ေစတနာနဲ႔ကယ္တင္ထားေပမယ့္ ေငြက်ပ္ (၃၅) သိန္း ခိုးယူထြက္ေျပးသြားသူကို သက္ဆိုင္ရာနဲ႔ပူးေပါင္းၿပီး အမိဖမ္းႏိုင္ခဲ့တဲ့ ဒိန္းေဒါင္

ေစတနာသည္လူတိုင္းႏွင့္မတန္ဆိုတဲ့စကားဟာ အခုလိုလူေတြေၾကာင့္ပါ။ ပရဟိတလုပ္ေနတဲ့ ဦးဒိန္းေဒါင္ဟာ ဒုကၡေရာက္ေနသူ တစ္ေယာက္ကိုေတြ႕တာေၾကာင့္ စိတ္ေကာင္းထားၿပီး အိမ္ေပၚမွာေခၚတင္ထားေပမယ့္ ေငြက်ပ္ (၃၅) သိန္းခိုးယူကာ ထြက္ေျပးသြားခဲ့ ပါတယ္။ ေစတနာေစာ္ကားခံလိုက္ရတဲ့အခါ လူတိုင္းကခံျပင္းမိမွာပါ။ ခိုးယူသြားသူရဲ႕ပုံကိုတင္ၿပီး လူမႈကြန္ရက္မွာ အကူအညီ ေတာင္းခဲ့ၿပီးေနာက္ ဒီေန႔မွာေတာ့ဖမ္းမိခဲ့ၿပီပဲျဖစ္ပါတယ္။

မေကာင္းမႈဟာဆိတ္ကြယ္ရာမရွိဆိုသလို တစ္ပတ္အတြင္းမွာပဲ မသမာသူကိုဖမ္းမိခဲ့တာပါ။ ဒီလိုဖမ္းမိႏိုင္ဖို႔အတြက္လည္း အဖက္ဖက္ကကူညီေပးခဲ့တဲ့ ဒလၿမိဳ႕နယ္က နယ္ထိန္း ကိုရန္ေအာင္ကိုလည္း ဦးဒိန္းကေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ တရားခံကို ဖမ္းမိသြားတာေၾကာင့္ ေနာက္ထပ္မသမာသူေတြအတြက္လည္းစံျပျဖစ္ၿပီး ဒီလိုလုပ္ရပ္မ်ိဳး ထပ္မလုပ္ရဲေလာက္ေတာ့ပါဘူး။

အခုလိုဖမ္းမိခဲ့တဲ့အတြက္လည္း ပရိသတ္ေတြက ဦးဒိန္းနဲ႔အတူထပ္တူေပ်ာ္႐ႊင္ၿပီး ဝမ္းသာတဲ့မွတ္ခ်က္ေတြအမ်ားအျပားေပးခဲ့ၾကပါ တယ္။ ေနာက္မ်ားမွာလည္း ဒီလိုမသမာသူေတြနဲ႔ ကင္းေဝးၿပီး အမ်ားအက်ိဳးကို သယ္ပိုးႏိုင္တဲ့ ပရဟိတသမားေကာင္းႀကီး တစ္ေယာက္ျဖစ္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ ဦးဒိန္းေရ။

Photo – Dain Daung

UNICODE

စေတနာသည်လူတိုင်းနှင့်မတန်ဆိုတဲ့စကားဟာ အခုလိုလူတွေကြောင့်ပါ။ ပရဟိတလုပ်နေတဲ့ ဦးဒိန်းဒေါင်ဟာ ဒုက္ခရောက်နေသူ တစ်ယောက်ကိုတွေ့တာကြောင့် စိတ်ကောင်းထားပြီး အိမ်ပေါ်မှာခေါ်တင်ထားပေမယ့် ငွေကျပ် (၃၅) သိန်းခိုးယူကာ ထွက်ပြေးသွားခဲ့ ပါတယ်။ စေတနာစော်ကားခံလိုက်ရတဲ့အခါ လူတိုင်းကခံပြင်းမိမှာပါ။ ခိုးယူသွားသူရဲ့ပုံကိုတင်ပြီး လူမှုကွန်ရက်မှာ အကူအညီ တောင်းခဲ့ပြီးနောက် ဒီနေ့မှာတော့ဖမ်းမိခဲ့ပြီပဲဖြစ်ပါတယ်။

မကောင်းမှုဟာဆိတ်ကွယ်ရာမရှိဆိုသလို တစ်ပတ်အတွင်းမှာပဲ မသမာသူကိုဖမ်းမိခဲ့တာပါ။ ဒီလိုဖမ်းမိနိုင်ဖို့အတွက်လည်း အဖက်ဖက်ကကူညီပေးခဲ့တဲ့ ဒလမြို့နယ်က နယ်ထိန်း ကိုရန်အောင်ကိုလည်း ဦးဒိန်းကကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ တရားခံကို ဖမ်းမိသွားတာကြောင့် နောက်ထပ်မသမာသူတွေအတွက်လည်းစံပြဖြစ်ပြီး ဒီလိုလုပ်ရပ်မျိုး ထပ်မလုပ်ရဲလောက်တော့ပါဘူး။

အခုလိုဖမ်းမိခဲ့တဲ့အတွက်လည်း ပရိသတ်တွေက ဦးဒိန်းနဲ့အတူထပ်တူပျော်ရွှင်ပြီး ဝမ်းသာတဲ့မှတ်ချက်တွေအများအပြားပေးခဲ့ကြပါ တယ်။ နောက်များမှာလည်း ဒီလိုမသမာသူတွေနဲ့ ကင်းဝေးပြီး အများအကျိုးကို သယ်ပိုးနိုင်တဲ့ ပရဟိတသမားကောင်းကြီး တစ်ယောက်ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ဦးဒိန်းရေ။

Photo – Dain Daung