ပရိတ္သတ္ေတြရဲ့ ဆႏၵေလးတစ္ခုကို ျဖည့္စည္းေပးလိုက္ျပီျဖစ္တဲ့ ပရိတ္သတ္အခ်စ္ေတာ္ထက္ထက္မိုးဦး

ပရိတ္သတ္ျကီးေရ တစ္ခ်ိန္က ေအာင္ျမင္တဲ့ အနုပညာရွင္တစ္ဦးျဖစ္တဲ့ အကယ္ဒမီ ထက္ထက္မိုးဦးကေတာ့ အနုပညာအလုပ္ေတြကို ရပ္နားျပီး အခု ျပန္လည္လုပ္ကိုင္ခ်ိန္မွာလည္း အျကီးအက်ယ္ေအာင္ျမင္တဲ့ အနုပညာရွင္တစ္ေယာက္ပါေနာ္္။သ႐ုပ္ေဆာင္ ထက္ထက္မိုးဦးကေတာ့ လူႀကီး၊ လူငယ္၊ ကေလးမေ႐ြးခ်စ္ခင္အားေပးျခင္းခံရတဲ့ မင္းသမီးေခ်ာတစ္ေယာက္ပါပဲ။ ထက္ထက္မိုးဦးက အခုဆိုရင္ အသက္အ႐ြယ္တစ္ခုကို ေရာက္ရွိေနၿပီျဖစ္ေပမယ့္ ပရိသတ္ေတြက သူမကိုခ်စ္ၾကတဲ့ အခ်စ္ေတြကေတာ့ ေလ်ာ့နည္းသြားျခင္းမရွိပဲ တစ္ေန႔တစ္ျခား ပိုလို႔ေတာင္ တိုးပြားလာတာပဲ ျဖစ္ပါတယ္။ ထက္ထက္မိုးဦးက အႏုပညာအလုပ္ေတြ မလုပ္ကိုင္ျဖစ္ေသးပဲ ရတနာပစၥည္းေတြ၊ တန္ဖိုးႀကီးကားနဲ႔ အိမ္ရာေတြကို Live လႊင့္ၿပီး ေရာင္းခ်တဲ့အခါမွာလည္း ပရိသတ္ေတြရဲ႕ မထင္ထားေလာက္တဲ့ အားေပးမႈကို ရရွိတာပဲ ျဖစ္ပါတယ္။

တစ္ခ်ိန္က ေၾကာ္ျငာဘုရင္မအျဖစ္ သရဖူေဆာင္းႏိုင္ခဲ့တဲ့ ထက္ထက္မိုးဦးကေတာ့ အရင္အတိုင္း အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္ဖို႔အတြက္ ပရိသတ္ေတြက အၿမဲတမ္း ေစာင့္ေမွ်ာ္ေနၾကတာပဲ ျဖစ္ပါတယ္။ ထက္ထက္မိုးဦးကလည္း ပရိသတ္ေတြျဖစ္ေစခ်င္တဲ့ ဆႏၵေလးအတိုင္း ေၾကာ္ျငာေလးေတြကို ျပန္လည္႐ိုက္ကူးေနေၾကာင္းကို “ခ်စ္ရသူေတြအတြက္ အၿမဲအလုပ္ေတြ ႀကိဳးစားေနမယ္။ ထက္ကို ေၾကာ္ျငာေတြ ျပန္႐ိုက္ပါလို႔ေတာင္းဆိုေနၾကတဲ့ ခ်စ္ရသူေတြအတြက္” ဆိုျပီး ေၾကာ္ျငာရိုက္ကြင္းေပၚက အမွတ္တရေတြကို မွ်ေဝေပးလာပါတယ္။

ထက္ထက္မိုးဦးကေတာ့ တစ္နိုင္ငံလံုးအတိုင္းအတာနဲ့ ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွပိုင္ဆိုင္သလို သူမကိုယ္တိုင္ကလည္း ပရိသတ္ေတြရဲ့ စိတ္ဆႏၵကို ဦးစားေပးသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ထက္ထက္ရဲ့ ေၾကာ္ျငာေလးေတြကို ေစာင့္ေမွ်ာ္အားေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Htet Htet Moe Oo’s fb

UNICODE

ပရိတ်သတ်ကြီးရေ တစ်ချိန်က အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီ ထက်ထက်မိုးဦးကတော့ အနုပညာအလုပ်တွေကို ရပ်နားပြီး အခု ပြန်လည်လုပ်ကိုင်ချိန်မှာလည်း အကြီးအကျယ်အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ပါနော်။သရုပ်ဆောင် ထက်ထက်မိုးဦးကတော့ လူကြီး၊ လူငယ်၊ ကလေးမရွေးချစ်ခင်အားပေးခြင်းခံရတဲ့ မင်းသမီးချောတစ်ယောက်ပါပဲ။ ထက်ထက်မိုးဦးက အခုဆိုရင် အသက်အရွယ်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပေမယ့် ပရိသတ်တွေက သူမကိုချစ်ကြတဲ့ အချစ်တွေကတော့ လျော့နည်းသွားခြင်းမရှိပဲ တစ်နေ့တစ်ခြား ပိုလို့တောင် တိုးပွားလာတာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက အနုပညာအလုပ်တွေ မလုပ်ကိုင်ဖြစ်သေးပဲ ရတနာပစ္စည်းတွေ၊ တန်ဖိုးကြီးကားနဲ့ အိမ်ရာတွေကို Live လွှင့်ပြီး ရောင်းချတဲ့အခါမှာလည်း ပရိသတ်တွေရဲ့ မထင်ထားလောက်တဲ့ အားပေးမှုကို ရရှိတာပဲ ဖြစ်ပါတယ်။

တစ်ချိန်က ကြော်ငြာဘုရင်မအဖြစ် သရဖူဆောင်းနိုင်ခဲ့တဲ့ ထက်ထက်မိုးဦးကတော့ အရင်အတိုင်း အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်ဖို့အတွက် ပရိသတ်တွေက အမြဲတမ်း စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးကလည်း ပရိသတ်တွေဖြစ်စေချင်တဲ့ ဆန္ဒလေးအတိုင်း ကြော်ငြာလေးတွေကို ပြန်လည်ရိုက်ကူးနေကြောင်းကို “ချစ်ရသူတွေအတွက် အမြဲအလုပ်တွေ ကြိုးစားနေမယ်။ ထက်ကို ကြော်ငြာတွေ ပြန်ရိုက်ပါလို့တောင်းဆိုနေကြတဲ့ ချစ်ရသူတွေအတွက်” ဆိုပြီး ကြော်ငြာရိုက်ကွင်းပေါ်က အမှတ်တရတွေကို မျှဝေပေးလာပါတယ်။

ထက်ထက်မိုးဦးကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်သလို သူမကိုယ်တိုင်ကလည်း ပရိသတ်တွေရဲ့ စိတ်ဆန္ဒကို ဦးစားပေးသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ထက်ထက်ရဲ့ ကြော်ငြာလေးတွေကို စောင့်မျှော်အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htet Htet Moe Oo’s fb