လမ်းဘေးခွေးတွေရဲ့အစာကို စားသောက်ခဲ့တဲ့အထိ စားဝတ်နေရေးအခက်အခဲနဲ့ကြုံနေခဲ့တဲ့ အဖိုးကို သွားရောက်တွေ့ဆုံပြီး ကူညီပေးခဲ့တဲ့ ဆီနွန်




Source – Sinon Loresca

UNICODE

ပရိသတ်ကြီးရေ ဆီနွန်ကတော့ မြန်မာလူမျိုးတွေနဲ့အထူးတလည်မိတ်ဆက်ပေးစရာမလိုလောက်အောင်ကို ရင်းနှီးပြီးသားဖြစ်မှာပါ။ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကိုလာရောက်လုပ်ကိုင်ရာကနေ သူ့ရဲ့စေတနာထက်သန်ပြီး ကူညီတတ်တဲ့စိတ်ထားတွေကြောင့် ပရိသတ်တွေက အချစ်ကြီးချစ်နေရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။

အမြဲတမ်းလိုလို အကူအညီလိုအပ်နေတဲ့ သူတွေကို လိုက်လံပြီးကူညီတတ်တဲ့ ဆီနွန်ကတော့ ဒီနေ့မှာလည်း လမ်းဘေးမှာခွေးကျွေးထားတဲ့ အစားအစာတွေကို စားသာက်နေရတဲ့ အဖိုးအိုတစ်ယောက်ရဲ့ ဗီဒီယိုလေးကိုတွေ့တာကြောင့် စိတ်မကောင်းဖြစ်ခဲ့ပါတယ်။ ဆီနွန်က ဒီနေ့ချက်ချင်းဆိုသလိုပဲ အဖိုးအိုရဲ့နေအိမ်အထိသူကိုယ်တောင်သွားရောက်တွေ့ဆုံပြီးကူညီပေးခဲ့ပါတယ်။

ဆီနွန်က သူကိုယ်တိုင်လည်း တကယ်အကူအညီလိုအပ်နေတဲ့ သူတွေကို သူကိုယ်တိုင်လည်း လိုက်လံကူညီပေးနေခဲ့သလို ပရိသတ်ကြီးတွေလည်း တတ်နိုင်သလောက် လိုက်လံကူညီပေးဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။ပရိသတ်ကြီးရေ ဆီနွန်ရဲ့ စိတ်ထားလေးကတော့ တကယ်ကိုမွန်မြတ်လွန်းလှတဲ့ စိတ်ဓာတ်လေးပါပဲနော်။

Source – Sinon Loresca