ထပ်သွားဖို့လည်း စီစဉ်ထားတယ် ။ မြန်မာစာ မေဂျာနဲ့ မာစတာဘွဲ့ပါယူထားတာ ။ မြန်မာ့အကြောင်းကို ရုရှားလို ဆောင်ပါးရေးတယ် ။ ရုရှားအကြောင်းတွေကို မြန်မာလို ဆောင်းပါးရေးပြီး တင်ဖြစ်တယ်။
မယုံရင် wathonemoe youtubeနဲ့ wathonemoe facebookတို့မှာ ဝင်ရောက် ကြည့်နိုင်တယ် ” လို့ ရုရှားသူလေး ဝသုန်မိုးကပြောကြားလိုက်ပါတယ် ။ကဲ ပရိတ်သတ်ကြီးတို့ရေမြန်မာ့ ရေမြေနဲ့ မြန်မာဓလေ့တွေကို ချစ်မြတ်နိုးတဲ့ နိုင်ငံခြားသူလေးကို အားတက်အောင် commet လေးတွေ ပေးခဲ့ကြပါဦးနော် ။ ချစ်သော ပရိတ်သတ်ကြီး ကျန်းမာ ပျော်ရွင် ကြပါစေလို့ ဆုတောင်းပေးရင်း ။