(၁၇-၄-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီ ထုတ္ျပန္ခ်က္အရ Covid 19 ေရာဂါေတြ့ ရွိသူ ၃ ဦးထပ္မံေတြ့ရွိ

COVID-19 ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း(၁၇-၄-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀)နာရီ

၁။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သည္ (၁၇-၄-၂၀၂၀) ရက္ေန႔၊ နံနက္ ပိုင္းအထိ ေစာင့္ၾကည့္လူနာႏွင့္ အသြားအလာကန္႔သတ္ထားသူ စုစုေပါင္း (၃,၅၀၅) ဦး၏ ဓာတ္ခြဲ နမူနာမ်ားကို စစ္ေဆးခဲ့ရာ (၈၅) ဦးတြင္ COVID-19 ေရာဂါ ကူးစက္ခံရေၾကာင္း အတည္ျပဳႏိုင္ခဲ့ၿပီး (၃,၄၂၀) ဦးတြင္ ေရာဂါပိုးမရွိေၾကာင္း ေတြ႕ရွိခဲ့ရပါသည္။

၂။ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၇၉)ဦးအား ေအာက္ပါဇယားအတိုင္း သက္ဆိုင္ရာ ေဆး႐ုံမ်ားတြင္ လိုအပ္သလို ကုသမႈေပးလ်က္ရွိၿပီး ၎တို႔၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္ ေကာင္းမြန္လ်က္ရွိပါသည္။

၃။ ျမန္မာႏိုင္ငံတြင္ (၂၄-၃-၂၀၂၀) ရက္ေန႔၌ COVID-19 ေရာဂါရွိေၾကာင္းဓာတ္ခြဲစစ္ေဆး ေတြ႕ရွိခဲ့ၿပီး ေဝဘာဂီအထူးကုေဆး႐ုံႀကီး တြင္ ေဆးကုသမႈခံယူလ်က္ရွိေသာ လူနာ (Case-003) သည္ေရာဂါသက္သာေကာင္းမြန္လ်က္ရွိၿပီး ၎ထံမွ ဒုတိယ အႀကိမ္ဓာတ္ခြဲနမူနာအား (၆-၄-၂၀၂၀) ရက္ေန႔တြင္လည္းေကာင္း၊ တတိယအႀကိမ္ ဓာတ္ခြဲ နမူနာအား (၉-၄-၂၀၂၀) ရက္ေန႔တြင္လည္းေကာင္း ရယူ၍ ထပ္မံစစ္ေဆးခဲ့ရာ (၂)ႀကိမ္လုံးတြင္ COVID -19 ေရာဂါပိုး မ‌ေတြ႕ရွိေတာ့ပါ။

၄။ (၂၉-၃-၂၀၂၀) ရက္ေန႔တြင္ COVID-19 ေရာဂါရွိေၾကာင္း ဓာတ္ခြဲစစ္ေဆးေတြ႕ရွိခဲ့ၿပီး ေဝဘာဂီအထူးကုေဆး႐ုံႀကီး တြင္ ေဆးကုသမႈခံယူလ်က္ရွိေသာ (Case-009) သည္ေရာဂါသက္သာေကာင္းမြန္လ်က္ရွိၿပီး ၎ထံမွ ဒုတိယ အႀကိမ္ဓာတ္ခြဲနမူနာအား (၉-၄-၂၀၂၀) ရက္ေန႔တြင္လည္းေကာင္း၊ တတိယအႀကိမ္ ဓာတ္ခြဲနမူနာအား (၁၂-၄-၂၀၂၀) ရက္ေန႔တြင္လည္းေကာင္းရယူ၍ ထပ္မံစစ္ေဆးခဲ့ရာ (၂)ႀကိမ္လုံးတြင္ COVID-19 ေရာဂါပိုး မေတြ႕ရွိေတာ့ပါ။

၅။ (၃၀-၃-၂၀၂၀) ရက္ေန႔တြင္ COVID-19 ေရာဂါရွိေၾကာင္း ဓာတ္ခြဲစစ္ေဆးေတြ႕ရွိခဲ့ၿပီး ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူလ်က္ရွိေသာ လူနာ (Case-012) သည္ေရာဂါသက္သာေကာင္းမြန္လ်က္ရွိၿပီး ၎ထံမွ ဒုတိယ အႀကိမ္ဓာတ္ခြဲနမူနာအား (၉-၄-၂၀၂၀) ရက္ေန႔တြင္လည္းေကာင္း၊ တတိယအႀကိမ္ ဓာတ္ခြဲနမူနာအား (၁၆-၄-၂၀၂၀)ရက္ေန႔တြင္လည္းေကာင္း ရယူ၍ ထပ္မံစစ္ေဆးခဲ့ရာ (၂)ႀကိမ္လုံးတြင္ COVID -19 ေရာဂါပိုး မ‌ေတြ႕ရွိေတာ့ပါ။

၆။ (၁၆-၄-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၁၇-၄-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၁၃၂)ဦး ရွိပါသည္။

၇။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) ၏ (၁၇-၄-၂၀၂၀) ရက္ေန႔တြင္ ပထမအသုတ္ စစ္ေဆးခဲ့ေသာ ဓာတ္ခြဲနမူနာ (၉၃) ခုအနက္ အင္းစိန္ အေထြေထြေရာဂါကုေဆး႐ုံႀကီးမွ ေစာင့္ၾကည့္လူနာ (၁)ဦး၊ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွ ေစာင့္ၾကည့္လူနာ (၁)ဦး၊ ကေလးၿမိဳ႕တြင္ အသြားအလာကန႔္သတ္ထားသူ (၁)ဦး၊ စုစု‌ေပါင္း (၃)ဦးတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့ရၿပီး က်န္လူနာ (၉၀)ဦးတြင္ COVID -19 ေရာဂါပိုး မေတြ႕ရွိပါ။

UNICODE

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၁၇-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၇-၄-၂၀၂၀) ရက်နေ့၊ နံနက် ပိုင်းအထိ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၃,၅၀၅) ဦး၏ ဓာတ်ခွဲ နမူနာများကို စစ်ဆေးခဲ့ရာ (၈၅) ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး (၃,၄၂၀) ဦးတွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။

၂။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၇၉)ဦးအား အောက်ပါဇယားအတိုင်း သက်ဆိုင်ရာ ဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ် ကောင်းမွန်လျက်ရှိပါသည်။

၃။ မြန်မာနိုင်ငံတွင် (၂၄-၃-၂၀၂၀) ရက်နေ့၌ COVID-19 ရောဂါရှိကြောင်းဓာတ်ခွဲစစ်ဆေး တွေ့ရှိခဲ့ပြီး ဝေဘာဂီအထူးကုဆေးရုံကြီး တွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာ (Case-003) သည်ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ ဒုတိယ အကြိမ်ဓာတ်ခွဲနမူနာအား (၆-၄-၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ် ဓာတ်ခွဲ နမူနာအား (၉-၄-၂၀၂၀) ရက်နေ့တွင်လည်းကောင်း ရယူ၍ ထပ်မံစစ်ဆေးခဲ့ရာ (၂)ကြိမ်လုံးတွင် COVID -19 ရောဂါပိုး မ‌တွေ့ရှိတော့ပါ။

၄။ (၂၉-၃-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါရှိကြောင်း ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့ပြီး ဝေဘာဂီအထူးကုဆေးရုံကြီး တွင် ဆေးကုသမှုခံယူလျက်ရှိသော (Case-009) သည်ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ ဒုတိယ အကြိမ်ဓာတ်ခွဲနမူနာအား (၉-၄-၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ် ဓာတ်ခွဲနမူနာအား (၁၂-၄-၂၀၂၀) ရက်နေ့တွင်လည်းကောင်းရယူ၍ ထပ်မံစစ်ဆေးခဲ့ရာ (၂)ကြိမ်လုံးတွင် COVID-19 ရောဂါပိုး မတွေ့ရှိတော့ပါ။

၅။ (၃၀-၃-၂၀၂၀) ရက်နေ့တွင် COVID-19 ရောဂါရှိကြောင်း ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့ပြီး ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာ (Case-012) သည်ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ ဒုတိယ အကြိမ်ဓာတ်ခွဲနမူနာအား (၉-၄-၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ တတိယအကြိမ် ဓာတ်ခွဲနမူနာအား (၁၆-၄-၂၀၂၀)ရက်နေ့တွင်လည်းကောင်း ရယူ၍ ထပ်မံစစ်ဆေးခဲ့ရာ (၂)ကြိမ်လုံးတွင် COVID -19 ရောဂါပိုး မ‌တွေ့ရှိတော့ပါ။

၆။ (၁၆-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၇-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၃၂)ဦး ရှိပါသည်။

၇။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၇-၄-၂၀၂၀) ရက်နေ့တွင် ပထမအသုတ် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၉၃) ခုအနက် အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးမှ စောင့်ကြည့်လူနာ (၁)ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာ (၁)ဦး၊ ကလေးမြို့တွင် အသွားအလာကန့်သတ်ထားသူ (၁)ဦး၊ စုစု‌ပေါင်း (၃)ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရပြီး ကျန်လူနာ (၉၀)ဦးတွင် COVID -19 ရောဂါပိုး မတွေ့ရှိပါ။