Covid 19 ကူးစက်ချင်းခံလိုက်ရတဲ့ဟာသ သရုပ်ဆောင် မိုးဒီ
UNICODE
ပရိတ်သတ်ကြီးရေ တစ်ခေတ်တစ် ခါက အောင်မြင်ခဲ့တဲ့ ဟာသ သရုပ်ဆောင် မိုးဒီကို ပရိတ်သတ်ကြီးအားလုံး မေ့ကြမယ်မထင်ပါဘူးနော်။ကျန်းမာရေး အခြေအရ အနုပညာအ လုပ်တွေရပ်နားထားပေမယ့် ပရိတ်သတ်တွေက တော့အခုထိ မမေ့ကြသေးပါဘူး။ယခုလို ကာလကတော့ Covid ကပ်ရောဂါကြီးကိုလူတိုင်းကြောက်နေရတဲ့ အချိန်ပါ။
အဲ့ အချိန်မှာမှ စိတ်မကောင်းစရာတစ်ခုက တော့ ဟာသ သရုပ်ဆောင် မိုးဒီ covid 19 positive အဖြေထွက်သွားတာပါတဲ့ ပရိတ်သတ်ကြီးရေ။ဟာသ သရုပ်ဆောင် မိုးဒီ ဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်က နေမကောင်းဖြစ်၍ ဒီနေ့တွင် ဧရာဝတီစင်တာ၌ ရောဂါသွားရောက်စစ်ရာတွင် positive အဖြေထွက်တယ်လို့ သိရှိရပါတယ်၊ဟာသ သရုပ်ဆောင် မိုးဒီ သည် လက်ရှိတွင် ဆီးချို၊ သွေးတိုး ၊နှလုံး ၊ ကျောက် ကပ် ရောဂါ ရှိကြောင်း သိရှိရပါတယ်၊
ဟာသ သရုပ်ဆောင်မိုးဒီ ရဲ့ လက်ရှိအခြေအနေမှာ အောက်ဆီဂျင် ရှုစရာမလိုဘဲ အသက်ရှုပိုင်းဆိုင်ရာ ကောင်းမွန်လျက်ရှိကြောင်းလည်း သိရှိရပါတယ်၊ပရိတ်သတ်ကြီးရေ ဟာသ သရုပ်ဆောင် မိုးဒီ အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့လည်းဆုတောင်းပေးခဲ့ ကြပါဦး ပရီတ်သတ်ကြီးရေ။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးအားလုံးသာယာသောနေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေနော်။