ကိုဗစ္ကာကြယ္ေဆးနဲ႔ရရွိတာနက္တစ္ျပိုင္နက္ လုပ္ေဆာင္မယ့္ အေျကာင္းအရာေလးတစ္ခုကို ေလးစားဖြယ္ေျပာျပလာတဲ့ ဖိုးခ်စ္

ပရိတ္သတ္ႀကီးေရ ဖိုးခ်စ္ကေတာ့ သဘင္ေလာကရဲ႕ ဥကၠဌတစ္ဦး ျဖစ္ျပီးအခုလို ကုိဗစ္ကာလမွာလည္းလွုဒါန္းမွုေတြကို အဆက္မျပတ္လုပ္ေနတာပါ။အသက္အရြယ္ငယ္ရြယ္သူျဖစ္ေပမယ့္လည္းေခါင္းေဆာင္ေကာင္းပီသတဲ့ ဖိုးခ်စ္ကို သဘင္ေလာက တစ္ခုလံုးသာမက အျခားေသာအနုပညာေလာက က သူေတြပါေလးစားခ်စ္ခင္ျကတာပါ။တစ္ကမာၻလုံးရဲ႕ လည္ပတ္မႈယႏၲရားေတြ ရပ္တန္႔သြားေစခဲ့တဲ့အထိ သက္ေရာက္မႈအားျပင္းခဲ့တဲ့ ကိုဗစ္ကပ္ေရာဂါဆိုးႀကီးကို ကာကြယ္ကုသႏိုင္ဖို႔ ပညာရွင္ေတြအားလုံးနည္းမ်ိဳးစုံနဲ႔ စမ္းသပ္လာခဲ့တာ အခုဆိုရင္ သတင္းေကာင္းတခ်ိဳ႕ ရွိလာၿပီျဖစ္ပါတယ္။ ေဆးပညာဖြံ႕ၿဖိဳးတိုးတက္တဲ့ အင္အားႀကီးႏိုင္ငံတခ်ိဳ႕ရဲ႕ စမ္းသ္ခ်က္ရလဒ္ေကာင္းေတြေၾကာင့္ လာမယ့္ ဒီဇင္ဘာလလယ္ေလာက္ကစၿပီး ကာကြယ္ေဆးစတင္အသုံးျပဳႏိုင္ေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။

ဒါ့ေပမယ္ ကမာၻလူဦးေရအကုန္လုံးအတြက္ တစ္ၿပိဳင္နက္တည္းထုတ္လုပ္ႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္ေသးတာမို႔ ကာကြယ္ေဆးရရွိလာခဲ့ရင္လည္း ဦးစားေပးအစီအစဥ္ေတြနဲ႔ လိုအပ္တဲ့အဆင့္လိုက္ လုပ္ေဆာင္သြားရမွာပါ။ လူ႔အသက္ကိုၿခိမ္းေျခာက္ႏိုင္တဲ့ေရာဂါမို႔ လူတိုင္းကာကြယ္ေဆးပထမဆုံးရခ်င္ၾကမွာ အမွန္ဆိုေပမယ့္လည္း ဖိုးခ်စ္ကေတာ့ ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး ေလးစားစရာေကာင္းတဲ့သူ႔ရဲ႕စိတ္ထားကို မွ်ေဝလာပါတယ္ ကာကြယ္ေဆးရရင္ အရင္ဆုံးထိုးရဖို႔မႀကိဳးစားခ်င္ဘူး အားလုံးထိုးႏိုင္တဲ့အထိ စည္းကမ္းလိုက္နာၿပီးေစာင့္မယ္…ဆိုၿပီး ေရးသားမွ်ေဝလာပါတယ္။

ဖိုးခ်စ္ရဲ႕တစ္ကိုယ္ေကာင္းမဆန္ မြန္ျမတ္တဲ့စိတ္ထားေလးကိုေတာ့ ပရိသတ္ေတြက ေလးစားခ်စ္ခင္ခဲ့ရသလို က်န္းမာျဖတ္လတ္တဲ့ လူငယ္လူ႐ြယ္တိုင္းမွာ ေဆးအလြယ္တကူရႏိုင္မယ့္ အေနအထားရွိခဲ့ရင္ေတာင္ ဖိုးခ်စ္လိုစိတ္မ်ိဳးပဲထားသင့္ေၾကာင္း မွတ္ခ်က္ေပးေရးသားခဲ့ၾကပါတယ္။ဖတ္ရွုေပးခဲ့ျကတဲ့ပရိိတ္သတ္ျကီးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္။ပရိတ္သတ္ျကီးအားလံုးသာယာေသာေန့ေလးတစ္ေန့ကို ပိုင္ဆိုင္နိုင္ျကပါေစေနာ္။

Source- Phoe Chit

UNICODE

ပရိတ်သတ်ကြီးရေ ဖိုးချစ်ကတော့ သဘင်လောကရဲ့ ဥက္ကဌတစ်ဦး ဖြစ်ပြီးအခုလို ကိုဗစ်ကာလမှာလည်းလှုဒါန်းမှုတွေကို အဆက်မပြတ်လုပ်နေတာပါ။အသက်အရွယ်ငယ်ရွယ်သူဖြစ်ပေမယ့်လည်းခေါင်းဆောင်ကောင်းပီသတဲ့ ဖိုးချစ်ကို သဘင်လောက တစ်ခုလုံးသာမက အခြားသောအနုပညာလောက က သူတွေပါလေးစားချစ်ခင်ကြတာပါ။တစ်ကမ္ဘာလုံးရဲ့ လည်ပတ်မှုယန္တရားတွေ ရပ်တန့်သွားစေခဲ့တဲ့အထိ သက်ရောက်မှုအားပြင်းခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြီးကို ကာကွယ်ကုသနိုင်ဖို့ ပညာရှင်တွေအားလုံးနည်းမျိုးစုံနဲ့ စမ်းသပ်လာခဲ့တာ အခုဆိုရင် သတင်းကောင်းတချို့ ရှိလာပြီဖြစ်ပါတယ်။ ဆေးပညာဖွံ့ဖြိုးတိုးတက်တဲ့ အင်အားကြီးနိုင်ငံတချို့ရဲ့ စမ်းသ်ချက်ရလဒ်ကောင်းတွေကြောင့် လာမယ့် ဒီဇင်ဘာလလယ်လောက်ကစပြီး ကာကွယ်ဆေးစတင်အသုံးပြုနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့ပေမယ် ကမ္ဘာလူဦးရေအကုန်လုံးအတွက် တစ်ပြိုင်နက်တည်းထုတ်လုပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးတာမို့ ကာကွယ်ဆေးရရှိလာခဲ့ရင်လည်း ဦးစားပေးအစီအစဉ်တွေနဲ့ လိုအပ်တဲ့အဆင့်လိုက် လုပ်ဆောင်သွားရမှာပါ။ လူ့အသက်ကိုခြိမ်းခြောက်နိုင်တဲ့ရောဂါမို့ လူတိုင်းကာကွယ်ဆေးပထမဆုံးရချင်ကြမှာ အမှန်ဆိုပေမယ့်လည်း ဖိုးချစ်ကတော့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး လေးစားစရာကောင်းတဲ့သူ့ရဲ့စိတ်ထားကို မျှဝေလာပါတယ် ကာကွယ်ဆေးရရင် အရင်ဆုံးထိုးရဖို့မကြိုးစားချင်ဘူး အားလုံးထိုးနိုင်တဲ့အထိ စည်းကမ်းလိုက်နာပြီးစောင့်မယ်…ဆိုပြီး ရေးသားမျှဝေလာပါတယ်။

ဖိုးချစ်ရဲ့တစ်ကိုယ်ကောင်းမဆန် မွန်မြတ်တဲ့စိတ်ထားလေးကိုတော့ ပရိသတ်တွေက လေးစားချစ်ခင်ခဲ့ရသလို ကျန်းမာဖြတ်လတ်တဲ့ လူငယ်လူရွယ်တိုင်းမှာ ဆေးအလွယ်တကူရနိုင်မယ့် အနေအထားရှိခဲ့ရင်တောင် ဖိုးချစ်လိုစိတ်မျိုးပဲထားသင့်ကြောင်း မှတ်ချက်ပေးရေးသားခဲ့ကြပါတယ်။ဖတ်ရှုပေးခဲ့ကြတဲ့ပရိတ်သတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။ပရိတ်သတ်ကြီးအားလုံးသာယာသောနေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

Source- Phoe Chit