နီနီခင်ဇော်ရဲ့ “အချစ်ရဆုံးသူစိမ်း” သီချင်းလေးကို Cover ပြန်လည်သီဆိုခဲ့တဲ့ ခင်ရတနာစိုး





UNICODE

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ခင်ရတနာစိုးကတော့ လက်ရှိမှာ အနုပညာလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းနေပြီပဲဖြစ်ပါတယ်။ နားဝင်ချိုလွန်းလှတဲ့ အသံကြောင့် The Voice Myanmar ပြိုင်ပွဲမှာယဉ်ပြိုင်ခဲ့စဉ်ကတည်းက ပရိသတ်အားပေးချစ်ခင်မှုများစွာရရှိခဲ့တဲ့ ခင်ရတနာစိုးကိုတော့ ပရိသတ်တွေကလည်း သူ့ရဲ့ကိုယ်ပိုင်သီချင်းတွေထွက်ရှိလာဖို့ မျှော်လင့်နေခဲ့ကြပါတယ်။

ခင်ရတနာစိုးကတော့ လက်ရှိအခြေနေတွေကြောင့် ကိုယ်ပိုင်သီချင်းမထွက်ရှိနိုင်သေပေမဲ့လည်း ပရိသတ်တွေအတွက် ဒီနေ့မှာ Cover Song လေးသီဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်။ ခင်ရတနာစိုးကတော့ နီနီခင်ဇော်ရဲ့ အောင်မြင်မှုများစွာရရှိတဲ့ သီချင်းများစွာထဲက တစ်ပုဒ်ဖြစ်တဲ့ “အချစ်ရဆုံး သူစိမ်း” သီချင်းလေးကို Cover ပြန်လည်သီဆိုခဲ့တာပါ။

နီနီသီဆိုခဲ့တုန်းကလည်း ဒီသီချင်းလေးက ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာစွဲနေတဲ့အထိကိုအောင်မြင်မှုရရှိခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ပရိသတ်ကြီးရေ နီနီရဲ့ “အချစ်ရဆုံးသူစိမ်း” သီချင်းလေးကို Cover ပြန်လည်သီဆိုထားတဲ့ ခင်ရတနာစိုးရဲ့ ဗီဒီယိုလေးကို ပရိသတ်တွေလည်း ခံစားနားဆင်လို့ရအောင် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Khin Yadanar Soe