အက်ႌဆိုင္ႀကီး တစ္ဆိုင္နီးပါးရွိတဲ့ အမိုက္စား အဝတ္အစားခန္းႀကီးကို ထုတ္ျပခဲ့တဲ့ ျဖဴျဖဴေထြး

ပရိသတ္ႀကီးတို႔ေရ ျဖဴျဖဴေထြးဟာဆိုရင္ ႐ိုးသားႀကိဳးစားတဲ့ နယ္ဘက္ေက်းဘက္မွ ေက်ာင္းသူေလးဘဝကေန အခုဆိုရင္ တစ္တိုင္းျပည္လုံးရဲ႕ ခ်ီးက်ဴးခ်စ္ခင္မႈကို တခဲနက္ရရွိထားတဲ့ အႏုပညာရွင္တစ္ေယာက္အျဖစ္ ေန႔ခ်င္းညခ်င္း ေရာက္ရွိသြားတာကို ပရိသတ္အားလုံး မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ရၿပီး ျဖစ္ပါတယ္။ခ်စ္စရာအမူအရာေလးေတြနဲ႔ ရယ္႐ႊင္ဖြယ္ သ႐ုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ျဖဴျဖဴေထြးရဲ႕ ေၾကာ္ျငာဗီဒီယိုေလးေတြ ဟာဆိုရင္ ပရိသတ္ေတြရဲ႕ အၿမဲမျပတ္ အားေပးၾကည့္ရႈျခင္းခံေနရတဲ့ အႏုပညာလႈပ္ရွားမႈ တစ္ခုပဲ ျဖစ္ပါတယ္။ဒီအစီအစဥ္ေလးမွာေတာ့ ျပည္သူ႔အခ်စ္ေတာ္ ျဖဴျဖဴေထြးက သူမအိမ္မွာရွိတဲ့ အဝတ္အစားခန္းက အဝတ္အစားေတြအေၾကာင္းကို လိုက္လံရွင္းျပခဲ့တာျဖစ္ၿပီး သူမကိုယ္သူမ ဒီလိုေနရာမ်ိဳးကို ေရာက္ရွိလာလိမ့္မယ္လို႔ ဘယ္တုန္းကမွ မေမွ်ာ္မွန္းထားခဲ့ဖူး ဆိုၿပီး ရင္ဖြင့္ေျပာျပခဲ့တာပဲ ျဖစ္ပါတယ္။ျဖဴျဖဴေထြးဟာဆိုရင္ သူမရဲ႕ ႀကီးက်ယ္ခမ္းနားလွတဲ့ အိမ္သစ္ႀကီးမွာ ဖက္ရွင္တစ္ဆိုင္စာေလာက္ ရွိတဲ့ အဝတ္အစားခန္းႀကီးကို ပိုင္ဆိုင္ထားၿပီး အဝတ္အစားအခ်ိဳ႕ကို ေသခ်ာေခါက္ၿပီး သိမ္းဆည္းထားကာ၊ အခ်ိဳ႕ေသာ ပြဲေနပြဲထိုင္ အေနာက္တိုင္းဝတ္စုံမ်ားကိုေတာ့ ေသသပ္စြာ ခ်တ္ဆြဲထားတာကို ေတြ႕ျမင္ရပါတယ္။

ဒီအဝတ္အစားခန္းထဲမွာဆိုရင္ ပြဲတတ္ဝတ္စုံေတြ၊ free-style ဖက္ရွင္ေတြ၊ ျမန္မာဆန္ဆန္ ခ်ိတ္ေတြ၊ စကတ္ေတြ စသည္ျဖင့္ ရႈတင္အမ်ိဳးမ်ိဳးအတြက္ လိုအပ္တဲ့ အက်ႌအမ်ိဳးအစား လုံလုံလင္လင္ကို ေတြ႕ရပါတယ္။ ဒီအဝတ္စားခန္းထဲက တခ်ိဳ႕ကိုလည္း ပရိသတ္ေတြအတြက္ မဲျပန္ေဖာက္ေပးမယ့္ အစီအစဥ္တစ္ခုကိုလည္း ျဖဴျဖဴေထြးက စဥ္းစားစီစဥ္ေနၿပီး အရင္ကလည္း သူမရဲ႕ အိမ္ကိုလာလည္တဲ့ fan အခ်ိဳ႕ကို အဝတ္အစားေလးေတြ လက္ေဆာင္ျပန္ေပးေလ့ ရွိခဲ့တယ္လို႔ ျဖဴျဖဴေထြးက ေျပာပါတယ္။အက်ႌဆိုတာမ်ိဳးက တစ္ခါဝတ္ၿပီးရင္ တစ္ခါျပန္လဲရတာမ်ိဳး ျဖစ္တဲ့အတြက္ ျဖဴျဖဴေထြးအေနနဲ႔ အႀကိဳက္ဆုံးအက်ႌရယ္လို႔ေတာ့ မရွိပဲ သူမရဲ႕အဝတ္အစားခန္းထဲမွာဆိုရင္ ေဈးေတြသိပ္ႀကီးတဲ့ ဝတ္ေကာင္းစားလွရယ္လို႔လည္း မရွိပါဘူးလို႔ ျဖဴျဖဴေထြးက ပြင့္ပြင့္လင္းလင္းပဲ ေျပာလာပါတယ္။ အိပ္ေတြထားတဲ့ စင္နားေရာက္ျပန္ေတာ့လည္း ျဖဴျဖဴေထြးက “အိပ္ေတြအမ်ားႀကီး ဆိုၿပီး အထင္မႀကီးနဲ႔။ ဒီတစ္လုံးပဲ ကိုယ္ဝယ္ထားတာ၊ က်န္တာေတြ အကုန္လုံးက လက္ေဆာင္ရထားတာ” လို႔ေျပာၿပီး သူမကိုယ္တိုင္ဝယ္ယူထားတယ္ ဆိုတဲ့ အျဖဴေရာင္ေက်ာပိုးအိပ္ တစ္လုံးကို ထုတ္ျပပါတယ္။

ဒီေက်ာပိုးအိပ္ေလးကိုဆိုရင္ သူမအေနနဲ႔ ႀကိဳက္လြန္းလို႔ ေဈးႏႈန္းမေမးျမန္းပဲ ဝယ္ယူခဲ့ျခင္းျဖစ္ၿပီး ပိုက္ဆံရွင္းတဲ့အခါမွ တစ္သိန္းေက်ာ္ေနတဲ့အတြက္ ႏွေျမာခဲ့ဖူးတဲ့ အမွတ္တရေလးေတြရွိတယ္လို႔ ျဖဴျဖဴေထြးက ရယ္ရယ္ေမာေမာနဲ႔ ေျပာျပပါတယ္။ျဖဴျဖဴေထြးဟာ ဒီအဝတ္အစားခန္းထဲမွာ သူမအတြက္ အမွတ္တရျဖစ္ေစမယ့္ သူမရရွိခဲ့တဲ့ ဆုတံဆိပ္ေတြ၊ ဘြဲ႕ဓာတ္ပုံေတြ၊ ဂုဏ္ျပဳမွန္တမ္းလႊာေတြ၊ ဘြဲ႕လက္မွတ္ေတြ စသည္ျဖင့္ သိမ္းဆည္းထားပါတယ္။ဒီအခန္းေလးကိုေတာ့ ျဖဴျဖဴေထြးက ရႈတင္ရွိတဲ့ ရက္ေတြကလြဲရင္ တစ္ေနကုန္ေနမွ တစ္ခါေတာင္ မတက္ျဖစ္ေပမယ့္ ေၾကာ္ျငာဗီဒီယိုေတြ၊ Tik Tok ဗီဒီယိုေတြ ႐ိုက္ရင္ေတာ့ အဝတ္အစားေတြ ဒီမွာလာေ႐ြးရတယ္လို႔ ျဖဴျဖဴေထြးက ေျပာပါတယ္။ အရင္ကာလ နယ္မွာေနစဥ္ကဆို အခုလို ေအာင္ျမင္ေက်ာ္ၾကားၿပီး ကိုယ္ပိုင္အဝတ္အစားခန္းတစ္ခုကို ပိုင္ဆိုင္ရလိမ့္မယ္လို႔ ထင္ေတာင္ မထင္ထားခဲ့ပဲ အရာရာတိုင္းက အမွတ္မထင္၊ တကယ္မထင္မွန္ပဲ ႐ုတ္တရက္ခ်က္ခ်င္း ျဖစ္ခဲ့တာေတြမ်ားတယ္လို႔ ျဖဴျဖဴေထြးက ရင္ဖြင့္ေျပာျပပါတယ္။ “အဲ့လိုမ်ိဳး ျဖစ္လာေအာင္လည္း ကိုယ့္ရဲ႕ႀကိဳးစားမႈ လိုေသးတာေပါ့ေနာ္။ ႀကိဳးစားရမယ္၊ ေသခ်ာေလး လုပ္ရမယ္၊ အဲ့တာမ်ိဳးေတြေပါ့ေနာ္။ client ေတြယုံၾကည္လာေအာင္ ဘယ္လိုလုပ္ရမယ္၊ client ေတြအတြက္ ေသခ်ာေလး ဘယ္လိုျပန္လုပ္ေပးရမယ္၊ အဲ့ဒီလို မ်ိဳးေတြေပါ့။ အမ်ားႀကီး ႀကိဳးစားရတယ္။” လို႔ ျဖဴျဖဴေထြးက ႀကိဳးစားျခင္းရဲ႕ အေရးပါပုံကို ရွင္းျပခဲ့ပါတယ္။

အခုခ်ိန္မွာ ေၾကာ္ျငာဗီဒီယိုေတြ႐ိုက္ကူးတာက ကိုယ့္ဇာတ္ၫႊန္းနဲ႔ ကိုယ့္ဟာကို ႐ိုက္တာဆိုေပမယ့္ တကယ့္တကယ္ company ႀကီးေတြက ကမ္းလွမ္းလာလို႔ ဒါ႐ိုက္တာႀကီးေတြနဲ႔ ေသခ်ာ႐ိုက္ကူးရေတာ့မယ္ ဆိုရင္ေတာ့ ဇာတ္လမ္း နဲ႔ ဇာတ္အိမ္အတြက္ လိုအပ္တဲ့ အဝတ္အစားေတြ ျပင္ဆင္ႏိုင္ဖို႔အတြက္ ဇာတ္ၫႊန္းကို တစ္ပတ္၊ ႏွစ္ပတ္ေတာ့ ႀကိဳေပးထားဖို႔ လိုလိမ့္မယ္လို႔ ျဖဴျဖဴေထြးက ေျပာပါတယ္။ဆယ္ေက်ာ္သက္အ႐ြယ္မွာတည္းက မိသားစုကို ေကာင္းေကာင္းေထာက္ပံ့ႏိုင္ၿပီး ကိုယ္ကိုတိုင္လည္း ေကာင္းေကာင္းမြန္မြန္ ေနထိုင္ႏိုင္တဲ့အေပၚမွာ ျဖဴျဖဴေထြးက “လူတိုင္းကေတာ့ မိသားစုနဲ႔ ေနခ်င္ၾကတာပဲ ေပါ့ေနာ္။ ဒါေပမယ့္ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာ ကိုယ္ေတာင္မေျပာနဲ႔ အိမ္က ကိုယ့္မိဘေတြ၊ ေမာင္ႏွမေတြေတာင္ ဒါမ်ိဳးႀကီးျဖစ္လာမယ္လို႔ သူတို႔ကိုယ္တိုင္ ယုံထားတဲ့ထဲမွာ မပါဘူး။ ျပန္စဥ္းစားၾကည့္ရင္ မျဖစ္ႏိုင္ဘူးလို႔ပဲ ထင္တာ။ ဒါေပမယ့္ ဘဝမွာက မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူးေပါ့ေနာ္။ အခက္အခဲတိုင္းကို ေက်ာ္လႊားႏိုင္မွသာ ကိုယ္လိုခ်င္တဲ့ ပန္းတိုင္ကို ေရာက္မွာ၊ အဲ့လိုမ်ိဳး။ ကိုယ္လိုခ်င္တဲ့ ပန္းတိုင္ဆိုတာလည္း တစ္သမတ္တည္း မတြက္ထားနဲ႔ ေပါ့ေနာ္။ အတတ္ႏိုင္​ဆုံး ကိုယ့္ႀကိဳးစားမႈအေပၚမွာ မူတည္ၿပီးေတာ့ အခ်ိန္တိုင္းက ေစာင့္ေနမွာေပါ့ေနာ္။ လူတိုင္းမွာေတာ့ အခက္အခဲမ်ားစြာ ရွိတာေပါ့ေနာ္။

ဝန္ထမ္းဘဝပဲ ျဖစ္ျဖစ္၊ ေအာက္ေျခဘဝပဲ ျဖစ္ျဖစ္၊ အထက္တန္းလႊာကပဲ ျဖစ္ျဖစ္ အခက္အခဲဆိုတာက လူတိုင္းမွာရွိတယ္။ ဒီအခက္အခဲကို ေက်ာ္လႊားႏိုင္ဖို႔လိုတယ္။ စိတ္ဓာတ္က်တိုင္းသာ ေနာက္ျပန္လွည့္ရမယ္ဆိုရင္ ကိုယ္လိုခ်င္တဲ့ ပန္းတိုင္ဆိုတာက ေပ်ာက္ျခင္းမလွ ေပ်ာက္ေနမွာ ေပါ့ေနာ္။ အဲ့တာေၾကာင့္ ကိုယ့္ဘဝကို အတတ္ႏိုင္ဆုံး ႀကိဳးစားပါ။ အခက္အခဲတိုင္းကို လက္မေလွ်ာ့ပဲနဲ႔ အားႀကိဳးမာန္တက္ ေရွဆက္တိုးပါ။ အဲ့ဒီလိုမ်ိဳး ႀကိဳးစားရင္ေတာ့ တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္မွာ ရည္မွန္ထားတဲ့ ပန္းတိုင္ကို ေရာက္မွာပါ။” လို႔ ေျပာၾကားရင္း ျဖဴျဖဴေထြးက ဒီအစီအစဥ္ေလးကို နိဂုံးခ်ဳပ္ေျဖၾကားေပးခဲ့ပါတယ္။ဒီအေၾကာင္အရာေလးေတြနဲ႔ ပတ္သတ္လို႔ ပရိသတ္ရဲ႕ ထင္ျမင္ယူဆခ်က္ေလးေတြကိုလည္း ေဝမွ်ေပးခဲ့ပါဦးေနာ္။

UNICODE

ပရိသတ်ကြီးတို့ရေ ဖြူဖြူထွေးဟာဆိုရင် ရိုးသားကြိုးစားတဲ့ နယ်ဘက်ကျေးဘက်မှ ကျောင်းသူလေးဘဝကနေ အခုဆိုရင် တစ်တိုင်းပြည်လုံးရဲ့ ချီးကျူးချစ်ခင်မှုကို တခဲနက်ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် နေ့ချင်းညချင်း ရောက်ရှိသွားတာကို ပရိသတ်အားလုံး မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ချစ်စရာအမူအရာလေးတွေနဲ့ ရယ်ရွှင်ဖွယ် သရုပ်ဆောင်ချက်များကြောင့် ဖြူဖြူထွေးရဲ့ ကြော်ငြာဗီဒီယိုလေးတွေ ဟာဆိုရင် ပရိသတ်တွေရဲ့ အမြဲမပြတ် အားပေးကြည့်ရှုခြင်းခံနေရတဲ့ အနုပညာလှုပ်ရှားမှု တစ်ခုပဲ ဖြစ်ပါတယ်။ဒီအစီအစဉ်လေးမှာတော့ ပြည်သူ့အချစ်တော် ဖြူဖြူထွေးက သူမအိမ်မှာရှိတဲ့ အဝတ်အစားခန်းက အဝတ်အစားတွေအကြောင်းကို လိုက်လံရှင်းပြခဲ့တာဖြစ်ပြီး သူမကိုယ်သူမ ဒီလိုနေရာမျိုးကို ရောက်ရှိလာလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်မှန်းထားခဲ့ဖူး ဆိုပြီး ရင်ဖွင့်ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။ဖြူဖြူထွေးဟာဆိုရင် သူမရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ အိမ်သစ်ကြီးမှာ ဖက်ရှင်တစ်ဆိုင်စာလောက် ရှိတဲ့ အဝတ်အစားခန်းကြီးကို ပိုင်ဆိုင်ထားပြီး အဝတ်အစားအချို့ကို သေချာခေါက်ပြီး သိမ်းဆည်းထားကာ၊ အချို့သော ပွဲနေပွဲထိုင် အနောက်တိုင်းဝတ်စုံများကိုတော့ သေသပ်စွာ ချတ်ဆွဲထားတာကို တွေ့မြင်ရပါတယ်။

ဒီအဝတ်အစားခန်းထဲမှာဆိုရင် ပွဲတတ်ဝတ်စုံတွေ၊ free-style ဖက်ရှင်တွေ၊ မြန်မာဆန်ဆန် ချိတ်တွေ၊ စကတ်တွေ စသည်ဖြင့် ရှုတင်အမျိုးမျိုးအတွက် လိုအပ်တဲ့ အင်္ကျီအမျိုးအစား လုံလုံလင်လင်ကို တွေ့ရပါတယ်။ ဒီအဝတ်စားခန်းထဲက တချို့ကိုလည်း ပရိသတ်တွေအတွက် မဲပြန်ဖောက်ပေးမယ့် အစီအစဉ်တစ်ခုကိုလည်း ဖြူဖြူထွေးက စဉ်းစားစီစဉ်နေပြီး အရင်ကလည်း သူမရဲ့ အိမ်ကိုလာလည်တဲ့ fan အချို့ကို အဝတ်အစားလေးတွေ လက်ဆောင်ပြန်ပေးလေ့ ရှိခဲ့တယ်လို့ ဖြူဖြူထွေးက ပြောပါတယ်။အင်္ကျီဆိုတာမျိုးက တစ်ခါဝတ်ပြီးရင် တစ်ခါပြန်လဲရတာမျိုး ဖြစ်တဲ့အတွက် ဖြူဖြူထွေးအနေနဲ့ အကြိုက်ဆုံးအင်္ကျီရယ်လို့တော့ မရှိပဲ သူမရဲ့အဝတ်အစားခန်းထဲမှာဆိုရင် ဈေးတွေသိပ်ကြီးတဲ့ ဝတ်ကောင်းစားလှရယ်လို့လည်း မရှိပါဘူးလို့ ဖြူဖြူထွေးက ပွင့်ပွင့်လင်းလင်းပဲ ပြောလာပါတယ်။ အိပ်တွေထားတဲ့ စင်နားရောက်ပြန်တော့လည်း ဖြူဖြူထွေးက “အိပ်တွေအများကြီး ဆိုပြီး အထင်မကြီးနဲ့။ ဒီတစ်လုံးပဲ ကိုယ်ဝယ်ထားတာ၊ ကျန်တာတွေ အကုန်လုံးက လက်ဆောင်ရထားတာ” လို့ပြောပြီး သူမကိုယ်တိုင်ဝယ်ယူထားတယ် ဆိုတဲ့ အဖြူရောင်ကျောပိုးအိပ် တစ်လုံးကို ထုတ်ပြပါတယ်။

ဒီကျောပိုးအိပ်လေးကိုဆိုရင် သူမအနေနဲ့ ကြိုက်လွန်းလို့ ဈေးနှုန်းမမေးမြန်းပဲ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပိုက်ဆံရှင်းတဲ့အခါမှ တစ်သိန်းကျော်နေတဲ့အတွက် နှမြောခဲ့ဖူးတဲ့ အမှတ်တရလေးတွေရှိတယ်လို့ ဖြူဖြူထွေးက ရယ်ရယ်မောမောနဲ့ ပြောပြပါတယ်။ဖြူဖြူထွေးဟာ ဒီအဝတ်အစားခန်းထဲမှာ သူမအတွက် အမှတ်တရဖြစ်စေမယ့် သူမရရှိခဲ့တဲ့ ဆုတံဆိပ်တွေ၊ ဘွဲ့ဓာတ်ပုံတွေ၊ ဂုဏ်ပြုမှန်တမ်းလွှာတွေ၊ ဘွဲ့လက်မှတ်တွေ စသည်ဖြင့် သိမ်းဆည်းထားပါတယ်။ဒီအခန်းလေးကိုတော့ ဖြူဖြူထွေးက ရှုတင်ရှိတဲ့ ရက်တွေကလွဲရင် တစ်နေကုန်နေမှ တစ်ခါတောင် မတက်ဖြစ်ပေမယ့် ကြော်ငြာဗီဒီယိုတွေ၊ Tik Tok ဗီဒီယိုတွေ ရိုက်ရင်တော့ အဝတ်အစားတွေ ဒီမှာလာရွေးရတယ်လို့ ဖြူဖြူထွေးက ပြောပါတယ်။ အရင်ကာလ နယ်မှာနေစဉ်ကဆို အခုလို အောင်မြင်ကျော်ကြားပြီး ကိုယ်ပိုင်အဝတ်အစားခန်းတစ်ခုကို ပိုင်ဆိုင်ရလိမ့်မယ်လို့ ထင်တောင် မထင်ထားခဲ့ပဲ အရာရာတိုင်းက အမှတ်မထင်၊ တကယ်မထင်မှန်ပဲ ရုတ်တရက်ချက်ချင်း ဖြစ်ခဲ့တာတွေများတယ်လို့ ဖြူဖြူထွေးက ရင်ဖွင့်ပြောပြပါတယ်။ “အဲ့လိုမျိုး ဖြစ်လာအောင်လည်း ကိုယ့်ရဲ့ကြိုးစားမှု လိုသေးတာပေါ့နော်။ ကြိုးစားရမယ်၊ သေချာလေး လုပ်ရမယ်၊ အဲ့တာမျိုးတွေပေါ့နော်။ client တွေယုံကြည်လာအောင် ဘယ်လိုလုပ်ရမယ်၊ client တွေအတွက် သေချာလေး ဘယ်လိုပြန်လုပ်ပေးရမယ်၊ အဲ့ဒီလို မျိုးတွေပေါ့။ အများကြီး ကြိုးစားရတယ်။” လို့ ဖြူဖြူထွေးက ကြိုးစားခြင်းရဲ့ အရေးပါပုံကို ရှင်းပြခဲ့ပါတယ်။

အခုချိန်မှာ ကြော်ငြာဗီဒီယိုတွေရိုက်ကူးတာက ကိုယ့်ဇာတ်ညွှန်းနဲ့ ကိုယ့်ဟာကို ရိုက်တာဆိုပေမယ့် တကယ့်တကယ် company ကြီးတွေက ကမ်းလှမ်းလာလို့ ဒါရိုက်တာကြီးတွေနဲ့ သေချာရိုက်ကူးရတော့မယ် ဆိုရင်တော့ ဇာတ်လမ်း နဲ့ ဇာတ်အိမ်အတွက် လိုအပ်တဲ့ အဝတ်အစားတွေ ပြင်ဆင်နိုင်ဖို့အတွက် ဇာတ်ညွှန်းကို တစ်ပတ်၊ နှစ်ပတ်တော့ ကြိုပေးထားဖို့ လိုလိမ့်မယ်လို့ ဖြူဖြူထွေးက ပြောပါတယ်။ဆယ်ကျော်သက်အရွယ်မှာတည်းက မိသားစုကို ကောင်းကောင်းထောက်ပံ့နိုင်ပြီး ကိုယ်ကိုတိုင်လည်း ကောင်းကောင်းမွန်မွန် နေထိုင်နိုင်တဲ့အပေါ်မှာ ဖြူဖြူထွေးက “လူတိုင်းကတော့ မိသားစုနဲ့ နေချင်ကြတာပဲ ပေါ့နော်။ ဒါပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကိုယ်တောင်မပြောနဲ့ အိမ်က ကိုယ့်မိဘတွေ၊ မောင်နှမတွေတောင် ဒါမျိုးကြီးဖြစ်လာမယ်လို့ သူတို့ကိုယ်တိုင် ယုံထားတဲ့ထဲမှာ မပါဘူး။ ပြန်စဉ်းစားကြည့်ရင် မဖြစ်နိုင်ဘူးလို့ပဲ ထင်တာ။ ဒါပေမယ့် ဘဝမှာက မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးပေါ့နော်။ အခက်အခဲတိုင်းကို ကျော်လွှားနိုင်မှသာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာ၊ အဲ့လိုမျိုး။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆိုတာလည်း တစ်သမတ်တည်း မတွက်ထားနဲ့ ပေါ့နော်။ အတတ်နိုင်ဆုံး ကိုယ့်ကြိုးစားမှုအပေါ်မှာ မူတည်ပြီးတော့ အချိန်တိုင်းက စောင့်နေမှာပေါ့နော်။ လူတိုင်းမှာတော့ အခက်အခဲများစွာ ရှိတာပေါ့နော်။

ဝန်ထမ်းဘဝပဲ ဖြစ်ဖြစ်၊ အောက်ခြေဘဝပဲ ဖြစ်ဖြစ်၊ အထက်တန်းလွှာကပဲ ဖြစ်ဖြစ် အခက်အခဲဆိုတာက လူတိုင်းမှာရှိတယ်။ ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့လိုတယ်။ စိတ်ဓာတ်ကျတိုင်းသာ နောက်ပြန်လှည့်ရမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ဆိုတာက ပျောက်ခြင်းမလှ ပျောက်နေမှာ ပေါ့နော်။ အဲ့တာကြောင့် ကိုယ့်ဘဝကို အတတ်နိုင်ဆုံး ကြိုးစားပါ။ အခက်အခဲတိုင်းကို လက်မလျှော့ပဲနဲ့ အားကြိုးမာန်တက် ရှေဆက်တိုးပါ။ အဲ့ဒီလိုမျိုး ကြိုးစားရင်တော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရည်မှန်ထားတဲ့ ပန်းတိုင်ကို ရောက်မှာပါ။” လို့ ပြောကြားရင်း ဖြူဖြူထွေးက ဒီအစီအစဉ်လေးကို နိဂုံးချုပ်ဖြေကြားပေးခဲ့ပါတယ်။ဒီအကြောင်အရာလေးတွေနဲ့ ပတ်သတ်လို့ ပရိသတ်ရဲ့ ထင်မြင်ယူဆချက်လေးတွေကိုလည်း ဝေမျှပေးခဲ့ပါဦးနော်။