သူနဲ့အရင်ကအလုပ်တွဲမလုပ်ချင်တဲ့ကုမ္ပဏီတွေက ခုချိန်မှာပြန်ဆက်သွယ်လာတာနဲ့ပက်သတ်ပြီးခံစားချက်လေးကိုပြောပြလာတဲ့ ပိုင်တံခွန်

ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူအချစ်တော် မော်လ်ဒယ်မင်းသားချောလေးတွေထဲမှာ အမိုက်စား Body တွေနဲ့ ယောက်ျားပီသပြီး ချောမောခန့်ညားတဲ့ မင်းသားချောလေး ပိုင်တံခွန်ကလည်း အပါအဝင်ပါပဲ။ သရုပ်ဆောင်ကောင်းတဲ့အပြင် ယောက်ျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ တံခွန်က နုညံ့တဲ့ နှလုံသားလေးကိုပိုင်ဆိုင်ထားပြီး မိန်းကလေးပရိသတ်တွေကြား အမြဲရေပန်းစားနေသူပါ။



Photo – Paing Takhon

UNICODE

ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားကြတဲ့ ပြည်သူအချစ်တော် မော်လ်ဒယ်မင်းသားချောလေးတွေထဲမှာ အမိုက်စား Body တွေနဲ့ ယောကျ်ားပီသပြီး ချောမောခန့်ညားတဲ့ မင်းသားချောလေး ပိုင်တံခွန်ကလည်း အပါအဝင်ပါပဲ။ သရုပ်ဆောင်ကောင်းတဲ့အပြင် ယောကျ်ားပီသပြီး ဆွဲဆောင်မှုရှိတဲ့ တံခွန်က နုညံ့တဲ့ နှလုံသားလေးကိုပိုင်ဆိုင်ထားပြီး မိန်းကလေးပရိသတ်တွေကြား အမြဲရေပန်းစားနေသူပါ။

အလုပ်ကြိုးစားသလို မိဘပေါ်လည်းသိတတ်လိမ္မာတဲ့တံခွန်က အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေရပြီး ပိုမိုအောင်မြင်လာတာ တွေ့ရပါတယ်။ အရင်က ထိုင်းကကောင်မလေးတွေကြားမှာရေပန်းစားခဲ့တာဖြစ်ပြီး အခုဆိုရင် နိုင်ငံအသီးသီးက မိန်းမလှတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားနေပြီဖြစ်ပါတယ်။

နိုင်ငံတိုင်းမှာလိုလို အရမ်းကိုနာမည်ကြီးအောင်မြင်နေပြီဖြစ်တာကြောင့် အားလုံးရဲ့စိတ်ဝင်တစား စောင်ကြည့်ခြင်းကိုခံနေရပြီး လုပ်ငန်းရှင်များရဲ့ ကမ်းလှမ်းခြင်းကိုခံနေရတဲ့ တံခွန်က အရင်ကဆိုသူနဲ့အလုပ်တွဲမလုပ်ချင်တဲ့ ကုမ္ပဏီတွေကအခုဆိုပြန်ဆက်သွယ်လာကြတယ်လို့လည်းရေးသားခဲ့ပါတယ်။ သူ့အနေနဲ့ အကုန်လုံးကို welcome လုပ်ကြောင်းရေးသားဖော်ပြခဲ့ရာ တကယ်ကိုလေးစားမိတာအမှန်ပါပဲ။

Photo – Paing Takhon