ကို႐ိုနာဗိုင္းရပ္စ္ ဗဟိုခ်က္ ဝူဟန္တြင္ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၅၀ ရာခိုင္ႏႈန္းတိုးလာဟု တ႐ုတ္က ျပင္ဆင္ေၾကညာ

တ႐ုတ္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ဗဟိုခ်က္ ျဖစ္ေသာ ဝူဟန္ၿမိဳ႕ ၌ ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးသူ ၁,၂၉၀ ဦး ထပ္တိုးလာၿပီး ၅၀ ရာခိုင္ႏႈန္း ပိုမ်ားခဲ့ေၾကာင္း၊ ကူးစက္မႈ အဆိုးဆုံးအခ်ိန္တြင္ အလြန္အကြၽံ လူနာလက္ခံထားရေသာ က်န္းမာေရးစင္တာမ်ား၌ လူနာလက္ခံႏိုင္စြမ္း မလုံေလာက္မႈေၾကာင့္ ကူးစက္ခံရသူ တြက္ခ်က္မႈ ေလ်ာ့နည္းခဲ့ျခင္း ျဖစ္ေၾကာင္း တ႐ုတ္အစိုးရ မီဒီယာ Xinhua က ဧၿပီ ၁၇ တြင္ ‌ေဖာ္ျပခဲ့သည္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဝူဟန္တြင္ ေသဆုံးမႈသည္ ၃,၈၆၉ ဦးရွိခဲ့ၿပီး တ႐ုတ္၌ ေသဆုံးသူအမ်ားဆုံးေနရာ ျဖစ္သည္။လူဦးေရ ၁၁ သန္းရွိေသာ ဝူဟန္တြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၅၀,၃၃၃ ဦး ျဖစ္ေၾကာင္းလည္း အာဏာပိုင္မ်ားက ျပင္ဆင္ခဲ့သည္။၃၂၅ ဦးတိုးလာခဲ့ေသာ ဝူဟန္တြင္ ကူးစက္ခံရမႈသည္ တ႐ုတ္တြင္ စုစုေပါင္း ကူးစက္ခံရသူ ၈၂,၃၆၇ ဦး၏ သုံးပုံႏွစ္ပုံခန႔္ရွိသည္။ယင္းစာရင္းအေျပာင္းအလဲက တ႐ုတ္တစ္ႏိုင္ငံလုံးတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူဦးေရသည္ ၃၉ ရာခိုင္ႏႈန္းတိုးလာကာ ၄,၆၃၂ ဦးအထိ ရွိလာခဲ့ေၾကာင္း တရားဝင္ထုတ္ျပန္ေသာ စာရင္းအင္းမ်ားကို ကိုးကားၿပီး ေအအက္ဖ္ပီက ေဖာ္ျပခဲ့သည္။

ဝူဟန္၏ ကူးစက္ေရာဂါကာကြယ္၊ထိန္းခ်ဳပ္ေရး အခ်က္အလက္စနစ္၊ ၿမိဳ႕၏ဈာပနဝန္ေဆာင္စနစ္၊ ျမဴနီစီပယ္ေဆး႐ုံအာဏာပိုင္အဖြဲ႕၏သတင္းအခ်က္အလက္စနစ္၊ ထပ္ေက်ာ့ေရတြက္မႈမ်ားအား ဖယ္ရွားသည့္ နယူကလိယက္အက္ဆစ္စစ္ေဆးမႈစနစ္တို႔မွ ရရွိေသာ အခ်က္အလက္မ်ားကို ႏႈိင္းယွဥ္စစ္ေဆးၿပီးေနာက္ ျပင္ဆင္ထားေသာ အခ်က္အလက္မ်ားကို ရရွိခဲ့ျခင္း ျဖစ္သည္ဟု တာဝန္ရွိသူတစ္ဦးကို ကိုးကားၿပီး Xinhua က ေဖာ္ျပခဲ့သည္။ဝူဟန္တြင္ ဇန္နဝါရီကတည္းက ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏွင့္ေသဆုံးမႈမ်ား ျဖစ္ေနခဲ့ၿပီး သတင္းထုတ္ျပန္ခဲ့ျခင္း မရွိေသာေၾကာင့္ တ႐ုတ္၏သတင္းအခ်က္အလက္ ထုတ္ျပန္မႈ တိက်ျခင္းကို မယုံသကၤာ ျဖစ္ေနသည္မွာ ၾကာၿပီ ျဖစ္သည္။သတင္းအခ်က္အလက္ မေရရာမႈက တ႐ုတ္တာဝန္ရွိသူမ်ားသည္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ၏ သက္ေရာက္မႈကို ေလွ်ာ့ခ်ရန္ ႀကိဳးပမ္းေနခဲ့ၿပီး ဗိုင္းရပ္စ္ေဘးကို အခ်ိန္တိုအတြင္း ထိန္းခ်ဳပ္ႏိုင္မည့္ အခြင့္အေရးကို ျဖဳန္းတီးခဲ့ေၾကာင္း စြပ္စြဲမႈမ်ားကို ျဖစ္ေပၚေစခဲ့သည္။

Credit Eleven

UNICODE

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဗဟိုချက် ဖြစ်သော ဝူဟန်မြို့ ၌ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁,၂၉၀ ဦး ထပ်တိုးလာပြီး ၅၀ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း၊ ကူးစက်မှု အဆိုးဆုံးအချိန်တွင် အလွန်အကျွံ လူနာလက်ခံထားရသော ကျန်းမာရေးစင်တာများ၌ လူနာလက်ခံနိုင်စွမ်း မလုံလောက်မှုကြောင့် ကူးစက်ခံရသူ တွက်ချက်မှု လျော့နည်းခဲ့ခြင်း ဖြစ်ကြောင်း တရုတ်အစိုးရ မီဒီယာ Xinhua က ဧပြီ ၁၇ တွင် ‌ဖော်ပြခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဝူဟန်တွင် သေဆုံးမှုသည် ၃,၈၆၉ ဦးရှိခဲ့ပြီး တရုတ်၌ သေဆုံးသူအများဆုံးနေရာ ဖြစ်သည်။လူဦးရေ ၁၁ သန်းရှိသော ဝူဟန်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၀,၃၃၃ ဦး ဖြစ်ကြောင်းလည်း အာဏာပိုင်များက ပြင်ဆင်ခဲ့သည်။၃၂၅ ဦးတိုးလာခဲ့သော ဝူဟန်တွင် ကူးစက်ခံရမှုသည် တရုတ်တွင် စုစုပေါင်း ကူးစက်ခံရသူ ၈၂,၃၆၇ ဦး၏ သုံးပုံနှစ်ပုံခန့်ရှိသည်။ယင်းစာရင်းအပြောင်းအလဲက တရုတ်တစ်နိုင်ငံလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေသည် ၃၉ ရာခိုင်နှုန်းတိုးလာကာ ၄,၆၃၂ ဦးအထိ ရှိလာခဲ့ကြောင်း တရားဝင်ထုတ်ပြန်သော စာရင်းအင်းများကို ကိုးကားပြီး အေအက်ဖ်ပီက ဖော်ပြခဲ့သည်။

ဝူဟန်၏ ကူးစက်ရောဂါကာကွယ်၊ထိန်းချုပ်ရေး အချက်အလက်စနစ်၊ မြို့၏ဈာပနဝန်ဆောင်စနစ်၊ မြူနီစီပယ်ဆေးရုံအာဏာပိုင်အဖွဲ့၏သတင်းအချက်အလက်စနစ်၊ ထပ်ကျော့ရေတွက်မှုများအား ဖယ်ရှားသည့် နယူကလိယက်အက်ဆစ်စစ်ဆေးမှုစနစ်တို့မှ ရရှိသော အချက်အလက်များကို နှိုင်းယှဉ်စစ်ဆေးပြီးနောက် ပြင်ဆင်ထားသော အချက်အလက်များကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Xinhua က ဖော်ပြခဲ့သည်။ဝူဟန်တွင် ဇန်နဝါရီကတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့်သေဆုံးမှုများ ဖြစ်နေခဲ့ပြီး သတင်းထုတ်ပြန်ခဲ့ခြင်း မရှိသောကြောင့် တရုတ်၏သတင်းအချက်အလက် ထုတ်ပြန်မှု တိကျခြင်းကို မယုံသင်္ကာ ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။သတင်းအချက်အလက် မရေရာမှုက တရုတ်တာဝန်ရှိသူများသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု၏ သက်ရောက်မှုကို လျှော့ချရန် ကြိုးပမ်းနေခဲ့ပြီး ဗိုင်းရပ်စ်ဘေးကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်မည့် အခွင့်အရေးကို ဖြုန်းတီးခဲ့ကြောင်း စွပ်စွဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။

Credit Eleven