ချစ်သူသက်တမ်း ၄နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်းမမေ့မလျော့နဲ့အချစ်ပိုကာ အများအားကျရတဲ့ ရိုမန့်တစ်ဆန်တဲ့ပုံရိပ်တွေကို ချပြလိုက်တဲ့ရဲရင့်အောင်”




Source :YairYintAung

UNICODE

ပရိသတ်ကြီးရေ ရဲရင့်အောင်လို့ ပြောလိုက်တာနဲ့ ဧငြိမ်းဖြူကို တွဲမြင်ကြမယ်ထင်ပါတယ်နော် ။သူတို့ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေကိုအထူးမိတ်ဆက်ပေးစရာမလိုတဲ့ အပြင်ခိုင်မြဲတဲ့ တွဲလက်တွေနဲ့ အတူ အေးတူပူအမျှလက်တွဲခဲ့ကြတာ သက်တမ်း(၃)နှစ်ကျော်ခဲ့ပြီပဲ ဖြစ်တဲ့အပြင် လိုက်ဖက်ညီလှတဲ့ စုံတွဲလေးတစ်တွဲလို့လည်း ဆိုနိုင်ပါတယ်။

ပရိသတ်တွေ ချစ်ခင်သဘောကျရတဲ့ အနုပညာရှင်စုံတွဲတွေထဲက သူတို့စုံတွဲလေးတစ်တွဲအပါအဝင်ဖြစ်ပြီး နားလည်မှုရှိရှိနဲ့လက်တွဲခဲ့ကြတာပါ။ ရဲရင့်အောင်ကတော့ ဘယ်သွားသွားဘာလုပ်လုပ် အချိန်တိုင်းအသိပေးပြီး အရမ်းဂရုစိုက်တဲ့ ချစ်သူဖြစ်တဲ့အပြင် ပိုင်ဆိုင်ထားပြီး မွေးနေ့နဲ့ နေ့ထူးနေ့ရက်လေးတွေရောက်တိုင်း နှစ်ယောက်အတူတူအချိန်ကုန်လေ့ရှိကြပါသေးတယ် ။

ဒီနေ့ကျရောက်တဲ့ဇန်နဝါရီလ၂၂ရက်နေ့ကတော့ သူတို့နှစ်ဦးရဲ့ချစ်သူသက်တမ်း ၄နှစ်ပြည့်ခဲ့တာဖြစ်ပြီး ရဲရင့်အောင်ကတော့မမေ့မလျှော့နဲ့”Happy Anniversary ပါ ကလေးငယ် ” ဆိုတဲ့စာလေးနဲ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာမမေ့မလျော့နဲ့ အားကျစရာပုံရိပ်လေးတွေတင်လာခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source :YairYintAung